Home » » မန္တလေးတွင် လူနေတိုက်ခန်းနှင့် ဂိုဒေါင် တစ်ခုအတွင်းမှ လက်နက်များတွေ့

မန္တလေးတွင် လူနေတိုက်ခန်းနှင့် ဂိုဒေါင် တစ်ခုအတွင်းမှ လက်နက်များတွေ့

Written By Unknown on Thursday, November 21, 2013 | 7:38 PM

မန္တလေး၊ နိုဝင်ဘာ၂၀

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ လူနေအိမ် တိုက်ခန်း တစ်ခန်းနှင့် ဂိုဒေါင်တို့ကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သတင်းအရ သွားရောက် ရှာဖွေရာ ချွန်ထက်သော လက်နက်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ နေအိမ်တိုက်ခန်း အတွင်းမှ ဂျင်ကလိ လက်နက်များ ထည့်ထားသော ပီနံအိတ်တစ်လုံး၊ ဂိုဒေါင်အတွင်းမှ နှစ်ခွချွန် ခက်ရင်းခွ ၁၂ စုံ၊ လှံတစ်ချောင်း၊ ဓားဦးချွန်မျိုးစုံ၊ ဓာတ်ဆီ စိမ်ထားသည့် ပုလင်းကွဲများ၊ သံတိုသံစ ရောထောင်းရာတွင် အသုံးပြုသည့် ငရုတ်ဆုံ၊ ယမ်းကြိုးခွေများ၊ မိုင်းအဆင့် ပြုလုပ်ထားသော ပိုက်လုံး ခုနစ်လုံးတို့ တွေ့ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မိတ္ထီလာ ကိစ္စတုန်းက အရေးအကြောင်း ဆိုရင် ပြန်ခုခံဖို့အတွက် ဗလီမှာ ထားထားတဲ့ ပစ္စည်းတွေပါ။ နောက်ကျတော့ ဗလီနဲ့ မသက်ဆိုင်ဘူး ဆိုလို့ အိမ်တွေမှာ ပြန်သယ်သွားတဲ့ ပစ္စည်းတွေပါ။ အဲဒါကို လက်လုပ်မိုင်း တွေ့တယ် ဆိုပြီး ကောလာဟလ သတင်းထွက်နေတာပါ။ သိုလှောင်ထားတဲ့ သူတွေကိုလည်း သက်ဆိုင်ရာ နယ်မြေရဲစခန်းက အရေးယူမှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ချွန်ထက်သော လက်နက်များ သိုလှောင်ထားရှိသူ နှစ်ဦးကို ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက လက်နက် ၁၉ (က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ယင်း အမှတ် (၈) ရဲစခန်း တာဝန်ရှိသူ ထံမှ ထပ်မံ သိရသည်။

The Voice Weekly