Home » » တိုကျိုတွင် ပထမဆုံး မြန်မာ့ယဉ်ကျေးမှုပွဲတော် ကျင်းပ

တိုကျိုတွင် ပထမဆုံး မြန်မာ့ယဉ်ကျေးမှုပွဲတော် ကျင်းပ

Written By Unknown on Saturday, November 16, 2013 | 3:56 PM

၂၀၁၄ ခုနှစ်တွင် ဂျပန်- မြန်မာဆက်ဆံရေးမှာ နှစ် ၆၀ ပြည့်တော့မည်ဖြစ်သော် လည်း ဂျပန်အများအပြားအတွက် မြန်မာ့ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံ များမှာ အထူးအဆန်းဖြစ်နေဆဲ ဖြစ်သည်။ သို့သော်လည်း ယခု တနင်္ဂနွေ တွင် တိုကျိုမြို့ မီနာတို ရပ်ကွက်၌ပြုလုပ်သော အထူးပွဲ တော်တစ်ခုတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို တွေ့ကြုံရန် အခွင့်အရေးရမည် ဖြစ်သည်။

ယခုကဲ့သို့ပုံစံမျိုး ပထမဆုံး ဖြစ်သည့် မြန်မာပွဲတော်ကာလအ တွင်း လာရောက်လည်ပတ်ကြည့်ရှု သူများသည် လုံချည်တစ်ထည်ကို မည်သို့ဝတ်ဆင်သည်နှင့်ပတ်သက် ၍ ဆွေးနွေးပွဲများတွင် ပါဝင်နိုင် မည်ဖြစ်သည်။ အမျိုးသမီးများအ နေဖြင့် သနပ်ခါး ကို စမ်းသပ်လိမ်း ကြည့်နိုင်မည်ဖြစ်သည်။ နေလောင် ဒဏ်မှ အရေပြားကိုကာကွယ်ရန် လွန်ခဲ့သည့် နှစ် ၂ဝဝဝခန့်ကတည်း က သနပ်ခါးကို လိမ်းကျံခဲ့ကြသည်။ ယနေ့ခေတ်ထိတိုင် မွမ်းမံခြယ်သ သည့်အနေဖြင့် သနပ်ခါးကို မျက် နှာနှင့် ကိုယ်ပေါ် တွင် လိမ်းကျံလျက် ရှိသေးသည်။

ပွဲတော်၌ အခြားစိတ်ဝင် စားဖွယ်အကောင်းဆုံးအရာများ တွင် အကနှင့်ပေါင်းစည်းထား သည့် မြန်မာ့ရိုးရာအားကစား ခြင်း လုံးပြိုင်ပွဲများ ပါဝင်သည်။ လာ ရောက်ကြည့်ရှုသူများကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ် သည်။ မြန်မာ လူမျိုးစု အသီးသီး ၏ ကိုယ်စားလှယ်များက ပြင်ဆင် တည်ခင်းဧည့်ခံသော အစားအ စာနှင့်ဟင်းလျာများကို စိတ်ဝင် စားသူများအနေဖြင့် ခင်းကျင်း ထားသည့်ဆိုင်ခန်းငယ်များတွင် စားသောက်နိုင်မည်ဖြစ်သည်။ဟင်း လျာများအပြင် ဒေသဆိုင် ရာ အထူး စားသောက်ကုန်များ လည်း ပါဝင်သည်။ မြန်မာနိုင်ငံ တွင် လူကြိုက်များသောလက်ဖက် ရည်နှင့် မြန်မာဘီယာကိုလည်း သောက်သုံးနိုင်မည်ဖြစ်သည်။ အခြားဖျော်ဖြေမှုတွင် မြန်မာ့လက် မှုပစ္စည်းများ၊ အဝတ်အထည်နှင့် သောင်း ပြောင်း ထွေလာ များအ ပြင် ဂီတနှင့်ရိုးရာအကဖျော်ဖြေ မှုများကိုလည်း ရုံငယ်များတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။

နှစ်နိုင်ငံကြား ယဉ်ကျေးမှု ဖလှယ်ရေးနှင့်ပတ်သက်သော ဓာတ်ပုံပေါင်း ၄၈ဝခန့်ကို အထူး ပြပွဲတစ်ခုတွင်ပြသမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ယဉ်ကျေးမှု၊ နှစ် နိုင်ငံဆက်ဆံရေး(သို့မဟုတ်) မြန် မာနှင့်ပတ်သက်သည့် ဂျပန်အဖွဲ့ အစည်းများ ၏လှုပ်ရှား မှုအကြောင်း ပိုမိုသိရှိလိုသူများအနေဖြင့် အဆို ပါနေ့တွင်ကျင်းပသည့် စာတမ်း ဖတ်ပွဲတစ်ခုသို့ တက်ရောက်နိုင် ကြောင်း သိရသည်။


Ref: Japan Times
The Yangon Times