Home » » တောင်သူလယ်သမားတွေ့ ဆုံနှီးနှောဖလှယ်ပွဲ တောင်ကြီးတွင်ကျင်းပ
တောင်သူလယ်သမားတွေ့ ဆုံနှီးနှောဖလှယ်ပွဲ တောင်ကြီးတွင်ကျင်းပ
Written By Unknown on Tuesday, October 1, 2013 | 5:19 AM
တောင်ကြီး၊ ၃၀-၉-၂၀၁၃။
တောင်ကြီးမြို့  ၊ ရှမ်းစာပေ/ယဉ်ကျေးမှုခန်းမ တွင် ယနေ့ နံနက် ၉း၀၀ နာရီမှ ၃း၀၀ နာရီ ခန့်အထိ ၊
မြေယာဥပဒေဆွေးနွေးခြင်းနှင့်တောင်သူလယ်သမားတွေ့ ဆုံနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ တယ်လို့ 
ပွဲ တက်ရောက်ခဲ့ တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။
`` ခန့်မှန်းခြေ ရှမ်းပြည်နယ်အတွင်းက တောင်သူလယ်သမားအယောက်၅၀၀ ကျော်ခန့်တက်
ရောက်ပါတယ်၊လယ်သမားတွေ ရဲ့  ကိုယ်တိုင်တွေ့ ကြုံနေရတဲ့ ဒုက္ခ အဝဝကို အချင်းချင်း ညှိနှိုင်း
ဆွေးနွေး ကြတယ်၊အဓိက ကတော့ မြေအသိမ်းဆည်းခံနေရတဲ့ ကိစ္စ တွေကိုဆွေးနွေးတာပေါ့၊ဒီမှာက အစိုးရ ဌာန ၊ စစ်တပ်၊ကုပ္မဏီတွေအပြင်  ၊ဒေသခံလက်နက်ကိုင်အဖွဲ့ စည်းတွေက သိမ်းထားတဲ
ယင်းပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း(ရှမ်းပြည်) က ဦးစီးကျင်းခြင်းဖြစ်ပြီး၊
ရန်ကုန်၈၈ မှ ကိုမျိုးသန့် နှင့်အဖွဲ့ ၊လူ့ ဘောင် သစ်ပါတီမှ ကိုငွေလင်းနှင့်အဖွဲ့ ၊ရန်ကုန်လူမှုအကျိုးဆောင်ကွန်ရက်မှ ကိုဇော်ရမ်း၊တို့ အပြင် ရှမ်းပြည်နယ်အတွင်းရှိပါတီများနှင့် လူမှုအဖွဲ့ အစည်းများပူးပေါင်းပါဝင်ခဲ့ ကြ လို့ ပြောပါတယ်။
``တောင်သူတွေအနေနဲ့ တော့ ယခင်ကတော့ ဘယ်သူ့ ကိုတိုင်ကြားရမှန်းမသိ ၊ဥပဒေ ဘယ်လိုရှိမှန်းမသိ ၊ကိုယ်တစ်ယောက်တည်းပဲခံရတယ်လို့ ထင်ပြီး၊ကြောက်ရွံ့ ပြီးဒီတိုင်းနေခဲ့ ကြတယ်၊
အခုဒီနေ့ မှာတော့  ကိုယ့်လို မြေသိမ်းခံရတဲ့ သူတွေတစ်စုတစ်ဝေးတွေ့ ကြရလို့  အင်အားရှိသွားပါတယ်၊`` လို့ လယ်သမားများက အားရဝမ်းသာပြောပြပါတယ်။
ယင်းပွဲ၏ အကျိုးရလာဒ် အနေဖြင့် ရှမ်းတစ်ပြည်နယ်လုံးတောင်သူလယ်သမားသမဂ္ဂ ပေါ်ထွန်းလာရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၈၈(ရှမ်းပြည်) အဖွဲ့ က ပြောပါတယ်။
လေးကြီး-(ရှမ်းပြည်)
by Myanmar News Now