Home » » ပအိုးဝ်ဒေသက ဆီဆိုင်သို့ အလည်တစ်ခေါက် (သို့မဟုတ်) ရင်ထဲရောက်ဓာတ်ပုံများ – ပြည့်စုံထွန်း

ပအိုးဝ်ဒေသက ဆီဆိုင်သို့ အလည်တစ်ခေါက် (သို့မဟုတ်) ရင်ထဲရောက်ဓာတ်ပုံများ – ပြည့်စုံထွန်း

Written By Unknown on Saturday, November 30, 2013 | 2:03 PM

    ခရီးသွား အများကတော့ ခရီးပန်းလာမှုနဲ့ အတူ နံနက် စာစား၊ ကျန်းမာရေးသွားပေါ့။ အဲဒီမှာပဲ သတိထား မိလာတာ တစ်ခုရှိ ပါတယ်။ ကျန်းမာရေး အတွက် သုံးတဲ့ အိမ်သာတွေဟာ သန့်ရှင်းမှု အားနည်းတာကို တွေ့လာ ရတာပါ။ သုံးစရာ ရေမရှိတဲ့ အိမ်သာတွေလည်း တွေ့ရပါတယ်။

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ တောင် တန်းတွေက အ၀ါရောင် နေကြာပန်းရိုင်း တွေနဲ့ နတ်သမီးတွေ တိမ်ပေါ်မှာ ကသလို မြင်ရသူ အပေါင်းကို ဆွဲယူ ဖမ်းစားေ နပါတယ်။ မြူတွေ တိမ်တွေ စိမ်းနေတဲ့တောင် ၀ါနေ တဲ့တောင်ခါးပန်း …။ ပြီးခဲ့ တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ သတင်း အလုပ်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ရှမ်းပြည် ဆီဆိုင်မြို့ကို ခရီးသွားဖြစ်ခဲ့ ရာမှာ တွေ့ခဲ့ရ တဲ့မြင်ကွင်းလည်း ဖြစ်ပါတယ်။ တကယ်တမ်း ဒီခရီးစဉ်မှာ ရှမ်းပြည်ရဲ့ အလှအပ တွေကိုသာ မမြင်တွေ့ ရဘူးဆိုရင် ၂၄ နာရီနီးပါး သွားခဲ့ရတဲ့ ခရီးစဉ်က ကျွန်တော့်အတွက် ပြည့်စုံမယ်လို့ မထင်ပါဘူး။

ပထမဆုံးတော့ ခရီးစတင် ထွက်ခွာဖြစ်တာ ညနေခြောက်နာရီမှာ ဖြစ်ပြီး တောင်ကြီးမြို့ကို စတင်သွားတဲ့ ခရီးစဉ်ဖြစ် ပါတယ်။ အဲဒီကမှ တစ်ဆင့် ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက ဆီဆိုင်မြို့ကို သွားရောက် ရမှာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြေပြန့်ကို ကျော်လွန်လာပြီးတဲ့ နောက်မှာတော့ ညပိုင်းကား မီးရောင်ထဲမှာ နေကြာပန်းရိုင်းတွေကို စတင်မြင်တွေ့ လာရပါတော့တယ်။ တောင်ကြီးခရီးစဉ် တစ်လျှောက် ကားမီး ရောင်အောက် မှာသာ မြင်တွေ့နေရတဲ့ နေကြာပန်းရိုင်းတွေကို နံနက်လင်းချိန် တောင်ကြီးမြို့ အရောက်မှာ တော့ လင်းရောင်ခြည်နဲ့အတူ မြင်တွေ့ခွင့် ရခဲ့ပါတယ်။ အဲဒီဒေသခံတွေ အတွက် မထူးဆန်းပေ မယ့် အောက်ပြည်အောက်ရွာသား အဖို့တော့ ရှုမဆုံးတဲ့ မြင်ကွင်းလည်းဖြစ်ပါတယ်။ …

