Home » » မြန်မာကျောင်းသားပါသည့် ကားတိမ်းမှောက်

မြန်မာကျောင်းသားပါသည့် ကားတိမ်းမှောက်

Written By Unknown on Monday, November 11, 2013 | 10:50 AM

ချင်းမိုင်၊ နိုဝင်ဘာ၁၁။

ထိုင်းနိင်ငံ တောင်ပိုင်း ဖူးကတ်မြို့အနီးရှိ အပန်းဖြေ ကျွန်းကို ခရီးထွက်သည့် မြန်မာကျောင်းသားများ
လိုက်ပါလာသော ကားတစ်စီး တိမ်း မှောက်မှုကြောင့် ကျောင်းသူ ၅ယောက်အပါအ၀င် ၃၄ယောက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု ထိုင်းအခြေစိုက် သတင်းထောက်က သတင်းပေးပို့ထားသည်။

မြန်မာကျောင်းသူကျောင်းသားတွေအပါအ၀င် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိ Asian Institute Of Technology ကျောင်းတွင် ပညာသင် ကြားနေကြသူများ လိုက်ပါလာသည့် ကားတစ်စီး ထိုင်းနိုင်ငံ ဖူးကတ်မြို့အနီးက အပန်းဖြေကျွန်းကို ခရီးထွက်စဉ် နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၂ နာရီ အချိန်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာကျောင်းသားများအပါအ၀င် နိင်ငံတကာက ဘန်ကောက်တွင် ပညာလာရောက်သင်ကြားနေသည့်
ကျောင်းသား၂၀၀ ခန့်သည် ကား တစ်စီးကိုလူ ၅၀ခန့် စုစုပေါင်း ကားလေးစီနှင့် အပန်းဖြေခရီးထွက်လာစဉ် ပထုန်တောင်အတက်တွင် နောက်ဆုံးက လိုက်ပါလာသည့် ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူ မြန်မာ ၁၀ဦးတွင် ကျောင်းသူ လေးဦး ကျောင်းသားတစ်ဦးစုစုပေါင်း ၅ဦးကဒဏ်ရာပြင်းထန်ပြီး ဖူကတ်မြို့ဆေးရုံနှင့် Patong မြို့က ဆေးရုံတွေင် ဆေးကုသမှု ခံယူနေကြောင်း ကျောင်းသားတစ်ဦးက အတည်ပြု ပြောဆိုသည်။

“အခုတော့ အကုန်သတိပြန်ရနေတယ် အားလုံး အခြေအနေ ကောင်းလာပြီ”ဟု ဒဏ်ရာပြင်းထန်းသူများနှင့် ပတ်သက်ပြီး ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဖူးကတ် အာဏာပိုင်များက ယာဉ်မောင်းကို စစ်ဆေးမှုတွေ ပြုလုပ် နေသည်ဟု စုံစမ်းသိရှိရသည်။

စိုင်းထွန်း

People power