Home » » ဥရုချောင်းအနီး ရွှေမှော်တစ်ခုတွင် ကျင်းပြိုကျ၊ ၁၁ ဦးသေ

ဥရုချောင်းအနီး ရွှေမှော်တစ်ခုတွင် ကျင်းပြိုကျ၊ ၁၁ ဦးသေ

Written By Unknown on Friday, November 15, 2013 | 10:45 PM

ဖားကန့်မြို့နယ် ဥရုချောင်းအနီးရှီ ရွှေမှော်တစ်ခုတွင် ကျင်းပြိုကျရာမှ အလုပ်သမား ၁၁ ဦး မြေပိသေဆုံးသွားကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

နိုဝင်ဘာ ၁၃ ရက် နေ့လယ်က ဖားကန့်မြို့နယ် ဆည်ဆင်းရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအားလုံးမှာ အမျိုးသားများဖြစ်ကြောင်း ဆည်ဆင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။ ““သေဆုံးသွားတဲ့သူတွေအားလုံးကို ဆေးရုံကို့ပို့ပြီး စစ်ဆေးနေတုန်းပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်သူ့ကိုမှ အရေးယူထားတာမျိုး မရှိသေးပါဘူး””ဟု အဆိုပါရဲအရာရှိကပြောသည်။

ဆည်ဆင်းရွာရှိ ရွှေမျောများတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် အလုပ်သမားများ မြေစာပိသေဆုံးခြင်းမျိုး မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး နိုဝင်ဘာ ၁၃ ရက် ဖြစ်စဉ်အတွက် ဒေသခံများအနေဖြင့် စိတ်မကောင်းများစွာဖြစ်ရကြောင်း ဆည်ဆင်းရွာသားတစ်ဦးကပြောသည်။

““ဒေသအနှံ့ကနေ မိသားစုတွေနဲ့ခွဲခွာပြီး ပင်ပင်ပန်းပန်း လာအလုပ်လုပ်နေကြတာ။ သေသွားတဲ့သူတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိလို့ ထမင်းတောင်မစားနိုင်ဘူး””ဟု ရွှေမျောများအနီးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ်နှင့် ဟုမ္မလင်းမြို့အနီးတွင်ရှိသည့် ဥရုချောင်းအနီးပတ်ဝန်းကျင်တွင် ရွှေမျောလုပ်ငန်းများစွာရှိပြီး ရွှေတွင်းပြိုကျမှုကြောင့် လူသေဆုံးမှုများ မကြာခဏဖြစ်လေ့ရှိကာ နိုဝင်ဘာ ၁၃ ရက် ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း ဆည်ဆင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

7day Daily