Home » » အသက်၆နှစ် အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရသည်ဆိုသော သတင်း မှန်ကန်မှုမရှိ၊ ဆီးလမ်းကြောင်း၌ ပိုးဝင်ခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

အသက်၆နှစ် အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရသည်ဆိုသော သတင်း မှန်ကန်မှုမရှိ၊ ဆီးလမ်းကြောင်း၌ ပိုးဝင်ခြင်းသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

Written By Unknown on Monday, September 9, 2013 | 12:16 PM

မကွေး၊ စက်တင်ဘာ ၈

လွန်ခဲ့သော စက်တင်ဘာ(၃)ရက်နေ့က မကွေးမြို့တွင်အသက်(၆)နှစ်ခန့်အရွယ်ရှိမိန်းကလေး
တစ်ဦး အဓမ္မပြုကျင့်ခံရသည်ဆိုသော သတင်းများ ပေါ်ပေါက်ခဲ့ပြီး မကွေးမြို့၌ ဆူပူမှုများဖြစ်ပွား နေပြီဆို သော ကောလာဟလ သတင်းများ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့၍ သက်ဆိုင်ရာမှ လုံခြုံရေးများတိုးမြှင့် ချထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ မိန်းကလေးမှာ အဓမ္မပြုကျင့်ခံရခြင်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ မိန်းကလေးအား နေမကောင်းသဖြင့် မကွေးမြို့ ကရုဏာရှင် ဆေးခန်းတွင် ပြသခဲ့ရာ က လေးအထူးကုဆရာဝန်ကြီး၏ စမ်းသပ်တွေ့ရှိချက်အရ ဖျားနာခြင်း၊ အော့အန်ခြင်း၊ မျက်နှာများရောင်ရမ်း ခြင်း၊ တင်ပဆုံများ ရောင်ရမ်းခြင်းတို့ ဖြစ်ပွားနေသည့်အပြင် ကလေးကိုယ်အင်္ဂါတွင်လည်း ပွန်းပဲ့ရောင်ရမ်း နေသည်ကို တွေ့ရှိရသဖြင့် အဓမ္မပြုကျင့်ခံထားရသော လက္ခဏာဖြစ်နိုင်ကြောင်း ကလေးမိခင်အားပြော ခဲ့သည်ဆို၏။

ယင်းသုံးသပ်ချက်အား ကလေးမိခင်က မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော် တစ်ပါးအား လျှောက်ထား အသိပေးခဲ့ရာ ဆရာတော်က မြို့နယ်အုပ်ချုပ်ရေးမှူးအား ယင်းကိစ္စနှင့်ပတ် သက်၍ စစ်ဆေးဆောင်ရွက်ပေးရန် မိန့်ကြားခဲ့သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥပဒေနှင့်အညီ စီစစ်အရေး ယူဆောင်ရွက်ရန်စီမံပေး ခဲ့သည်။

သို့ဖြင့် အဓမ္မမှုကျူးလွန်သည်ဟု အစွပ်စွဲခံရသူအား ယင်းနေ့ညနေ(၅)နာရီခန့်တွင် ဖမ်းဆီးကာ
မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပွားစေရေးအတွက် မြို့ပေါ်နေရာ အနှံ့အပြားတွင် လုံခြုံရေးများတိုး
မြှင့်ချထားပြီး ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။

နေရာအနှံ့အပြားတွင် ပြန့်နှံ့နေသော ကောလာဟလသတင်းများ မှန်ကန်မှုမရှိကြောင်း၊ အချေအ နေမှာအေးဆေးငြိမ်သက်လျှက်ရှိကြောင်းနှင့် ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက်နေကြောင်း ပြည်သူများသိရှိနိုင်စေရန် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးက မီဒီယာများအား အချေ အနေမှန်ကို ရှင်းလင်းပြောကြားခဲ့၍ သတင်းထုတ်ပြန် နိုင်ခဲ့ကြသည်။

မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ တိုင်းဒေသကြီး သာသနာရေး ဦးစီးမှူး ဦးမင်းရွှေလွင်၊
တိုင်းဒေသကြီးဆေးရုံအုပ်ကြီး ဒေါ်ခင်ဦးကြည်၊ မှုခင်းဆရာဝန်ကြီးဒေါက်တာအောင်မျိုးထွန်း၊ ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာဝင်းမာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဥာဏ်မျိုး၊ မြို့နယ်သာသနာရေးဦးစီးမှူးဦး လှမြင့်တို့အဖွဲ့မှ မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင်ဆရာတော်အား စစ်ဆေးတွေ့ရှိချက်များကို သွားရောက် လျှောက်ထားခဲ့ကြရာ မှုခင်းဆရာဝန်ကြီး၏လျှောက်ထားချက်အရ ကလေးငယ်တွင်အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာများ မတွေ့ရှိရဘဲ ဆီးလမ်းကြောင်းတွင် ပိုးဝင်သည့်လက္ခဏာသာ တွေ့ရှိ ရသည်ဆို၏။

by Myanmar News Now