Home » » သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်က တပ်မတော်သားများအမိန့်မစောင့်ဘဲ ကူညီရမည်ဟု ကာချုပ်ပြောကြား

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်က တပ်မတော်သားများအမိန့်မစောင့်ဘဲ ကူညီရမည်ဟု ကာချုပ်ပြောကြား

Written By Unknown on Thursday, November 14, 2013 | 4:30 PM

တပ်မတော်သားများအနေဖြင့် နိုင်ငံတော်၏ သယံဇာတ၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကို ကာကွယ်မည်ဆိုသည့် အတွေးအခေါ်၊ အမြင်ရှိရန် လိုအပ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် အမိန့်ကိုမစောင့်ဘဲ သွားရောက်ကူညီရမည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ နိုဝင်ဘာ ၁၂ ရက်တွင် တောင်ငူတပ်နယ်၊ ရေတာရှည်တပ်နယ်နှင့် အုတ်တွင်းတပ်နယ်ရှိအရာရှိနှင့် စစ်သည်မိသားစုများနှင့်တွေ့ဆုံပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ သယံဇာတ၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကို ကာကွယ်မည်ဆိုသည့် အတွေးအခေါ်၊ အမြင်ရှိရန် လိုအပ်ကြောင်း၊ တပ်မတော်၏ လုပ်ငန်းကြီးသုံးခုတွင် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးရန် တာဝန်ရှိပြီး နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အလျင်အမြန်ဆုံး သွားရောက်ကူညီရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်က နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့ပြီး အစိုးရစာရင်းများအရ လူ သုံးသောင်းလေးထောင်ကျော် သေဆုံး၍ နှစ်သောင်းခုနစ်ထောင်ကျော် ပျောက်ဆုံးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုအချိန်က မုန်တိုင်းသင့်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထိုစဉ်က တပ်မတော်အစိုးရအပေါ် ဝေဖန်မှုများစွာရှိခဲ့သည်။

7DAY DAILY