Home » » ဗုံးကိစ္စ မေးမြန်းချက်များ ဒေါ်အောင်ဆန်းစုကြည် ဖြေကြား

ဗုံးကိစ္စ မေးမြန်းချက်များ ဒေါ်အောင်ဆန်းစုကြည် ဖြေကြား

Written By Unknown on Tuesday, October 15, 2013 | 5:09 PM

အောက်တိုဘာလ ၁၅ ရက်နေ့နံနက်က ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေး ဒသမနေကို တက်ရောက်လာစဉ် လတ်တလော ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက်၍ မီဒီယာများ မေးမြန်းမှုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရာတွင် ---

ဒါကတော့ အုပ်ချုပ်ရေးပိုင်းနှင့် ဆိုင်တဲ့ ကိစ္စဘဲ အမေတို့က လိုက်ဖမ်းနိုင်တဲ့ သူတွေမှ မဟုတ်တာ လုံခြုံရေး အစီအစဉ်အားနည်းတယ်လို့ ပြောရအောင်လည်း ဘယ်တွေမှာ ဗုံးတွေချ တယ်ဆိုတာလည်း ရှိသေးတယ်ပေါ့နော်။ အရေးကြီးတာက ဘယ်သူတွေ လုပ်လဲဆိုတာ မြန်မြန်ဖေါ်ထုတ်ဖို့ပါဘဲ။ ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့ ဗုံးတွေ ဘာတွေ ဖြစ်တယ်ဆိုတော့ အမေကတော့ ဒါပေမယ့် အမေကတော့ ယုံကြည်တယ် အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်မှာပါ။ ဒါတွေကတ မင်ပေါ့နော် လုပ်လုပ်ရှားရှား ဖြစ်အောင်လို့ စွတာဆိုတော့ အဲ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ တမင် စိတ်လှုပ်ရှားအောင် လန့်အောင်ဖြန့်အောင် တမင်လုပ်တာဆိုတော့ ဒီထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတက်ဖို့လိုတယ်။ဒါကို သတိတော့ ထားရမှာပေါ့။ စိုးရိမ်မှု လွန်ကဲနေလို့တော့ ဘယ် ဖြစ်မလဲ ။လူများတဲ့ နေရာသွားရင် အန္တရယ် ဖြစ်မလားဆိုတာ စိုးရိမ်လာရတာပေါ့။သတိရှိတာတော့ မမှားပါဘူး။ဒါပေမယ့် အစိုးရိမ်လွန် နေလို့တော့လည်း မကောင်းဘူးဘာဘဲပြောပြော မဇ္စိမပရိပရာပေါ့ ဥပဒေပြုပြင် ပြောင်းလည်းရေးနှင့် ပတ်သပ်ပြီး မေးမြန်းရာ အဲ့တာလည်းဖြစ်နိုင်တယ် ပြောလို့တော့ မရဘူးပေါ့နော် ဒါက အုပ်ချုပ်ရေး ပိုင်းဆိုင်ရာက ဘယ်သူတွေဟာလုပ်တာလည်းဆိုတာ ဖေါ်ထုတ်ပေးမှဖြစ်မှာပေါ့၊ မှန်းခြေနဲ့ သိမ်စဉ်းစားနေရင် တခါတလေ မဖြစ်သင့် တာတွေဖြစ်သွားလိမ့်မယ် တင်းမာမှုတွေဖြစ်သွားနိုင်မယ် စသည်ဖြင့် ဖြေကြားခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ-National League for Democracy