Home » » နားကွင်းကျော်ကြီး သေဆုံးသွားသော်လည်း ရန်ကုန်တွင် သိန်း ၁၉၀၀ ကျော် လိမ်လည်မှုတစ်ခုပေါ်ပေါက်

နားကွင်းကျော်ကြီး သေဆုံးသွားသော်လည်း ရန်ကုန်တွင် သိန်း ၁၉၀၀ ကျော် လိမ်လည်မှုတစ်ခုပေါ်ပေါက်

Written By Unknown on Friday, October 25, 2013 | 5:49 PM

ရန်ကုန်၊ အောက်တိုဘာ ၂၅။

မန္တလေး ကားလောကတွင် သိန်းပေါင်း လေးသောင်းကျော် လိမ်လည်ခဲ့သည့် နားကွင်းကျော်ကြီး သေဆုံးသွားသော်လည်း ရန်ကုန်တွင် ကျပ် သိန်း ၁၉၈၀ လိမ်လည်ထားသော အမှု တစ်ခုကို ၎င်းသေဆုံးသော အောက်တိုဘာ ၂၁ရက်နေ့တွင် သက်ဆိုင်ရာသို့ တိုင်ကြားခံခဲ့ရကြောင်း လသာရဲစခန်းမှ သိရသည်။

နားကွင်းကျော်ကြီး(ခ)ကျော်စိုးခိုင်မှ အလုပ်အတူတူ လုပ်ကိုင် ခဲ့ဖူးသော ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သော ဦးထွန်းထွန်းနိုင်ထံမှ ကျပ် သိန်းပေါင်း ၁၉၈၀ လိမ်လည်ခဲ့ကြောင်း လသာ ရဲခစန်းမှ ဒုရဲအုပ်ဦးတိုးမြို့က ပြောကြားသည်။

“လောလောဆယ်တော့ ဒီအမှုနဲ့ပတ်သက်ပြီး၊ တရားလိုက လာပြီးထွက်ဆိုချက်မပြုသေးတော့၊ ဘာမှ လုပ်လို့မရသေး ပါဘူး။ တရားလိုဘက် က လာပြီးထွက်ဆိုချက်ချက်ပြုမှ ကျွန်တော်တို့ အနေနဲ့ ဥပဒေအတိုင်း ဆက်လက်စုံစမ်းမှုတွေ လုပ်သွားမှာပါ”ဟု ၎င်းကပြောကြားသည်။

ကျော်ဦးခိုင်(ခ)နားကွင်းကျော်ကြီးဆိုသူနှင့် မေလ ၂၇ရက်နေ့မှစပြီး ကားအရောင်းအ၀ယ် ပြုလုပ်ခဲ့ကြကြောင်း ယခင်က ကားအရောင်း အ၀ယ် ပြုလုပ်တိုင်းတွင် ကားတန်ဖိုးအား မှန်မှန်ပေးသွင်းသော်လည်း လသာမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်တစ်ခုမှ ငွေလွှဲခြင်းများ ပြု လုပ်ကြပြီး၊ စက်တင်ဘာလ ၁၃ရက်နေ့အထိ ၎င်းပေးချေရမည့် ကားအစီးရေ ၄၅စီး၏ တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၉၈၀ကို ပေးချေခြင်း မရှိသည့်အပြင် ကားအား ပြန်လည်အပ်နှံမှုလည်း မပြုသော်ကြောင့် ယခုကဲ့သို့ အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း လသာရဲစခန် မှ သိရသည်။

ကျော်စိုးနိုင်(ခ)ကျော်ကြီးအား လသာရဲစခန်းမှ (ပ) ၂၅၆/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၂၀ဖြင့် အမှု ဖွင့်ထားကြောင်း လသာရဲစန်းထံမှ သိရသည်။

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း ၄ သောင်းကျော် လိမ်လည်သူ ကိုကျော်ခိုင်စိုး( ခ ) နားကွင်းကျော်ကြီးမှာ ကိုယ့်ကိုကိုယ် အဆုံးစီ ရင်သွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲ ဦးမည်ဖြစ်ကြောင်း၊ ၎င်းက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရဲစခန်းသို့  လာရောက်ဝန်ခံခဲ့ပြီး နားကွင်းကျော်ကြီးအား စစ်ဆေး မှုများ ပြုလုပ်ပြီးနောက် နာရီပိုင်းအကြာတွင် အာမခံဖြင့်ပြန်လည် လွှတ်ပေးလိုက်ကြောင်း ချမ်းအေးသာစံ မြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဝင်းက ပြောကြားသည်။

သတင်းရေးသားသူ-ဇော်မျိုး
တည်းဖြတ်သူ-နီတိုး

People power