တောင်ကြီးမြို့ နားကိုလည်း တဖြည်းဖြည်း နီးကပ်လို့ လာခဲ့ပါပြီ။ ကားပေါ်မှာ တရေးတမော အနားယူနေတဲ့ ခရီးသွားတွေလည်း နိုးလာကြပါပြီ။ အဲဒီအချိန်တွင်းမှာတော့ ကားပေါ်မှာ ကျွန်တော်တို့မိသားစု ၀င်တွေကလွဲလို့ ခရီးသွားအားလုံးဟာ ရှမ်းဘာသာစကားနဲ့ ပြောဆိုနေကြတာကို ကြားနေရပါတော့တယ်။

ဒီလိုနဲ့ တောင်ကြီးမြို့ကို နံနက် ၇ နာရီလောက်မှာ ဆိုက်ရောက်ပါတယ်။ နေရောင် မမြင်ရသေးပါ ဘူး။ နှင်းတွေ  ဝေနေတဲ့ တောင်တန်းတွေ နောက် ခံနဲ့ မြူတွေ ဆိုင်းနေတဲ့ တောင်ကြီးမြို့ လမ်းမကြီးတွေကပဲ ကြိုဆို နှုတ်ဆက်နေပါတယ်။

တောင်ကြီးမြို့ အဝေးပြေးဝင်းက တစ်ဆင့် ဆီဆိုင်မြို့ကို သွားရောက်ဖို့အတွက် ကားပြောင်း စီးရပါဦးမယ်။ အဲဒီ လိုပြောင်းစီးဖို့ အတွက်က ဆီဆိုင်မြို့ကို သွားတဲ့ ကားများရပ်နားရာ သစ်တောဂိတ်ကို နာရီဝက်လောက် ကြိုပို့ကားနဲ့ သွားခဲ့ရပါ သေးတယ်။ သွားခဲ့တဲ့ လမ်းတစ်လျှောက် ကတော့ တောင်ပတ်လမ်းတွေက နေပါ။ တစ်ခုပါပဲ၊ ကျွန်တော်တို့ မြေပြန့်ဒေသမှာ မတွေ့ရနိုင်တဲ့ တစ်လမ်းသွား တောင်ပတ် လမ်းတွေဖြစ်ပါတယ်။ လမ်းကို တောင်ခါးပန်းမှာ နှစ်ထပ်ပတ်ပြီး ဖောက်လုပ်ထားတာပါ။

ဒီလိုနဲ့ ဆီဆိုင်မြို့ကို သွားဖို့ သစ်တောဂိတ်ကို ရောက်ခဲ့ပါတယ်။ ခရီးသွား အများကတော့ ခရီးပန်းလာမှုနဲ့ အတူ နံနက် စာစား၊ ကျန်းမာရေးသွားပေါ့။ အဲဒီမှာပဲ သတိထား မိလာတာ တစ်ခုရှိပါတယ်။ ကျန်းမာရေးအတွက် သုံးတဲ့ အိမ်သာတွေဟာ သန့်ရှင်းမှု အားနည်းတာကို တွေ့လာ ရတာပါ။ သုံးစရာ ရေမရှိတဲ့ အိမ်သာတွေလည်း တွေ့ရပါတယ်။

ဒါနဲ့ အိမ်သာ အသုံးပြုခ ကောက်ခံနေတဲ့ အမျိုးသမီးကို မေးကြည့်ပါတယ်။ ဟုတ်ပါတယ်တဲ့။ ရေက ကားတွေက တစ်ဆင့် ၀ယ်ပြီး အသုံးပြုရတာမို့ ဒီရက်ပိုင်း ကားအရောက်နည်းလို့ ရေမရှိတာပါလို့ ရှင်းပြပါတယ်။ ဒီဒေသက လူတွေရဲ့ ရေအခက်အခဲကို ကိုယ်တွေ့ သိမြင်ရတော့ ရေပေါတဲ့နေရာက လာခဲ့ သူတစ်ယောက် အဖို့ ရေတန်ဖိုးကို ပိုနားလည်လာ မိပါတယ်။

