Home » » ပြည်ပရင်းနှီးမြှုပ်နှံမှု နေရာ အများစုတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများဖြစ်ပွားနေဟုဆို

ပြည်ပရင်းနှီးမြှုပ်နှံမှု နေရာ အများစုတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများဖြစ်ပွားနေဟုဆို

Written By Unknown on Tuesday, October 29, 2013 | 1:47 PM

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဗဟိုအစိုးရအနေဖြင့် တိုက်ရိုက် လက်ခံစီမံခန့်ခွဲနေသည့် နေရာ အများစုတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခ ဖြစ်ပွား နေသည်ဟု မြန်မာ့ငြိမ်း ချမ်းရေး စောင့်ကြည့်ရေးအဖွဲ့ က ပြောကြားသည်။ အောက်တို ဘာ၂၈ရက်က ဗိုလ်တထောင်မြို့နယ်၌ မြန်မာ မီဒီယာစာကြည့်တိုက် တွင် ပြုလုပ် သည့် မြန်မာ့ငြိမ်းချမ်းရေးစောင့် ကြည့်ရေးအဖွဲ့၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့ စီးပွားရေး အခြေအနေ နှင့်ပတ် သက် ၍ သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခြင်းဖြစ်သည်။

ယင်းအဖွဲ့မှ ဦးဝင်းအောင် က ''ဖြစ်တဲ့နေရာတွေမှာ တစ် နိုင်ငံလုံးခြုံကြည့် ရင် သံလွင်ရေ ကာတာခြောက်ခုရှိပါတယ်။ မြစ် ဆုံရေကာတာရှိတယ်။ ချင်းတွင်း ရေကာတာရှိတယ်။ ရခိုင်ပြည်မှာ အထူးစီးပွားရေးဇုန်ရှိတယ်။ ရေနံ နဲ့ သဘာဝ ပိုက်လိုင်း တွေရှိတယ်။ ဒါတွေက ဗဟိုအစိုးရကနေပြီးတော့ သမ္မတဦးသိန်းစိန် လက်ထက်မ တိုင်ခင်ကတည်းက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ၊ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်းချုပ်ဆို ခဲ့တဲ့စာချုပ်တွေပေါ် မှာ ဖြစ်ပေါ် လာတဲ့ နိုင်ငံရေး အခင်း အကျင်း တွေ စီးပွားရေး ထိန်းချုပ်မှုတွေ လို့ ပြောလို့ရပါတယ်။ ပြည်သူ လူထုသဘောတွေမပါဘဲ သက် ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် အစိုးရသဘောတွေမပါဘဲ သုံးသပ် လို့ရပါတယ်''ဟုပြောသည်။

ယင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကြောင့် ပဋိပက္ခတိုက် ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက် ၍ သာဓကအဖြစ် ၂၀၁ဝပြည့်နှစ် ရှမ်းပြည်နယ် သီပေါနှင့် နမ့်ခန်း မြို့နယ်ကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများဖြစ်ပြီး ယင်းဒေသတွင် KIA  အပါအဝင် TNLA နှင့် ရှမ်း ပြည်နယ်ရှိ ရှမ်းတပ်မတော်များ ၏ထိန်းချုပ်မှုအောက်ရှိ စီမံကိန်း ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ ၂၀၀၉ခုနှစ် ဩဂုတ်လ တွင်လည်း တရုတ်အမျိုးသားပိုင် ရေနံကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်တည် ဆောက် မည်ဟု တရားဝင်ကြေညာအပြီး တစ်ပတ်အကြာတွင် တပ်မတော် နှင့် '၀'တပ်မတော်တို့ တိုက်ပွဲ များဖြစ်ပွားခဲ့သည်ကို သာဓက အဖြစ်တွေ့ခဲ့ကြောင်း ယင်းက ဆက်လက်ပြောသည်။ 

ယင်းကဲ့သို့စီမံကိန်းများ အတွက် ပဋိပက္ခဖြစ်ပွားခြင်းမှာ တိုင်းရင်းသားဒေသများ သာမက လက်ပံတောင်းတောင်ကဲ့သို့ လယ်ယာမြေပဋိပက္ခများနှင့် တခြား ပဋိပက္ခများကို ဖြေရှင်းရန်အတွက် စိန်ခေါ်မှုများ၊ လက်ရှိပြဌာန်းထား သည့် ဥပဒေများ ၏ အားနည်း ချက်များ၊ လူ့အရင်းအမြစ်များ မရှိသည့် အခက်အခဲများကိုလည်း ကြုံတွေ့ရမည်ဖြစ်ကြောင်း ယင်း ကဆက်လက်ပြောသည်။

အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲ ရေးတွေလုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်လည်း နိုင်ငံ၏ဆင်းရဲမွဲ တေမှုအား ၁၆ရာခိုင်နှုန်းအထိ လျှော့ချလုပ်ဆောင်ရန် ပြောဆို မှုများရှိကာ ယခုအခါတွင် အစိုး ရအနေဖြင့် တစ်စုံ တစ်ရာ ဆောင် ရွက်နေမှုများရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် ရေးကော်မတီဖွဲ့စည်းခြင်း အပါ အဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံ ရေးဆွေးနွေးပွဲများ တခြားပွင့် လင်းမြင်သာမှုကိစ္စများကို ဆက် တိုက် ပြုလုပ်လာခဲ့သည်ကိုလည်း တွေ့ရကြောင်းလည်း မြန်မာ့ငြိမ်း ချမ်းရေးစောင့်ကြည့်ရေးအဖွဲ့မှ ပြောသည်။

ကောင်းမြတ်ကျော် ၊ စိုင်းဟန် - Yangon Media Group