Home » » အချိန်ပိုဆင်း အထည်ချုပ်လုပ်သားများ၏ ကျန်းမာရေးကို အလုပ်ရှင်များ ဂရုစိုက်ရန် အလုပ်သမားဒုဝန်ကြီးပြော

အချိန်ပိုဆင်း အထည်ချုပ်လုပ်သားများ၏ ကျန်းမာရေးကို အလုပ်ရှင်များ ဂရုစိုက်ရန် အလုပ်သမားဒုဝန်ကြီးပြော

Written By Unknown on Monday, September 9, 2013 | 5:19 PM

မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ က လုပ်ငန်းအဆင်ပြေရေး အတွက် အချိန်ပိုခိုင်းရာတွင် လုပ်သားများ ၏ ကျန်းမာရေးကို ဂရုစိုက်ရန် လို အပ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးထင်အောင် ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာ ရရက်က လှိုင်သာယာ မြို့နယ် လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ကျင်းပသော တွေ့ ဆုံပွဲတွင်ပြောခြင်းဖြစ်သည်။

ဦးထင်အောင်က ''အထည် ချုပ်လုပ်ငန်းတွေမှာ ကုန်ပစ္စည်း အချိန်ပြည့်ရဖို့အတွက် အလုပ် ဆင်းခိုင်းရင် အလုပ်သမားတွေ ကျန်းမာရေးကိုလဲ ဂရုစိုက်ဖို့လို ပါတယ်။ အချိန်ပိုဆင်းခိုင်းဖို့ လို အပ်တယ်ဆိုရင်လဲ ဆန္ဒရှိသူတွေ ဆင်းခိုင်းသင့်ပါတယ်။ မဆင်းချင် သူကို ဆင်းခိုင်းရင် နိုင်ငံတကာ ဥပဒေတွေအရ အဓမ္မစေခိုင်းခြင်း (Force Labour)ဖြစ်ပါတယ်''ဟု ပြောသည်။

ယင်းက ဆက်လက်၍ အ လုပ်သမားနှင့် အလုပ်ရှင်များ အ ငြင်းပွားမှုပြဿနာများ ပေါ်ပေါက် သည့်အခါ အလုပ်သမားရေးရာ ကိစ္စအား ဥပဒေအတိုင်း ဖြေရှင်း စေလိုကြောင်း၊ အလုပ်ရှင်အလုပ် သမားများအနေဖြင့် တစ်ဦးနှင့် တစ်ဦးမျှမျှတတရှိစေလိုကြောင်း ဆက်လက်ပြောသည်။

ယင်းနှင့်ပတ်သက်၍ အ ထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ''လုပ်ငန်းတွေက အထည်အချိန်မီ ရဖို့ လိုအပ်တဲ့အခါ အချိန်ပိုခေါ် ရတယ်။ တကယ်မခေါ်ခဲ့လို့ရှိရင် ကုန်ပစ္စည်းတွေ အချိန်မီမရတဲ့အ တွက် တစ်ဖက်ကနောက်ဆုံးချုပ် ခမပေးတော့တာတွေ ဖြစ်လာ တယ်။ အဲဒါမျိုးတွေအတွက် စဉ်း စားပေးစေချင်တယ်''ဟု ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ဒုတိယဝန်ကြီးက အချိန်ပိုခေါ် ယူသည့်ကိစ္စတွင် လိုအပ်ချက်အရ လုပ်ဆောင်ရသည်များရှိသည့် အခါ အလုပ်သမားဝန်ကြီးဌာန သို့ အကြောင်းကြားသင့်ကြောင်း၊ အရေးကြီးသည်မှာ ဘာပဲလုပ်လုပ် ဥပဒေနှင့် ညီညွတ်ရန်နှင့် အိုင် အယ်လ်အိုစံနှုန်းဖြင့် ကိုက်ညီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောသည်။

စိုင်းဟန် ၊ ရန်ကုန် ၊ စက်တင်ဘာ(၈)
Yangon Media Group