Home » » လူပျောက်တိုင်ခဲ့သော်လည်း လူလည်းမတွေ့ ရဲမှတ်တမ်းပါပျောက်ဆုံး

လူပျောက်တိုင်ခဲ့သော်လည်း လူလည်းမတွေ့ ရဲမှတ်တမ်းပါပျောက်ဆုံး

Written By Unknown on Tuesday, September 17, 2013 | 12:14 PM

တောင်ကြီးမြို့ ကျောင်းကြီးစုရပ် ကွက်နေ ခွန်အောင်နိုင်ဦး ၁၃ နှစ်၊ ဆဋ္ဌမတန်း အထက(၂)နှင့် ညီဝမ်းကွဲတော်သူ ခွန်သီဟထွန်း ခုနစ်နှစ်၊ ပထမတန်း အမက(၁၁) တို့သည် စက်တင်ဘာ၁၅ရက်မှ စတင် ပျောက် ဆုံးသွားခဲ့သဖြင့် မိဘဖြစ်သူများက စက်တင်ဘာ ရရက်တွင် မြို့မရဲစခန်းသို့ ပျောက် ဆုံးသူဓာတ်ပုံနှင့်တကွ လူပျောက် သတင်းပို့ တိုင်ကြားခဲ့သော်လည်း ၁ဝရက်ကျော်ကြာသည်အထိ သ တင်းမရ ပြန်မတွေ့ဘဲရှိကြောင်း မိဘများ ထံမှ သိရသည်။

ယခုအခါကလေးများကို ရှာဖွေစုံစမ်းရေး လုံးဝဆောင်ရွက် နိုင်ခြင်းမရှိသည့်အပြင် စခန်းမှူး ကိုယ်တိုင်မေးမြန်းသည့်အခါ ရဲစ ခန်းသို့ ပေးပို့ထားသည့်ကလေး များ ဓာတ်ပုံများပါပျောက်ဆုံးနေ သည်ဟုသိရသည်။

ပျောက်ဆုံး နေကြောင်း သတင်းပို့ ထားသည် ကိုပင် မှတ်တမ်းမပြုစုထားသဖြင့် စက် တင်ဘာ ၁၅ရက် ည ၉နာရီကျော် မှ မိဘများအား ခေါ်ယူပြီးမေး မြန်းကာ ကလေးများ၏ဓာတ်ပုံ များကိုထပ်မံပေးခဲ့ရကြောင်း မိခင် ဖြစ်သူဒေါ်ကြည်ကြည်ဝင်းထံမှ သိရသည်။

''ကျွန်မတို့ကို စခန်းမှူးက ဘယ်သူ့ဆီကိုတိုင်လဲ။ ဘယ်တုန်း ကလဲပြန်မေးတယ်။ ဘာမှတ်ထား တာမှမရှိတော့လို့ ဓာတ်ပုံတွေ ထပ်ပေးခဲ့ရတယ်။ နောက်နေ့ မနက်၉နာရီစခန်းကိုပြန်လာပါ တယ်။ လက်မှတ်ထိုးရမယ်ပြော တယ်။ ဘာလဲတော့ မသိဘူး'' ဟု သူမကဖုန်းဖြင့်သတင်းပေးသည်။

ခွန်အောင်နိုင်ဦး သည် စက် တင်ဘာ၅ရက်က အိမ်ပြန်မလာဘဲ နောက်တစ်နေ့တွင် ညီဝမ်းကွဲတော် သူအား မုန့်စားကျောင်းဆင်းချိန် တွင်လာရောက်ခေါ်ယူသွားပြီး ထို အချိန်မှစ၍ နှစ်ယောက်စလုံး ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု သိရသည်။

ယခုအခါ ကလေးများ ပျောက်ဆုံးနေကြောင်းကို မိဘများ ကကြော်ငြာစာရွက်များလိုက်ကပ် ပြီးရှာဖွေနေကြောင်း သိရသည်။

မြဝန်းရံ
Yangon Media Group