Home » » ယာဉ်ထိန်းရဲ နှင့် ခရီးသည်တင်ယာဉ်မောင်း အပြန်အလှန်သတ်ပုတ်

ယာဉ်ထိန်းရဲ နှင့် ခရီးသည်တင်ယာဉ်မောင်း အပြန်အလှန်သတ်ပုတ်

Written By Unknown on Thursday, October 17, 2013 | 1:22 PM

ရန်ကုန်၊အောက်တိုဘာ၁၇

ယနေ့ နံနက် ၉နာရီခန့် အချိန်တွင် သင်္ဃန်းကျွန်း စံပြဈေးမီပွင့်တွင် ယာဉ်ထိန်းရဲ နှင့် ၃၉ ဝါဆိုဦးခရီးသည်တင် ယာဉ်မောင်းတို့ အပြန်အလှန် သတ်ပုတ်ဖြစ်ပွားကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် People Power သတင်းထောက်ကြည်ပြာက သတင်းပေးပို့သည်။

ဖြစ်ပွားပုံမှာ အဆိုပါခရီးသည်တင်ယာဉ်သည် တောင်ဒဂုံမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာရာ စံပြဈေးမီးပွိုင့်အရောက် မီးဝါဖြတ်မောင်းစဉ် ယာဉ်ထိန်းရဲမှတားဆီးရာ ယာဉ်မောင်းကရှေ့တွင်ရပ်တန့်မည်ဟု လက်ပြပြောဆိုပြီး ဆက်မောင်းခဲ့ကြောင်း၊ ထို့နောက် ယာဉ်ရပ်တန့်စဉ် ယာဉ်ထိန်းရဲမှ သံတုတ်ကိုင်ဆောင်လာကာ ကားသော့ဆွဲလုရာမှ စတင်ကာ စကားများရန်ဖြစ်ခဲ့ကြောင်း သတင်းပေးပို့သည်။

ယင်းသို့စကားများစဉ် ယာဉ်မောင်းက စတင်ထိုးကြိတ်ခဲ့ကြောင်း ယာဉ်ထိန်းရဲမှလည်းပြန်လည် ရိုက်နှက်ခဲ့ကြောင်း ၊ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ နှုတ်ခမ်းပေါက်ပြဲကာ သွေးထွက် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ထိန်းရဲမှာလည်းမှာလဲ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းပေးပို့သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး မိနစ် ၂၀ကျော်ကြာတွင် သင်္ဃန်းကျွန်းရဲစခန်းမှ ရဲမှူးသက်ထွန်းအဖွဲ့ဦးဆောင်သည့် အင်အား၁၅ယောက် မှာ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

People power