Home » » ပြည်မြို့တွင် ဖရောင်းတိုင်မီးထွန်းရာမှ ဖရောင်းတိုင်လဲကျပြီး လေဖြတ်ရောဂါသည် မီးလောင်သေဆုံး

ပြည်မြို့တွင် ဖရောင်းတိုင်မီးထွန်းရာမှ ဖရောင်းတိုင်လဲကျပြီး လေဖြတ်ရောဂါသည် မီးလောင်သေဆုံး

Written By Unknown on Thursday, November 28, 2013 | 12:43 AM

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်တွင်၂၅.၁၁.၂၀၁၃ရက်နေ့ည(၇) နာရီ(၄၅)မိနစ်အချိန်က နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းရာမှ ဖယောင်းတိုင်လဲကျပြီး အိပ်နေသော လေဖြတ်ရောဂါသည်၏ စောင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ တပ်လမ်း၊ မီးရထားဝန်း ကျူးကျော်တဲ နေအိမ်တွင် နေထိုင်သော အိမ်ရှင်ဒေါ်သောင်းရီ (လေဖြတ်ရောဂါသည်)အသက်(၆၈)နှစ် သည် အလျှား(၁၅)ပေ၊အနံ(၆)ပေ၊၀ါးကပ်ကာ၊ တာလပတ်မိုးနေအိမ်တွင် ဖယောင်တိုင်ထွန်းရာ ဖယောင်တိုင်လဲကျပြီး အိပ်နေသော ဒေါ်သောင်းရီ၏ စောင်ပေါ်သို့ပြုတ်ကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။

ထိုသို့ မီးလောင်မှုကြောင့် ဒေါ်သောင်းရီ၏ ကိုယ်ခန္ဒာကိုယ်တွင် ခြုံထားသော စောင်အား မီးလောင်ခဲ့သဖြင့် ၄င်း၏ခန္ဒာကိုယ်(၃)ပုံ(၂)ပုံကျော် မီးလောင်ခံရပြီး စောင်တစ်ထည်နှင့် အ၀တ်အစားအနည်းငယ် မီးစွဲလောင်ခဲ့ရသဖြင့် ဆံတော်ရပ်ကွက်အတွင်းရှိ ပြည်သူများက ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ခန္ဒာကိုယ်မီးလောင်ခံရသော ဒေါ်သောင်းရီအား ရပ်ကွက်နေ ပြည်သူများက ကားဖြင့် ပြည်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်ခဲ့ကြသည်။

အဆိုပါမီးလောင်ရာသို့ ပြည်မြို့နယ် အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဝင်ညွန့်နှင့်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ် ဒုတပ်ရင်းမှူး ဦးအုန်းသွင်နှင့် အရံတပ်ဖွဲ့ဝင်များ၊ ပြည်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဝင်းနှင့် လှည့်ကင်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးညွန့်နိုင်၊ ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များ ရောက်ရှိလာပြီး မီးလောင်မှုတွင် ပြည်သူများကူညီမှုကြောင့် အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း တွေ့ရသည်။

ထို့ကြောင့် မီးလောင်မှုနှင့်ပတ်သက်ပြီး အိမ်ရှင် ဒေါ်သောင်းရီ(၆၈)နှစ်အာ မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်က တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မီးရထားရဲစခန်းအမှတ်(၁၉)တပ်ခွဲ (ပ)၄/၂၀၁၃ ပြစ်မှု ပုဒ်မ ၂၈၅အရ ဒုရဲအုပ်မောင်မောင်သန်းမှ အမှုရေးဖွင့် ဆောင်ရွက်နေစဉ် ပြည်မြို့ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသခံယူနေသော ဒေါ်သောင်းရီသည် ည(၁၀)နာရီ(၂၀)မိနစ်အချိန် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

by Thit Htoo Lwin