Home » » သူရိယအလင်း ဂျာနယ် အပြီးသတ် ရပ်ဆိုင်း

သူရိယအလင်း ဂျာနယ် အပြီးသတ် ရပ်ဆိုင်း

Written By Unknown on Monday, October 21, 2013 | 5:47 PM

ရန်ကုန်၊ အောက်တိုဘာ ၂၁

ယခုရက်ပိုင်း အတွင်း အငြင်းပွားဖွယ် သတင်းများ ထွက်ပေါ် နေသည့် သူရိယအလင်း ဂျာနယ်သည် ယင်းဂျာနယ်ကို ဆက်လက် ထုတ်ဝေတော့မည့် မဟုတ်ကြောင်း အောက်တိုဘာ ၂၁ ရက်နေ့တွင် နိုင်ငံပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာ များတွင် အယ်ဒီတာအဖွဲ့က ကြော်ငြာ ထည့်သွင်း ခဲ့သည်။

အောက်တိုဘာ ၁၈ ရက်နေ့က ညပိုင်း အချိန်တွင်း သူရိယ အလင်း ဂျာနယ် ရုံးခန်းကို လူအချို့ ၀င်ရောက် ကာ ကွန်ပျူတာများနှင့် လုံခြုံရေး ကင်မရာ များကို ထိန်းချုပ်သည့် ဆာဗာကို ယူဆောင် သွားသည်ဟု ယင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက ပြောကြား ခဲ့ပြီးနောက် ယခုကဲ့သို့ ဂျာနယ် ရပ်ဆိုင်း သည့် ကြော်ငြာကို သတင်းစာ များတွင် ထည့်သွင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သူရိယ အလင်း ဂျာနယ် ရပ်ဆိုင်းခဲ့ခြင်း အကြောင်းကို ယင်းကြော်ငြာတွင် ထုတ်ဝေသူနှင့် အယ်ဒီတာ အဖွဲ့မှ အတွဲ (၁)မှ အတွဲ (၁၂) အထိ ပါဝင်ခဲ့သော ဆောင်းပါးများနှင့် ပတ်သက်၍ အမှုဆောင် အရာရှိချုပ်ကို ပုဂ္ဂိုလ်ရေး ထိခိုက် နစ်နာစေမည့် စာမူများအား မရေးသားရန် အတန်တန် တားမြစ် ခဲ့သည့်ကြားမှ ဖော်ပြ ခဲ့သော ဆောင်းပါးများနှင့် ပတ်သက်ပြီး နစ်နာမှု ရှိခဲ့ကြသည့် ပုဂ္ဂိုလ်များကို အနူးအညွတ် တောင်းပန် ပါကြောင်းနှင့် သူရိယအလင်း ဂျာနယ် ထုတ်ဝေ ခြင်းအား အပြီးအပိုင် ရပ်စဲ လိုက်ပါ ကြောင်းဟု ဖော်ပြ ရေး သား ထားသည်။

မြန်မာသံတော်ဆင့်