Home » » ကြက်သွန်နီဈေး အနိမ့်ဆုံးကျဆင်း

ကြက်သွန်နီဈေး အနိမ့်ဆုံးကျဆင်း

Written By Unknown on Thursday, November 21, 2013 | 1:51 PM

သုံးနှစ်အတွင်း စံချိန်တင် ဈေးမြင့် ခဲ့သော ကြက်သွန်နီ ဈေးအတက် တစ် လသာခံပြီး လက်ရှိတွင် အနိမ့်ဆုံးဈေး သို့ ရောက်သွားခဲ့ကြောင်း မြင်းမူ၊ မြစ် သားနှင့် ဆိပ်ဖြူ ကြက်သွန်ကုန်သည် တို့ထံမှ သိရသည်။

ကြက်သွန်ကုန်သည်တို့ကပင် စီး ပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြ ကာ ဈေးချပေးရန် တောင်းဆိုခဲ့ဖူးသည်အထိ ဈေးမြင့်ခဲ့ပြီး နှစ်ပတ်အတွင်း ဈေးကျ လာခြင်း လည်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

”အခု နယ်မှာဆို တစ်ပိဿာ ကျပ် ၁ဝဝဝ ကျော်ကနေ တစ်ပိဿာ ကျပ် ၅ဝဝ အထိကို ဆိုးဆိုးရွားရွား ကျသွား တယ်” ဟု ကြက်သွန်ကုန်သည်တစ်ဦး က ဆိုသည်။

ယခုကဲ့သို့ ဈေးနှုန်း နိမ့်ဆင်းသွား မှုကို စီးပွား/ကူးသန်းက ၄င်းတို့ ပြု လုပ် ခြင်း မဟုတ်ဘဲ ဈေးကွက်၏ လိုအပ် ချက် အတိုင်းသာ ဖြစ်သည် ဟု ဖြေရှင်း သည်။

တောင်တွင်းကြီးမှ ကြက်သွန် ကုန်သည် ဦးပြူးက ”ဈေးတက်တယ် ဆိုပြီး အတင်းထိုးရောင်းတော့ ဈေး ကွက်မှာ စုပြုံသွားတယ်။ နောက်ပြီး လှောင် ထားတဲ့ ကြက်သွန် အချို့လည်း အညှောင့်ပေါက် ပေါက်လာတာရှိတော့ အရောင်းကျရင် ဈေးကျသွားတာပါ” ဟု သူ့အမြင်ကို ပြောသည်။

အထွက်နှုန်းများသည့်အတွက် ဈေးက ထိုသို့ ကျလာခြင်းဖြစ်ပြီး ထိုဈေး ကွက်အခြေအနေမျိုး နှစ်နှစ်ခြားတစ်ခါ ကြုံရလေ့ရှိတတ်သည်ဟု ၄င်းက ဆက် ပြောသည်။

ယခုကဲ့သို့ ဈေးကျသွားသည့် အတွက် ကြက်သွန်ကုန်သည် အချို့က တွက်ခြေမကိုက်ကြဟုဆိုကာ အ ရောင်းအဝယ်တို့ကိုပင် ရပ်တန့်မှု အချို့ ပြုလုပ်လာကြသည်ဟု သိရသည်။

ယခင် နှစ်တစ်နှစ်လုံး တန်ချိန် ၁၅ဝဝဝ ကျော်သာ ပြည်ပထွက်ခဲ့သော ကြက်သွန်မှာ ယခု ဘဏ္ဍာနှစ်ဝက်ထဲ တွင် တန်ချိန် ၃၅ဝဝဝကျော်သည် အထိ ပမာဏ မြင့်ခဲ့သည်။ ထိုသို့ တင် ပို့ချိန်တွင်လည်း ပြည်ပကပေး သည့် ဈေးထက် ပြည်တွင်းဈေးက မြင့်နေခဲ့ သည်ဟု သိရသည်။

Popular Myanmar News Journal