Home » » ခွဲစိတ်လမ်းကြောင်းမှ အူကျွံထွက်ခြင်းကိုနယ်မြို့များမှ လူနာများတွင် ပိုမိုတွေ့နေရ

ခွဲစိတ်လမ်းကြောင်းမှ အူကျွံထွက်ခြင်းကိုနယ်မြို့များမှ လူနာများတွင် ပိုမိုတွေ့နေရ

Written By Unknown on Sunday, September 22, 2013 | 3:40 PM

ခွဲစိတ် လမ်းကြောင်းမှ အူကျွံထွက်ခြင်း ကို နယ်မြို့များမှလူနာများတွင် ပိုမိုတွေ့နေရကြောင်း အထွေထွေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါ မောက္ခ ဒေါက်တာမြသိန်းဟန်က ပြောသည်။အဆိုပါအူကျွံထွက်ခြင်းကို ဆေးအခေါ်အဝေါ်အရ Incisional Hearnia ဟုခေါ်ဆိုကြောင်း သိရပြီး ယင်းကဲ့သို့ဖြစ်လာခြင်း မှာ အနာမကျက်ခြင်းနှင့် Intra abdominal Pressure ဟုခေါ် သည့် ဗိုက်ထဲမှဖိနှိပ်အားကြောင့် ဖြစ်လာခြင်းဖြစ်ကာ ယင်းအူကျွံ ခြင်းမှာ နယ်မြို့များတွင် ပိုမိုဖြစ် ပွားလေ့ရှိကြောင်း သိရသည်။

''နယ်ဘက်တွေမှာက ခွဲ စိတ်ကုသဖို့ ပစ္စည်းတွေမရှိတာ ရယ်၊ ခွဲစိတ်ခန်းသန့်ရှင်းမှုပိုင်းရယ်၊ ကျွမ်းကျင်တဲ့ဆရာဝန်တွေ မရှိ တာရယ် မပြည့်စုံတာတွေအများ ကြီးပဲ။ အဓိကကျွမ်းကျင်တဲ့ဆရာ ဝန်ခွဲစိတ်မှုအပြင် စနစ်ကျမှု လို အပ်တယ်။ မဟုတ်ရင် အူကျွံတာ ဖြစ်မှာပဲ။ နောက်ဆက်တွဲရမယ့် ရောဂါက ကျွံတဲ့အူသာ ပိတ်သွင်း လို့မရရင် အူကိုသွားတဲ့သွေးကြော တွေကမသွားနိုင်တော့ သွေးကြော တွေပိတ်ပြီး အူတွေပုပ်သိုးပျက်စီး သွားပြီး ရောဂါပိုးတွေဝင်ပြီး အ သက်ပါ ဆုံးရှုံးနိုင်တယ်''ဟု ပါ မောက္ခ ဒေါက်တာမြသိန်းဟန် က ပြောသည်။

အူကျွံရခြင်းအကြောင်းအ ရာအဖြစ် နှစ်မျိုးသတ်မှတ်ထား ပြီး ယင်းတို့မှာ အထွေထွေအ ကြောင်းအရာများနှင့် ခွဲစိတ်ခြင်း နှင့်ပတ်သက်သည့်အကြောင်း အရာများဟူ၍ ခွဲထားကြောင်း သိရသည်။အထွေထွေအကြောင်းအ ရာမှာ အာဟာရဓာတ် လွန်စွာ ချို့တဲ့သည့်လူနာ၊ အသက်အရွယ် ကြီးသည့် လူနာ၊ ဆီးချို၊ သွေး တိုး၊ ပြည့်ဝဆဲလ်များအား ဟန့် တားစေသည့် ဆေး(ကင်ဆာဆေး) ပရိုတိန်းဓာတ်၊ ဗီတာမင်စီ၊ ဇင့် ဓာတ်၊ ရင်ကျပ်သည့်လူနာနှင့် ဓာတ် ကင်သည့်လူနာစသောအနာကို အကျက်နည်းစေသည့်ဆေးဝါး များကိုလည်း စားသုံးခြင်းဖြင့် အူ ကျွံခြင်းများ ဖြစ်နိုင်သည်။

ဒုတိယအချက်အနေဖြင့် အူကျွံခြင်းကိုဖြစ်ပေါ်စေနိုင်သည့် အချက်မှာ ခွဲစိတ်ခန်းနှင့်ပတ်သက် သည့်အတွက်ကြောင့်ဖြစ်ပြီး ခွဲ ခန်းမသန့်ရှင်းပါက ရောဂါပိုးများ ဝင်ရောက်ကာ ပြည်တည်ခြင်း၊ ခွဲစိတ်ကုသမှုမကျွမ်းကျင်ခြင်း၊ ခွဲစိတ်ခန်းတွင်ဝတ်သည့် အဝတ် အထည်များကို Sterile
မရှိခြင်း၊ Cautery ခေါ် လျှပ်စစ်ဓာတ်အား ကို လွန်စွာသုံးခြင်းဖြင့် သွေးထဲ ရှိ Tissue Problem များကာ ရောဂါပိုးဝင်နိုင်ခြင်း၊ ခွဲစိတ်ခန်း တွင်လိုအပ်သည့် ပစ္စည်းကိရိယာ များလုံလောက်မှုမရှိခြင်းနှင့် ချုပ် ရိုးကို ချုပ်မည့်ချည်ကြိုးကို ရွေး ချယ်တတ်ရန်လိုအပ်ကြောင်း သိရသည်။

''ခွဲပြီးခါစ ချောင်းဆိုးရင်၊ ဝမ်း၊ ဆီးအရမ်းညှစ်နေရတဲ့အခါ လူနာက အသည်းရောဂါသမား ဆိုရင်တော့ ဖျဉ်းစွဲကာ ဗိုက်ထဲ အရည်တွေစုပြီးတော့ ဗိုက်တွေ က ဖောင်းကားလာတယ်။ အူတွေ က အလုပ်မလုပ်နိုင်ဘဲ ဖောင်း တင်းနေရင် ဝမ်းဗိုက်ကို Pressure များလာတယ်။ ခွဲထားတဲ့နေရာ မှာ အလုံးအဖုတွေသာဖြစ်နေရင် ဖိအားတွေများပြီး အူကျွံတာဖြစ် နိုင်တယ်။ Irreducible ဆိုတဲ့ ပြန် သွင်းလို့မရတာတွေ ဖြစ်လာတာ ပေါ့''ဟု ဆက်လက်၍ ပြောသည်။

[ ဇင်မျိုးထက် ၊ ရန်ကုန် ၊ စက်တင်ဘာ ၂၀ ]
Yangon Media Group