ဒီလိုနဲ့ ရှမ်းပြည်ခရီးစဉ်ဟာ ဆီဆိုင်သို့ ဆက်လက်ထွက်ခွာ ဖြစ်ပါပြီ။ ကားနာမည်က ပြည်ခိုင်ဖြိုးပါ။ ဒီကားကို တစ်ဆက်တည်း စီးခွင့်ရဖို့အတွက် ခုနစ်ရက် စာကြိုတင်လက်မှတ်မှာ ထားခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးတန်း တွေမှာသာ နေရာရခဲ့ပါတယ်။ စုံစမ်းကြည့်တော့မှ တောင်ကြီး မီးပုံးပျံ ပွဲကို လာရောက်သူတွေ သူတို့ဒေသကို ပြန်ကြတဲ့အတွက် ကားလက်မှတ် ရဖို့ခက် ကြောင်းသိခဲ့ရတယ်။ ကျွန်တော်တောင်ကြီး ကို ရောက်ရှိချိန်ဟာ မီးပုံးပျံပွဲပြီးခါစ ဖြစ်ပါတယ်။

ဒီလိုနဲ့ နံနက် ကိုးနာရီသာသာ အချိန်မှာ တောင်ကြီးမှ ဆီဆိုင်သို့ ၅၉ မိုင်ခန့်ခရီးကို စတင်ထွက်ခွာဖြစ်ပါတယ်။ ကားက ပုံမှန် ရန်ကုန်မှ အဝေးပြေးသွားကားတွေလို Express ကားတွေ မဟုတ်ပါဘူး။ ရန်ကုန်မြို့က လိုင်းကား တွေလိုပဲ အရပ်ရှည် သူတစ်ယောက် ခြေထောက်ချလို့ မရအောင် ကျဉ်းကျဉ်းကျပ်ကျပ်စီးရတဲ့ ဘတ်စ်ကားမျိုး ဖြစ်ပါတယ်။

ဆီဆိုင်ကို မရောက်ခင်မှာတော့ ဟိုပုံးမြို့နယ်ကို ဖြတ်ကျော်ရပါတယ်။ တောင်တွေကို မြင်နေရပေမယ့်လည်း စိုက်ပျိုးလို့  ဖြစ်ထွန်းနိုင်တဲ့ မြေပြန့်တွေ များများလာတာကို တွေ့နေရပါတယ်။ စပါးခင်းတွေ ပြောင်းခင်းတွေကို တွေ့ခဲ့ရပါတယ်။ နောက် အညာဒေသမှာ ပေါတဲ့ နွားတွေကိုလည်း အဲဒီဒေသမှာ စတွေ့လာရပါတယ်။

နေကြာပန်းရိုင်းတွေ၊ စပါးကွင်းဝါ၀ါတွေ၊ ပြောင်းခင်းတွေနဲ့ ပတ်ဝန်းကျင် မြင်ကွင်း တစ်ခုလုံးဟာ ၀င်းဝါပြီး ရွှေရောင် တောက်နေသလိုပါပဲ။ ကံကောင်း ထောက်မစွာနဲ့ ကားပြတင်းပေါက်ဘေး ထိုင်ခွင့်ရတဲ့ ကျွန်တော်အဖို့တော့ ပတ်ဝန်းကျင် ရှုခင်းတွေ ကြည့်ခွင့်ရခဲ့တာပါပဲ။

ဟိုပုံးမြို့နယ်အတွင်းကို ဖြတ်သန်း သွားလာခဲ့စဉ်တစ်လျှောက်မှာတော့ ထူး ထူးခြားခြား သတိထားမိတာက အောက် ပြည်က ပုံစံနဲ့မတူတဲ့ ကောက်ရိုးပုံတွေပါပဲ။ အောက်ပြည်မှာက လေးထောင့်စတုဂံပုံ ထားပေမယ့် အဲဒီဒေသတွေမှာတော့ အ၀ိုင်းပုံ (စေတီပုံနဲ့ ခပ်ဆင်ဆင်) တွေဖြစ်နေပါတယ်။

