Home » » သမ္မတ ဦးသိန်းစိန် နိုဘယ်ဆု စာရင်း ထပ်မံတင်သွင်းခံရ

သမ္မတ ဦးသိန်းစိန် နိုဘယ်ဆု စာရင်း ထပ်မံတင်သွင်းခံရ

Written By Unknown on Saturday, September 21, 2013 | 2:37 PM

ရန်ကုန် ၊ စက်တင်ဘာ ၂၀။ ။ နိုင်ငံ တော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ် မည့် နိုဘယ်ဆုဆန်ခါတင်စာရင်း တွင်ပါဝင်နေကြောင်း သတင်းရ ရှိသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ရရက်မှ ၁၁ရက်အထိ နော်ဝေ နိုင်ငံ၌ကျင်းပမည့် (၉၁)ကြိမ် မြောက် နိုဘယ်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေးနို ဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသည်ဟု သတင်း များထွက်ပေါ်နေကြောင်း နိုဘယ် ဆုကော်မတီနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။

''ဒီကိစ္စကတော့ ဆုရွေးချယ် ရေးအဖွဲ့ကတော့ ဆုမရွေးချယ်မီ တရားဝင်ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။ ဘယ်လို ဒီသတင်း ထွက်လာလဲတော့ မသိပါဘူး။ သူ တို့အဖွဲ့ကနေ တစ်ယောက်ယောက် ကတော့ နီးတဲ့အခါ ထုတ်ပြော တာမျိုးတွေတော့ ရှိတတ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံ ရေးလေ့လာသူ ဦးကျော်လင်းဦး က ''ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကိုကြည့်ရင် လက်နက် ကိုင်တပ်ဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေး ရတာဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲနက်နဲပါတယ်။ လက်ရှိအ နေအထားနဲ့ကြည့်ရင်လဲ ငြိမ်းချမ်း ရေးအနေအထားက သူများနိုင်ငံ တွေထက် ပိုပြီးတော့မြန်မြန်ဖြစ် ထွန်းလာတာကိုတွေ့ရတယ်။ အခု လက်နက်ကိုင်တပ်ဖွဲ့ ၁၄ဖွဲ့လောက် နဲ့ ထိတွေ့ဆက်ဆံပြီးသွားပြီ။ အောက်တိုဘာမှာလုပ်မယ့် ငြိမ်း ချမ်းရေး လက်မှတ်ထိုးပွဲရှိတယ်။ ဒါတွေက သမ္မတကြီးရဲ့ နိုဘယ် ဆုရမယ့်လမ်းမှာ အများကြီးအ ထောက်အကူရနိုင်ပါတယ်''ဟု သုံးသပ်ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်သည် ၂၀၁၂ခုနှစ်အတွင်းက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ပဏာမအမည်စာရင်း တင်သွင်း မှုတွင် ပါဝင်ခဲ့သော်လည်း ရွေး ချယ်ရာတွင် ဥရောပကော်မရှင် သာ ရွေးချယ်ခံခဲ့ရသည်။

သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက နိုင်ငံအ တွင်းရှိ လက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ တွင် ၁ဝဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်ခဲ့သူဖြစ် သည်။ သမ္မတဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက နိုဘယ်ဆု မရရှိခဲ့သော်လည်း နယူးယော့ခ် အခြေစိုက်နိုင်ငံတကာပဋိပက္ခ များဖြေရှင်းရေးအဖွဲ့က ချီးမြှင့် သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆု ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရ သည်။

နိုဘယ်ဆုပေးပွဲ သည် ၁၉၀၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဒေါ် အောင်ဆန်း စုကြည် သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ကြောင်း သိရသည်။

Yangon Media Group