Home » » ယ​ဉ်​ကျေး​မှု​ဇုန်​နယ်​မြေ​တွေ​မှာ ​အ​ဆောက်​အ​ဦ​ဆောက်​ရင် ​အ​ရေး​ယူ​မည်

ယ​ဉ်​ကျေး​မှု​ဇုန်​နယ်​မြေ​တွေ​မှာ ​အ​ဆောက်​အ​ဦ​ဆောက်​ရင် ​အ​ရေး​ယူ​မည်

Written By Unknown on Thursday, November 28, 2013 | 12:29 AM

ယ​ဉ်​ကျေး​မှုဝန်​ကြီး​ဌာ​န​က   ​မြန်​မာ​တ​နိုင်​ငံ​လုံး​မှာ​ရှိ​တဲ့​  ​ယ​ဉ်​ကျေး​မှု ​ဇုန်​နယ်​မြေ ၄၆ ​ခု​စာ​ရင်း​ကို ​ထုတ်​ပြန်​လိုက်​ပြီး​  ​ဒီ​နယ်​မြေ​ဇုန်​တွေ​အ​တွင်း​မှာ ​အ​ဆောက်​အ​ဦ​တွေ ​ခွင့်​ပြု​ချက်​မ​ရှိ​ဘဲ ​ဆောက်​လုပ်​ရင် ​ဥ​ပ​ဒေ​အ​ရ​အ​ရေး​ယူ​ခံ​ရ​မယ်​လို့​  ​နိုင်​ငံ​ပိုင်​သ​တင်း​စာ​တွေ​က​နေ ​သ​တိ​ပေး​လိုက်​ပါ ​တယ်။

ယ​ဉ်​ကျေး​မှု​ဇုန်​နယ်​မြေ ၄၆ ​ခု​အ​တွင်း ​လူ​နေ​အိမ်​ခြေ ​အ​ဆောက်​အ​ဦ​များ​ဆောက်​လုပ်​ခြင်း​၊ ​ခြံ​စည်း​ရိုး​ကာ​ခြင်း​၊ ​ဟို​တယ်​ဆောက်​ခြင်း​၊ ​လမ်း​ဖောက်​ခြင်း​၊ ​မြေ​ကွက်​သစ်​များ ​ဖော်​ထုတ်​ခြင်း​တို့ ​မ​လုပ်​ကြ​ဖို့​၊ ​ဆောက်​လုပ်​မယ်​ဆို​ရင် ​ယ​ဉ်​ကျေး​မှုဝန်​ကြီး​ဌာ​န​ကို ​ကြို​တင်​ခွင့်​ပြု​ချက် ​တောင်း​ခံ​ပြီး​မှ ​ဆောက်​လုပ်​ဖို့​၊ ​ခွင့်​ပြု​ချက် ​မ​ရှိ​ဘဲ ​ဆောက်​လုပ်​ရင် ​ဥ​ပ​ဒေ​အ​ရ​အ​ရေး​ယူ​ခံ​ရ​မယ်​လို့ ​ယ​ဉ်​ကျေး​မှု ၀န်​ကြီး​ဌာ​န​က ​ဒီ​က​နေ့​ထုတ်  ​နိုင်​ငံ​ပိုင်​သ​တင်း​စာ​မှာ ​ထည့်​သွင်း​ဖော်​ပြ​လာ​တာ​ပါ။

ေ​ရှး​ဟောင်း​သု​တေ​သ​န​နဲ့ ​ယ​ဉ်​ကျေး​မှု​ပြ​တိုက်​ဦး​စီး​ဌာ​န​က  ​ညွှန်​ကြား​ရေး​မှူး ​ဦး​ဇော်​ဇော်​ထွန်း​ကို  ​ယ​ဉ်​ကျေး​မှု​ဇုန်​နယ်​မြေ​တွေ  ၁၉၉၉ ​ခု​နှစ်​လောက်​က​တည်း​က ​စ​တင်​သတ်​မှတ်​ခဲ့​တာ​ဖြစ်​ပြီး ​အ​ခု​မှ ​ဘာ​လို့ ​အ​ခု​လို ​ကြေ​ညာ​ချက်​ထည့်​သွင်း​ဖော်​ပြ​ရ​တာ​လဲ​လို့ ​မေး​ကြည့်​တော့ ​သူ​က “​စီး​ပွား​ရေး​သ​မား​တွေ​ရဲ့ ​ဂွင်​ထဲ​ကို ၀င်ဝင်​သွား​တာ​ပေါ့​။ ​ဈေး​ပေး​တယ်၊ ​ကျ​နော်​တို့​ရဲ့ ​ဇုန်​နယ်​မြေ​ဧ​ရိ​ယာ​တွေ​မှာ ​မ​သိ​နား​မ​လည်​ပဲ ၀ယ်​မိ​တယ်၊ ​စု​ဖြစ်​တယ်။ ​ကျ​နော်​တို့ ​သိ​လို့ ​ကန့်​ကွက်​တဲ့​အ​ခါ​ကြ​ရင် ​သူ​တို့​မှာ ​နစ်​နာ​မှု​တွေ​ဖြစ်​နိုင်​တဲ့​အ​တွက်​ကြောင့် ​ကျ​နော်​တို့​က ​ကြေ​ညာ​ချက်​ထုတ်​ရ​တာ​ပါ။” ​လို့ ​ပြော​ပါ​တယ်။