သွားရတဲ့ ခရီးက တောင်ကြီးကနေ ဆီဆိုင်ကို ၅၉ မိုင်သာ ဝေးတယ်ဆိုပေမယ့် လမ်းခရီးက ကျောက်ကြမ်း လမ်း ဖြစ်နေတဲ့ အတွက် ခုနစ်နာရီကြာအောင် ခရီးသွားခဲ့ ရပါတယ်။ ကားသမားတွေကလည်း လမ်း ရှိသမျှ ခရီးသည်အားလုံးကို သိမ်းကျုံး တင်နေတော့ ပထမတော့ အလယ်ခုံတွေ နောက် မတ်တတ်နဲ့ ကျဉ်းကျဉ်း ကျုတ်ကျုတ်နဲ့ သွားရတော့ ရန်ကုန် တောင်ကြီး ခရီးထက် အများကြီး ပိုပြီးခရီးပမ်းလှပါတယ်။

ဆီဆိုင်မြို့နယ်တွင်း အ၀င်မှာတော့ ဘန်းယဉ်ဈေးမှာ လူတွေစည်ကား နေတာကို တွေ့ရပါတယ်။ ကားပေါ်ပါ ဒေသခံ ခရီးသည်တစ်ဦး ကတော့ အခုလိုပြောပြပါတယ်။ ““အခုကဈေးနေ့လေ၊ ဒီမှာက ငါးရက်တစ်ခါ ဈေးနေ့၊ နေရာပြောင်းပြီး လုပ်ကြတယ်”” လို့ ပြောပြခဲ့တာပါ။

ထူးထူးခြားခြား တွေ့ခဲ့ရတာ တစ်ခုကတော့ ကားလမ်း ဘေးတောက်လျှောက် တွေ့မြင်ခဲ့ရတဲ့ စာသင်ကျောင်း တွေပါပဲ။ အားလုံးဟာ အုတ်တွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး ကျောင်းဝင်းကလည်း ကျယ်ဝန်းလှပါတယ်။ ကျောင်းသားတွေ ကစားဖို့အတွက် နေရာလွတ် အများကြီး ရှိနေတာက ရန်ကုန်မြို့က ကျောင်းသားတွေရဲ့ ကျောင်းကထွက်ရင် လမ်းပေါ်ရောက်တဲ့ အခြေအနေနဲ့ ကွာခြားလွန်း လှပါတယ်။

နောက်ပြီး အဲဒီကားလမ်း တစ်လျှောက်မှာပဲ သတိထားမိတာ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ လူနေအိမ်တွေဟာလည်း အုတ်တွေနဲ့ပဲ ဆောက်လုပ်တာဖြစ်ပြီး အိမ်ဝင်းခြံစည်းရိုးတွေကိုလည်း အုတ်နဲ့ပဲ ဆောက်လုပ်ထားတာပါ။ တစ်ချို့ နေရာတွေ ဆိုရင် အိမ်တောင် မဆောက်လုပ်ရသေး ဘဲ ခြံစည်းရိုး ခတ်ထားတာ တွေ့ရပါတယ်။ နောက်ပိုင်း စုံစမ်းကြည့်တော့မှ အဲဒီဒေသမှာ ထွက်တဲ့ကျောက်ကို အမှုန့်ချေပြီး ထုံး ဘိလပ်မြေတို့နဲ့ တစ်ပိုင်တစ်နိုင် ဆောက်လုပ်ကြကြောင်း သိရပါတယ်။ သစ်ရှားပါး လို့လားတော့ မသိပါ။ သို့သော် မြေသား အုတ်ထက်တော့ ခိုင်မာတောင့်တင်းတာ အသေအချာပါပဲ။

