Home » » အခြေခံလူတန်းစားများ လူမှုကူညီရေး အသင်းကြောင့် အဆင်ပြေလာ

အခြေခံလူတန်းစားများ လူမှုကူညီရေး အသင်းကြောင့် အဆင်ပြေလာ

Written By Unknown on Wednesday, September 11, 2013 | 4:28 PM

လှော်ကား ၊ စက်တင်ဘာ ၁၀။ ။ ရွှေ ပြည်သာမြို့နယ်လှော်ကားတွင် လူမှုကူညီရေး အသင်းရောက်ရှိ လာခြင်းကြောင့်သာ အခြေခံလူ တန်းစားများအတွက် အဆင်ပြေ နေရကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ် လှော်ကားတွင် တက္ကစီယာဉ်မောင်းများ မရှိသလောက် နည်းပါးခြင်းကြောင့် ယခင်က ညရေးညတာအချိန်များ တွင် ကျန်းမာရေး အရေးအကြောင်းရှိပါက ဆေးရုံဆေးခန်းသို့သွား ရောက်ရန်အခက်အခဲရှိသော် လည်း ယခုအခါလူမှုကူညီရေးအ သင်းမှ ၂၄ နာရီပတ်လုံးကူညီဖြေ ရှင်းပေးနေမှုကြောင့် အဆင်ပြေ နေရကြောင်း လှော်ကားရှိဒေသခံ များကပြောသည်။

''ညရေးညတာကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်လို့ အကူအညီလိုရင် လူမှုကူညီရေး အသင်းကချက်ချင်း ရောက်လာ တယ်။ ၂၄ နာရီ လူစောင့်ရှိတယ်။ အခြေခံလူတန်းစားတွေအတွက် အချိန်ကုန်၊ ငွေကုန်ကြေး ကျသက် သာတယ်''ဟု လှော်ကား (၁၆)ရပ် ကွက်တွင်နေ ထိုင်သူ ဒေါ်စန်းစန်း ဝင်း ကပြောသည်။

ယခင်က ညအချိန်ကျန်းမာ ရေးအရေးပေါ်အခြေအနေဖြစ် ပါက တက္ကစီငှားရန်အလွန်ပင်ခဲ ယဉ်းကြောင်း၊ ငှားရမ်းလိုပါက တညင်းကုန်းရှိ တက္ကစီသမားများ အား ဖုန်းဆက်၍ခေါ်ယူရကြောင်း၊ တက္ကစီများမှာလဲ အပြန်ခရီးတွင် ခရီးသည်မရမည်ကိုစိုးရိမ်၍ ယင်း ဒေသမှ လာရောက်ငှားရမ်းပါက မလိုက်ချင်ကြကြောင်း သိရသည်။

''အရင်က ညအချိန်တစ်ခု ခုဖြစ်လို့ အရေးတကြီး တက္ကစီငှား ချင်ရင် တညင်းကုန်းထိဖုန်းဆက် ပြီးငှားရတယ်။ ဒါပေမဲ့ အပြန်ခရီး သည်မရမှာကြောက်ပြီး မလိုက် ချင်ကြတာများတယ်။

တက္ကစီငှား နေရတာနဲ့ တင် အချိန်ကြန့်ကြာ နေတော့ အရေးပေါ်အခြေအနေ ဖြစ်နေတဲ့ လူနာတွေအတွက် စိုး ရိမ်နေရတယ်''ဟု ဒေသခံတစ်ဦး ကပြောကြားခဲ့သည်။

အဆိုပါဒေသသို့ လူမှုကူ ညီရေးအသင်းစတင်ရောက်ရှိလာ သည်မှာ တစ်နှစ်နီး ပါးရှိခဲ့ပြီဖြစ် ကြောင်း၊ ယင်းအသင်းရှိနေခြင်း ကြောင့် အခြေခံ လူတန်းစား များ အတွက် အလွန်ပင်အထောက်အ ကူဖြစ်ရကြောင်းဒေ သခံများက ပြောသည်။

စိုးချစ်ချစ်ပိုင်
Yangon Media Group