Home » » စစ်တွေ၌ဖမ်းမိသော ဖောက်ခွဲရေးကြံရာ ပါဟုယူဆရသူ ရန်ကုန်သို့ခေါ်ဆောင်

စစ်တွေ၌ဖမ်းမိသော ဖောက်ခွဲရေးကြံရာ ပါဟုယူဆရသူ ရန်ကုန်သို့ခေါ်ဆောင်

Written By Unknown on Thursday, November 21, 2013 | 2:01 PM

ရန်ကုန်၊ နိုဝင်ဘာ ၂ဝ

လှိုင်သာယာမြို့နယ်၌ဖမ်းမိသော ဗုံး ဖောက်ခွဲရန် ကြံစည်သူနှစ်ဦးနှင့် ပတ်သက် သည်ဟုယူဆရသူတစ်ဦးကို စစ်တွေတွင် ဖမ်းဆီးနိုင်ခဲ့ပြီး ရန်ကုန်သို့ခေါ်ဆောင်လာခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယနေ့သိရသည်။

လှိုင်သာယာမြို့နယ်တွင် ယခုလ ၁၃ ရက်က ဖမ်းဆီးရမိခဲ့သော ဗုံးဖောက်ခွဲရန် ကြံစည်သူနှစ်ဦးနှင့်ပတ်သက်သူ ဘိုဘိုထွန်း (ခ) ဘိုဘိုကို ယခုလ ၁၅ ရက်က စစ်တွေ မြို့ တရားသိစုရပ်ကွက်တွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့သည်။ ၄င်းကို ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့မှ စစ်တွေ-ရန်ကုန် လေယာဉ်ဖြင့်ပို့ဆောင်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှလာရောက် ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။
ရခိုင်တွင်ဖမ်းဆီးရမိသူ ဘိုဘိုထွန်းမှာ ရန်ကုန်၌ဖမ်းမိခဲ့သူ ခိုင်နေမင်း(ခ)တင်မောင် ၏ ခိုင်းစေချက်ဖြင့် ရန်ကုန်မြို့တွင်းဖောက်ခွဲ မှုများပြုလုပ်ရန် ပူးပေါင်းပါဝင်ခဲ့သူဖြစ်ကြောင်း၊ စစ်တွေတွင် ပါဝင်ဆက်နွှယ်သူ နှစ်ဦးရှိ သည့်အနက် တစ်ဦးကိုသာမိထားသေးကြောင်း သိရသည်။

စစ်တွေ၌ ဖမ်းမိသူဘိုဘိုထွန်းမှာ ခိုင်နေ မင်းအတွက် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေ ဝယ်ယူပေးခဲ့သူဖြစ်ကြောင်းသိရသည်။

ရွှေအာကာ၊ ညွန့်ဝင်း - The Union Daily