နောက်ဆုံးတော့ ဆီဆိုင်မြို့ကို ရောက်ခဲ့ပါတယ်။ ရောက်ရောက်ချင်း အနားမယူ ဖြစ်သေးဘဲ မြို့ကို လှည့်ပတ်ကြည့်ခဲ့ရာမှာတော့ ပထမဆုံး မြို့အ၀င်မှာ အစိုးရရုံးတွေ အစီအရီတွေ့ရတယ်။ နောက်ပြီးမြို့မဈေး၊ တကယ်က ငါးရက်တစ်ကြိမ်ဈေးမှသာ လူစည်ကားတာ ဖြစ်ပြီး ကျွန်တော်သွားကြည့် ချိန်မှာတော့ သာမန်ဝယ် ယူသူတောင် နည်းပါးလှပါတယ်။

မြို့ကို လှည့်လေ့လာပြီး နောက်မှာတော့ ခဏတစ်ဖြုတ် အနားယူပြီးတာနဲ့ ညနေစောင်းကို ရောက်ပါတယ်။ အောက်ပြည်က လူတစ်ယောက်အဖို့ အေးလွန်းလှတယ်လို့ ပြောမိတော့ တည်းခိုတဲ့အိမ်ရှင် က ဒီရက်ပိုင်း မိုးရွာနေလို့ သိပ်မအေးတာပါလို့ ဆိုပါတယ်။ ကံကောင်းတယ် ဆိုရပါလိမ့်မယ်။ သိပ်အေးလွန်းရင် အပြင်ကို ထွက်လေ့လာ ဖြစ်မယ်တောင် မထင်မိပါ။

ညပိုင်းရောက်တော့ မြို့တွင်းမှာရှိတဲ့ စားသောက်ဆိုင်ကို အဖော်တွေနဲ့အတူ ချီတက်ခဲ့ပါတယ်။ အဲဒီမှာ ကိုဖက်တီး (အမည်လွှဲ)ဆိုသူနဲ့ သိခဲ့ရပါတယ်။ စတွေ့တွေ့ချင်း မှာတော့ သူ့လက်ထဲမှာ ၀ါးဆစ်ဘူးတစ် ချောင်းနဲ့ပါ။ အမှန်တော့ ဆေးရှူရာမှာ သုံးတဲ့ ပြောင်းပါပဲ။ ဒါနဲ့မေးကြည့်တော့ သူက ဆေးလိပ်သောက်ဖို့ပဲ သုံးတာပါတဲ့။ ဆေးခြောက်ကတော့ သူတို့ဒေသမှာ ပေါတယ်လို့ဆိုပါတယ်။

သူပြောတာကတော့ ဆေးခြောက်ကို အဖမ်းအဆီးနည်းတယ် ဆိုပေမယ့် အကြီးအကျယ် သယ်ယူရောင်းဝယ် တာတွေကိုတော့ အဓိက ဖမ်းဆီးတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဘိန်းဆီနဲ့ ဆေးပြားတွေလည်း သူတို့ ဒေသမှာ ရှိတယ်လို့ ပြောပြပါသေးတယ်။

ညဥ့်နည်းနည်းနက်လာတော့ အေးလာပါပြီး ဒါနဲ့ပဲ တည်းခိုတဲ့ အိမ်ဆီကို ပြန်လာ ခဲ့ကြပါတယ်။

အိမ်ရှင်တွေရဲ့ သဘောကောင်းမှုကြောင့် အိမ်ရှင်မိသားစုနဲ့ အတူတူ ကျွန်တော်တို့အဖွဲ့ နောက်တစ်နေ့မှာ ဟိုပုံးမှာ ရှိတဲ့ ထမ်းစမ်းဂူနဲ့ အင်းလေးဒေသကို သွားရောက်လည်ပတ်ခဲ့ရပါတယ်။

ဟိုပုံးမြို့အသွားခရီးစဉ် ကတော့ မြင်ဖူးခဲ့ပြီမို့ သိပ်မထူးဆန်းတော့ ပေမယ့် ထူးထူးခြားခြား လမ်းမှာ တွေ့ရတာကတော့ နွားလှည်းတွေပါပဲ။ အဲဒီဒေသမှာ စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် နွားကို အသုံးပြုနေရဆဲ ပါပဲ။