အ​မျိုး​သား ​ယ​ဉ်​ကျေး​မှု ​အ​မွေ​အ​နှစ်​တွေ​ကို ​ထိန်း​သိမ်း​ကာ​ကွယ်​စောင့်ေ​ရှာက်​ဖို့ ​ရည်​ရွယ်​ပြီး ​ယ​ဉ်​ကျေး​မှု ၀န်​ကြီး​ဌာ​န​က  ​ဇုန်​နယ်​မြေ​တွေ​သတ်​မှတ်​ထား​တာ​ဖြစ်​ပြီး ​ခု​အ​ခါ​မှာ ​ယ​ဉ်​ကျေး​မှု​ဇုန် ​နယ်​မြေ​တွေ​အ​တွင်း​  ​အ​ဆောက်​ဦ​တွေ ​ဆောက်​လုပ်​ဖို့​  ​မြေ​အ​ရောင်း​အ၀ယ်​လုပ်​နေ​ကြ​တဲ့ ​အ​တွက်   ​နစ်​နာ​ကြ​ရ​တဲ့ ​ပြည်​သူ​တွေ ​သိ​စေ​ဖို့ ​ထုတ်​ပြန်​လိုက်​တာ​လို့​လည်း ​ဆို​ပါ​တယ်။

ပု​ဂံေ​ရှး​ဟောင်း​ယ​ဉ်​ကျေး​မှု ​ထိန်း​သိမ်း​ရေး​နဲ့ ​ဖွံ့​ဖြိုး​စောင့်ေ​ရှာက်​ရေး​အ​ဖွဲ့ ​ခေါင်း​ဆောင် ​ဦး​မင်း​နိုင်​က ​တော့ ​ပု​ဂံ​ယ​ဉ်​ကျေး​မှု​ဇုန်​နယ်​မြေ​ထဲ​ပါ​တဲ့ ၀က်​ကြီး​အင်း​ဒေ​သ၊ ​ရပ်​ကွက်​အ​မှတ် ၇ ​မှာ ​ဟို​တယ်​တွေ ​တိုး​ချဲ့​ဆောက်​လုပ်​နေ​ပေ​မယ့် ​သက်​ဆိုင်​ရာ​က ​လက်​ပိုက်​ကြည့်​နေ​တယ်​လို့ ​ပြော​ပါ​တယ်။

“ေ​ရှး​ဟောင်း ​ယ​ဉ်​ကျေး​မှု ​ဇုန်​ထဲ​မှာ​ပါ​တဲ့ ​ပု​ဂံ​ယ​ဉ်​ကျေး​မှု​ဇုန်​နယ်​မြေ​ထဲ​ပါ​တဲ့ ၀က်​ကြီး​အင်း​ဒေ​သ၊ ​ရပ်​ကွက်​အ​မှတ် ၇ ​ဆို​ရင် ၂၉ ​ပေ​ထက်​မ​မြင့်​ရ​ဘူး​လို့ ​တ​ရား​၀င်​စာ​ထုတ်​ထား​တယ်။ ​အ​ခု​ဆောက်​နေ​တဲ့​သူ​တွေ​ရှိ​တယ်။ ​သူ​တို့​တွေ​ကို ​လက်​တွေ့​ကျ​တော့ ​ဘာ​မှ​မ​ပြော​ဘူး​။ ​သူ​တို့​က ​ထုတ်​တုန်း​က​တော့ ​ဒီ​အ​မိန့်​တွေ ​ထုတ်​တယ်။ ​လက်​ပိုက်​ကြည့်​နေ​တယ်။ ​သူ့​တို့ ​လက်​ပိုက်​ကြည့်​နေ​ရ​တဲ့ ​အ​ကြောင်း​အ​ရင်း​ရှိ​မယ်။”

ယ​ဉ်​ကျေး​မှုဝန်​ကြီး​ဌာ​န​က ​ယ​ဉ်​ကျေး​မှု​အ​မွေ​အ​နှစ်​ဒေ​သ ၄၆ ​ခု ​သတ်​မှတ်​ထား​တဲ့​ထဲ ​ပု​ဂံ၊ ​မ​န္တ​လေး​၊ ​ရန်​ကုန်၊ ​မ​ကွေး​၊ ​စစ်​ကိုင်း​၊ ​ဧ​ရာဝ​တီ၊ ​တ​န​င်္သာ​ရီ၊ ​က​ရင်၊ ​ရ​ခိုင်၊ ​ရှမ်း ​စ​တဲ့ ​ပြည်​နယ်​တိုင်း​တွေ​က ​ထင်​ရှား​တဲ့ ​သာ​သ​နိ​က ​နယ်​မြေ​တွေ ​အ​ဓိ​က ​ပါဝင်​ပါ​တယ်။

Byေ​ရွှ​အောင် (ဒီဗွီဘီ)