Home » » ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ယက် (ရှမ်းပြည်နယ်)ကို ဖွဲ့ စည်းခြင်း

ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ယက် (ရှမ်းပြည်နယ်)ကို ဖွဲ့ စည်းခြင်း

Written By Unknown on Saturday, November 9, 2013 | 5:39 AM

တောင်ကြီး၊ ၈-၁၁-၂၀၁၃။

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ကန်ရှေ့ ရပ်ကွက်၊ ရေထွက်ဦးလမ်း၊ classic ခန်းမ တွင် ၊ ယနေ့ နံနက်-
၉း၀၀နာရီမှ ညနေ ၄း၀၀ နာရီ အထိ ရှမ်းပြည်နယ်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ယက်
ဖွဲ့ စည်းခြင်းနှင့်ဖွဲ့ စည်းပုံတွင် ပြည်သူတို့ လိုလားသော အချက် အလက်များကို ခေါင်းစဉ်၅ ခု ဖြင့်ဆွေးနွေးခဲ့ ကြပြိး သဘောထားကြေညာချက် တစ်စောင် ကို ထုတ်ပြန်ခဲ့ ကြောင်း ကွန်ယ့က် အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ကိုနေမျိုးမှ ပြောပြပါတယ်။

 `` ရှမ်းပြည်တောင်ပိုင်းရှိ လူထုအခြေပြု အဖွဲ့ အစည်းများနှင့် ပါတီများ အပါအဝင် အဖွဲ့ ၄၂ ဖွဲ့ နှင့် လူအင်အား(၂၀၀) ယောက်ခန့်  တက်ရောက်ခဲ့ ပါတယ်။ဗဟို အလုပ်အမှုဆောင် အဖွဲ့ ကို လဲ ဖွဲ့ စည်းနိုင်ခဲ့ ပြီး၊ ရှမ်းပြည်တွင်းရှိမြို့ နယ်များမှာ၊ ဆက်လက်ဖွဲ့ စည်းလုပ်ဆောင်ဖို့ ရှိပါတယ်။ ဒီကွန်ယက်တွေက နေဦးဆောင်ပြီး ပြည်သူတွေ ပါဝင်စေချင်တဲ့ အချက်အလက်တွေ၊ဆန္ဒသဘောထားတွေကို ထင်ဟပ်စေပြီး၊လွှတ်တော်ထဲထိ ရောက်အောင် လုပ်ဆောင်သွားဖို့ ပါ `` ဟု ကိုနေမျိုးက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ ကွန်ယက် (ဗဟို ) မှ ကိုမျိုးရန်နောင်သိန်းမှလဲ`` ပါတီတွေနဲ့ 
လက်နက်ကိုင်အဖွဲ့ အစည်း တွေမှာ၊ ခိုင်မာတဲ့ အင်အားနဲ့ လုပ်ဆောင်နေတဲ့ Platform  ရှိပေမဲ့  ပြည်သူတွေ အတွက် မရှိတဲ့ အတွက် ပြည်သူ့ ကိုယ်စားပြု Platform တစ်ခု ပြုလုပ်ခြင်းဖြစ်ပြီး၊ပါတီ ဖြစ်စေ၊လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်စေ၊တစ်ဦးချင်း အနေဖြင့် မိမိတို့ ကိုယ်ပိုင်ဆန္ဒဖြင့် ပါဝင်နိုင်
၊သဘောထား ပေးနိုင် - ပူးပေါင်းဆောင်ရွက် နိုင်ပါတယ်`` လို့ ပြောပါတယ်။

အောင်ပန်းမြို့ နယ်၊ ဖယ်ခုံမြို့ နယ်၊ ညောင်ရွှေ မြို့ နယ်များနှင့်ကျန်မြို့ နယ် များတွင်လည်း ကွန်ယက်များဆက်လက် ပြုလုပ်ပြီး  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရန်၊ လုပ်ဆောင်သွားမည်လို့ 
ပြောပြပါတယ်။

ဈာန်လင်းလက် (မောဌာနီ)

Myanmar News Now