Home » » ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ၄ ​ပွင့်​ဆိုင် ​ဆွေး​နွေး​ရန် ​အန်​အယ်လ်​ဒီ ​ကမ်း​လှမ်း

ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး ၄ ​ပွင့်​ဆိုင် ​ဆွေး​နွေး​ရန် ​အန်​အယ်လ်​ဒီ ​ကမ်း​လှမ်း

Written By Unknown on Monday, November 25, 2013 | 6:05 PM

အ​ခြေ​ခံ ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး ​ကိ​စ္စ​ရပ်​တွေ​ကို  ​ဆွေး​နွေး​ဖို့ ​အ​တွက် ​အုပ်​ချုပ်​ရေး ​မ​ဏ္ဍိုင် ​အ​ကြီး​အ​ကဲ ​ဖြစ်​တဲ့ ​နိုင်​ငံ​တော်​သ​မ္မ​တ၊ ​လွှတ်​တော်​နဲ့ ​တပ်​မ​တော် ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​တို့​နဲ့​  ​တွေ့​ဆုံ​ဖို့​အ​တွက် ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​မေ​တ္တာ​ရပ်​ခံ ​ကမ်း​လှမ်း​တဲ့​စာ​တွေ​ကို  ​ဒီ​က​နေ့​  ​နိုဝင်​ဘာ ၂၅ ​ရက်​နေ့​က ​ပေး​ပို့ ​လိုက်​ပါ​တယ်။

နိုဝင်​ဘာ ၂၅ ​ရက်​နေ့​မှာ ​မ​နက်​က ​သ​မ္မ​တ ​ဦး​သိန်း​စိန်၊ ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ် ​ဗိုလ်​ချုပ်​မှူး​ကြီး ​မင်း​အောင်​လှိုင်​နဲ့ ​ပြည်​သူ့ ​လွှတ်​တော်​တွေ​ကို ​လိပ်​မှု​ပေး​ပို့​လိုက်​တာ ​ဖြစ်​တယ်​လို့ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ ​ပြော​ခွင့်​ရ ​ဦး​ဥာဏ်ဝင်း​က ​ပြော​ပါ​တယ်။

နိုင်​ငံ​ရေး ​နည်း​အ​ရ ​ဆွေး​နွေး​အ​ဖြေ​ရှာ​သွား​ဖို့​အ​တွက် ​ရည်​ရွယ်​ပြီး ​စာ​ပေး​ပို့​ရ​တာ ​ဖြစ်​တယ်​လို့ ​သူ​က ​ရှင်း​ပြ​ပါ​တယ်။

“​အ​ဓိ​က ​ရည်​ရွယ်​ချက်​က​လေ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​ကွင်း​ဆင်း ​လိုက်​တော့ ​ပြည်​သူ​အ​များ​က​လည်း ​ပြင်​ဆင်​လို​တဲ့ ​ဆ​န္ဒ​ရှိ​တယ်. ​တစ်။ ​နံ​ပါတ် ​နှစ်​က ​ဒီ​ဟာ ​မ​ပြင်​လို့​ရှိ​ရင် ​ငြိမ်း​ချမ်း​ရေး ​အ​တွက်​လည်း ​အ​ဆင်​မ​ပြေ​နိုင်​ဘူး​။ ​စစ်​မှန်​တဲ့ ​ငြိမ်း​ချမ်း​ရေး ​ရ​ဖို့ ​ဒါ​ပြင်​ဖို့​လို​တယ်၊ ​အဲ​ဒီ​လို ​အ​ချက်​အ​လက်​တွေ​ကို ​နိုင်​ငံ​ရေး​နည်း​နဲ့ ​ဆွေး​နွေး​ညိ​နှိုင်း​ချင်​တဲ့ ​သ​ဘော​နဲ့ ​စာ​တင်​တာ​ပါ။”

ဒီ​ကမ်း​လှမ်း​စာ​ကို ​သ​မ္မ​တ​ရုံး​က ​နိုဝင်​ဘာ ၂၄ ​ရက်​နေ့ ​အ​ထိ  ​လက်​ခံ​ရ​ရှိ​ခြင်း ​မ​ရှိ​သေး​တဲ့ ​အ​တွက် ​သ​မ္မ​တ​ကြီး​ရဲ့ ​သ​ဘော​ထား​ကို  ​ပြော​ဆို​နိုင်​ခြင်း ​မ​ရှိ​သေး​ဘူး​လို့ ​သ​မ္မ​တ​ရဲ့​  ​ပြော​ခွင့်​ရ​သူ  ​ဦး​ရဲ​ထွဋ်​က ​ပြော​ပါ​တယ်။

“​ယေ​ဘူ​ယျ​အား​ဖြင့် ​အ​မြဲ​တမ်း​တော့ ​ပြော​ခဲ့​တာ​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​ဆို​တာ
ဒီ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​မှာ ​ပြ​ဌာန်း​ထား​တဲ့ ​အ​တိုင်း ​ပြည်​ထောင်​စု ​လွှတ်​တော်​က ​စ​ရ​မယ်​ဆို​တာ ​အ​မြဲ​တမ်း ​ပြော​ခဲ့​တာ​ပေါ့​။”

သ​မ္မ​တ​ရဲ့​  ​ပြော​ခွင့်​ရ​သူ  ​ဦး​ရဲ​ထွဋ်​က ​ပြော​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ဟာ   ​အောက်​တို​ဘာ ၂၃ ​ရက်​နေ့​က  ​ပါ​တီ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင် ​အ​ဖွဲ့​တွေ ​တွေ့​ဆုံ ​ဆွေး​နွေး​ကြ​ပြီး​  ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး ​အ​ဆင်​ပြေ ​ချော​မွေ့​စွာ ​ဖြစ်​မြောက်​စေ​ရေး ​ရည်​ရွယ်​ကာ   ​သ​မ္မ​တ ​ဦး​သိန်း​စိန်၊ ​တပ်​မ​တော်၊ ​လွှတ်​တော်​တို့​နဲ့​  ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​  ​စာ​ရေး​ကမ်း​လှမ်း​ဖို့​  ​ဆုံး​ဖြတ်​ခဲ့​တာ​ဖြစ်​ပါ​တယ်။

အန်​အယ်လ်​ဒီ​ပါ​တီ​ဟာ  ​ပြီး​ခဲ့​တဲ့​လ​က​တည်း​က   ​ဖွဲ့​စည်း​ပုံ ​ပြင်​ဆင်​ရေး​၊ ​အ​သစ် ​ပြန်​လည် ​ရေး​ဆွဲ​ရေး​နဲ့ ​ပတ်​သက်​ပြီး​တော့​  ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​တွေ​ကို  ​နိုင်​ငံ​တ၀ှမ်း ​လှည့်​လည် ​ပြု​လုပ်​နေ​တာ ​ဖြစ်​ပါ​တယ်။ ​ဒီ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​က ​ရ​လာဒ်​တွေ​အ​ရ ​အ​များ​စု​က ​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​ဆင်​ရေး​ကို ​ထောက်​ခံ​ခဲ့​ကြ​တာ ​ဖြစ်​ပြီး​  ​အန်​အယ်လ်​ဒီ​က ​ဒီ​ကိ​စ္စ ​လေး​ပွင့်​ဆိုင်​ဆွေး​နွေး​ကြ​ဖို့​  ​အ​ခု​လို ​ကမ်း​လှမ်း​မှု​တွေ​လုပ်​ဆောင်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