Home » » သူရိယနေ၀န်းဖောင်ဒေးရှင်း ကလေးဆေးရုံ ဆေးဝါးအဓိကလှူဒါန်းမည်

သူရိယနေ၀န်းဖောင်ဒေးရှင်း ကလေးဆေးရုံ ဆေးဝါးအဓိကလှူဒါန်းမည်

Written By Unknown on Thursday, November 21, 2013 | 7:45 PM

ရန်ကုန်၊ နိုဝင်ဘာ-၂၀

သူရိယနေ၀န်း ဂျာနယ်က မတည်ငွေ ထည့်ဝင်ပြီး ဖြစ်ပေါ်လာ
သော သူရိယနေ၀န်းဖောင်ဒေးရှင်းသို့ လှူဒါန်းမှုကို သန့်ရှင်းသော စီးပွားရေး
လုပ်ငန်းရှင်များနှင့် လုပ်ကိုင်နေသော အလှူရှင်များ လှူဒါန်းမှုသာ ဖိတ်ခေါ်
သွားမည်ဖြစ်ပြီး ဖောင်ဒေးရှင်းက ကလေးဆေးရုံရှိ ကလေးသူငယ် ဆေးဝါး
ကို အဓိကလှူဒါန်း သွားမည်ဖြစ်ကြောင်း သူရိယနေ၀န်းဂျာနယ် အမှုဆောင်
အရာရှိချုပ် ဦးမိုးဟိန်းက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်
ကွက် ကျောင်းလမ်း ရွှေဝါရောင်ပညာ ဒါနကျောင်း ရွှေတောင်ကျောင်းတိုက်
တွင် နို ၀င်ဘာ ၂၀ ရက်ကပြုလုပ်သော သူရိယနေ၀န်း ဖောင်ဒေးရှင်း
ထူထောင်ရန် ကြေညာခြင်းနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့များအား
အလှူ ငွေပေးအပ်ပွဲ အခမ်းအနား၌ ၎င်းကယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

" ဒီဖောင်ဒေးရှင်း မတည်ငွေကျပ်သိန်း ၁၀၀ ဆိုတာလည်း ကျွန်တော်
တို့ လက်ရှိအနေအထားအရ ဂျာနယ်ရဲ့ သန့်စင်တဲ့လူထုရဲ့ ပိုက်ဆံဖြစ်တဲ့
အတွက်ကြောင့် ဒါဟာများတဲ့ပိုက်ဆံ မဟုတ်ပါဘူး။ နောက်နောင်ထပ်မံပြီး
တော့ ဂျာနယ်ကနေပြီး ဖောင်ဒေးရှင်းကို အဆင်ပြေရင် ပြေသလိုထည့်ဝင်
ဖြည့်တင်းသွားမှာပါ။ ပြင်ပမှာရှိနေတဲ့သန့်ရှင်းတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့
အလှူရှင်များကသာ သူရိယနေ၀န်း ဖောင်ဒေးရှင်းကို ပါဝင်လှူဒါန်းမယ်
ဆိုရင် ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ကလေးတွေ သွေးလွန်တုပ်ကွေးရောဂါက ကပ်ရောဂါလိုဖြစ်
နေတယ်။ ဒါကြောင့် ကလေးသူငယ် တွေရဲ့ ကလေးဆေးရုံကို ဆေးဝါးတွေ
အဓိက နံပါတ်တစ်လှူဒါန်းသွားမှာပါ "ဟု ဦးမိုးဟိန်းက ပြောဆိုသည်။

သူရိယနေ၀န်းဖောင်ဒေးရှင်းက ကလေးဆေးရုံဆေးဝါးအပြင် သံဃာ့
ဆေးရုံဆေးဝါး၊ ချို့တဲ့သည့် နိုင်ငံရေး အကျဉ်းသားများ၏ ကလေးများ ပညာ
ရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကို သတ်မှတ်ထားသည့် စနစ်တကျနှုန်း
ထားအတိုင်း လှူဒါန်းသွားမည်ဖြစ် ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအင်အား
စုကို ထောက်ပံ့မည်ဖြစ်ကြောင်း၊ နွေရာသီ ရေရှားသော အရပ် ဒေသတွင်
သောက်သုံးရေရရှိရေး၊ ဘိုးဘွားရိပ်သာများကို လှူဒါန်းကူညီသွားမည်
ဖြစ်ကြောင်း ၎င်းကဆိုသည်။

" သူရိယနေ၀န်း ဖောင်ဒေးရှင်း ဟာ သူရိယနေ၀န်းဂျာနယ်နှင့် ပတ်
သက်ခြင်းမရှိပါဘူး။ ကျွန်တော့်အနေနဲ့ရော မိသားစုအနေနဲ့ပါ ပါဝင်ပတ်
သက်မှာ မဟုတ်ပါဘူး။ သူရိယနေ၀န်းနာမည်ကို နာမည်အားဖြင့် သမိုင်း
မှတ်တိုင်တစ်ခုအနေနဲ့ လွှဲပြောင်းပေးတဲ့သဘောပါ။ ဖောင်ဒေးရှင်းကို ရှစ်
လေးလုံးအရေးတော်ပုံကြီးရဲ့ အစိတ်အပိုင်းတွေ၊ ၀ိညာဉ်တွေ၊ တိုက်ပွဲဝင်
ရဲဘော်ရဲဘက်တွေရဲ့ လက်ထဲကိုလွှဲပြောင်းပေးလိုက်မှာဖြစ်တယ်လို့ အတိ
အလင်း ပြောပါတယ် " ဟု ၎င်းက ဆက်လက်၍ ပြောဆိုသည်။

သူရိယနေ၀န်းဂျာနယ်က အလှူငွေပေးအပ်ပွဲတွင် နိုင်ငံရေးအကျဉ်း
သားဟောင်းများ အဖွဲ့ချုပ်သို့ ကျပ်သုံးသိန်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း
များအဖွဲ့သို့ ကျပ်သုံးသိန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့
ချုပ်သို့ ကျပ်သုံးသိန်း၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) သို့
ကျပ်သုံးသိန်း၊ ကျောင်းသားသမဂ္ဂများ ပြန်လည်ဖွဲ့စည်းရေးကော်မတီသို့
ကျပ်သုံးသိန်း၊ မြောက် ဥက္ကလာပ "ဌ"ရပ်ကွက်လုံးဆိုင်ရာ လူမှုကူညီရေး
အသင်းသို့ ကျပ်နှစ်သိန်း၊ ရွှေဝါရောင်ပညာဒါနသို့ ကျပ်နှစ်သိန်းနှင့် လစဉ်
အလှူငွေကျပ်တစ်သိန်း၊ ABSDF ရဲဘော်ဟောင်းများ ကူညီစောင့်ရှောက်
ရေးကော်မတီသို့ ကျပ်တစ်သိန်း စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း ၁၂၀ ကို
သူရိယနေ၀န်းဂျာနယ်က လှူဒါန်းခဲ့သည်။

ထိုက်သူဇော် - စံတော်ချိန် နေ့စဉ်သတင်းစာ