အဲဒီနောက်တော့ ထမ်းစမ်း လိုဏ်ဂူတော်ကို ရောက်ရှိခဲ့ပါတယ်။ ကျောက်စက် ပန်းဆွဲတွေနဲ့ သဘာဝ ကျောက်လိုဏ်ဂူထဲမှာ ဗုဒ္ဓရုပ်ပွားတော်မြတ်တွေကို အစီအရီ ဖူးမြော်ခဲ့ရပါတယ်။ နောက်ပြီး ဗုဒ္ဓခြေ တော်ရာပါဒ စေတီတော် တစ်ခုလည်းရှိ နေပြီး လှဲလျက်မဟုတ်ဘဲ ဒေါင်လိုက်အနေ အထားနဲ့ စိုက်ထူထားတာကိုလည်း တွေ့ ရပါတယ်။ ဂူထဲမှာတော့ ရေအသွင်သွင် စီးနေတဲ့ ချောင်းတစ်ခု ရှိပါတယ်။ အလင်းရောင် အားနည်းလို့ ဂူတစ်ခုလုံးကို နှံ့နှံ့စပ် စပ်မလေ့လာခဲ့ရပါ။ ဒေသခံတစ်ဦးကတော့ ဒီလိုဏ်ဂူဟာ အရှည်ကြီး၊ လူမရောက်သေး တဲ့နေရာတွေ ရှိတယ်လို့ ဆိုပါတယ်။

ပြီးတော့ ရှမ်းပြည်နယ်ရဲ့ ကမ္ဘာကျော် အင်းလေးဒေသကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်တို့လူစု ညောင်ရွှေ ရောက်သွားတော့ ညနေလေးနာရီကျော် နေပါပြီ။ အလည်လိုက်ကြတဲ့ လူတွေများ နေတော့ စက်လှေ နှစ်စီးငှားပြီး ဖောင်တော်ဦးကို ဘုရားဖူးသွား ကျပါတယ်။ ရောက်သွားချိန်မှာတော့ ဘုရားကို တံခါးပိတ်ခါနီး နေပါပြီ။ ကျွန်တော်တို့က လွဲရင် ဘုရားရင် ပြင်ပေါ်မှာ ဈေးသည်အချို့ပဲ ရှိပါတော့တယ်။ ကတိုက်ကရိုက်ပဲ ဘုရားဖူးပြီး ပြန်ခဲ့ရပါ တယ်။

ဆီဆိုင်မြို့ကို ရောက်တော့ အားလုံး ခရီးပန်းပြီး ခြေကုန်လက်ပန်း ကျနေပါပြီ။ စကားတောင်ဟဟ မပြောနိုင် ကြတော့ဘဲ တန်းစီပြီး အိပ်လိုက်ကြပါတော့တယ်။

အခုရေးသားခဲ့တဲ့ အဖြစ်အပျက်တွေက ကျွန်တော့်ရင်ဘတ်ကသာ ကင်မရာ တစ်လုံးဆိုရင် ကျွန်တော် ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေထဲက တချို့ပါပဲ။

ပထမဦးဆုံး အကြိမ်ရောက်ဖြစ်ခဲ့ရတဲ့ ပအိုးဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲမှ ဆီဆိုင်မြို့ကို နှုတ်ဆက် ထွက်ခွာရတော့ပါမယ်။ ဒီမြို့လေးဟာ အေးချမ်းဆိတ်ငြိမ် လှတဲ့မြို့လေးတစ်မြို့ပါ။ ကျွန်တော်လွမ်း ဆွတ်နေရဦးတော့မယ်။ အလွမ်းဆုံးလို့ ပြောရရင်တော့ ဖော်ရွေသဘောကောင်းလှတဲ့ ဒေသခံတွေကိုပါပဲ။ အခွင့်သာကြုံမယ်ဆို ရင်နောက်တစ်ခေါက်… ပြီးတော့ နောက် တစ်ခေါက် … နောက်တစ်ခေါက် … ထပ်ရောက်ချင်ပါသေးတယ်။

Myanmartandawsint Newspaper