မှတ်တိုင်မှနေ၍ လမ်းမကြီးအ တိုင်းသူ ခပ်သုတ်သုတ်လျှောက်သည်။ အချိန်ပိုဆင်းရသည့်ညများဆို ဤသို့ နောက်ကျတတ်စမြဲမို့ သူ့အတွက်မဆန်း လှသော်လည်း ညဥ့်နက်လှပြီဖြစ်၍ အိမ်သို့အမြန်ရောက်ရန် စိတ်မောနေမိ သည်။
လမ်းထိပ်မီးတိုင်တွင် အလင်း ရောင်မရှိ။ သို့သော်ပြန်နေကျမို့ သူ့အိမ် ရှိရာ လမ်းချိုးလေးကို မြင်နေရသည်။ သူခပ်သုတ်သုတ် ဆက်လျှောက်သည်။ အနီးရောက်မှပင် လမ်းဘေးအုတ် ဘောင်ပေါ်ထိုင်နေသော လူငယ်လေး ယောက်ကို မြင်လိုက်ရ၍ သူအနည်း ငယ်အရှိန်တန့်သွားမိသော်လည်း ဟန်မ ပျက်ဆက်သွားလိုက်သည်။
လူငယ်များရှေ့ ဖြတ်သွားစဉ် ရ လာသည်က ချဉ်စူးစူးအရက်နံ့။ အနည်း ငယ်လွန်၍ လျှောက်မိစဉ်မှာတော့ သံ ဘူးခွံတစ်ခုကို ကန်လိုက်ဟန်တူသည့် အသံနှင့်အတူ ”ဘယ်ကောင်မှေ-ာက် ဂရုစိုက်စရာ မလိုဘူးကွ”ဟူသော အော် ဟစ်လိုက်သံကို နောက်ကျောဘက်မှ ကြားလိုက်ရသည်။
”ကိုယ့်ပြောတာမဟုတ်ဘူး။ မဆိုင် ဘူးဆိုပေမယ့် နောက်ကျောမလုံသလို ခံစားရပါတယ်။ ကြောက်တယ်တော့ မဟုတ်ပါဘူး။ အရက်ရှိန်နဲ့ သွေးဆူနေ တဲ့ လူငယ်ေ တွလေ။ မသိမသာတော့ သတိထားရတာပေါ့”ဟု ညနက်နက် အလုပ်ပြန်ချိန်များစွာထဲ ကြုံရတတ် သည့်မြင်ကွင်းတစ်ခုကို ကိုအောင်သူက စကားဖြင့်ပြန်သရုပ်ဖော်သည်။
သာကေတမြို့နယ်တွင် နေထိုင် သည့် ကိုအောင်သူက အသက် ၃၅ နှစ်အရွယ်ရှိ ပုဂ္ဂလိကဝန်ထမ်းတစ်ဦး ဖြစ်သည်။
”ဒါအခုမှမဟုတ်ပါဘူး။ ကိုယ်တို့ နှစ်ဆယ်ဝန်းကျင်ကျော်လောက်အထိ ညဆို ဘော်ဒါတွေစုပြီး ဂစ်တာတီး၊ တစ်ခါတလေ သောက်ကြစားကြ ရှိပါ တယ်။ ဒါပေမဲ့ အသားလွတ်တော့ ရိုင်း တာမျိုးမရှိပါဘူး။ သတိထားမိတာက တော့ ခုခေတ်လူငယ်တွေကနည်းနည်း ရမ်းကားနေသလိုပဲ”ဟု သူက လက် ဖက်ရည်ဆိုင်ရှေ့ လမ်းမ ကြီးပေါ် ဆိုင် ကယ်ကို ၃ ယောက်စီးကာ တရကြမ်း မောင်းသွားသော လူငယ်များကို လိုက် ငေးရင်း ပြောသည်။
တကယ်တော့ ညဟူသည် တစ် နေ့တာပင်ပန်းခဲ့သမျှ အိပ်စက်အနား ယူကြသည့် အချိန်အပိုင်းအခြား။ သို့ သော် လူပျို ကာလသားများအတွက် တော့ ထိုအဆိုက အလုံးစုံမမှန်။ ရှေး အစဉ်အဆက် ယဉ်ကျေးမှုအရပင် ကျေးလက်တောရွာများ၌ ညအခါလ သာသာတွင် ကာလသားခေါင်းများက ဦးဆောင်၍ မိန်းမပျိုလေးများအိမ်သို့ လူပျိုလှည့်ခြင်း၊ စကားထာဝှက်ခြင်းစ သော ချစ်စရာရိုးရာဓလေ့များ ပြုမူ လေ့ရှိသော အချိန်လည်းဖြစ်ခဲ့သည်။
ညအချိန်အရပ်တကာလှည့်၊လက် ဖက်ရည်ဆိုင်တွင် အမြစ်ပေါက်မတတ် ထိုင် ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်ကြ ခြင်းက လူငယ်ဘဝ ဖြတ်သန်းခဲ့ဖူးသူ တိုင်း မကင်း ခဲ့သည့် ခေတ်ပင်။ သို့ သော် ထိုခေတ်က ဒီတိုင်းမနေ။ ဖွံ့ဖြိုး တိုးတက်မှု၊ လွတ်လပ်ခြင်းနှင့် အသစ် အဆန်းတို့ကလည်း ရှေ့သို့ရောက်လာခဲ့ ရာ ညယဉ်ကျေးမှုထဲ လက်ဖက်ရည် ဆိုင်များနှင့်အပြိုင် ဘီယာဆိုင်၊ အရက် ဆိုင်များက နေရာအနှံ့ကျောချင်းကပ် ဘိလိယက်ခုံများမှနေ၍ ညလုံးပေါက် အင်တာနက်ဆိုင်၊ ဂိမ်း ဆိုင်၊ ကေတီဗီ၊ မာဆတ်များမှ စိတ်ထင်သလို လွတ်လပ် စွာ ကခုန်မြူးတူး ယစ်မူးနိုင်သော နိုက် ကလပ်များ။
ထိုသို့ အပြိုင်းအရိုင်းထွန်းကားလာ သော ည၏စိန်ခေါ်မှုများနှင့်အတူ လူ ငယ်အချို့၏ ညတို့သည်လည်း သူ့အ ကြောင်းတရားနှင့်သူ မှောင်၍နေလေ သည်။
”ဒီညအိမ်ပြန်မအိပ်ဘူး။ မနက်မှ ပြန်လာမယ်။ အမေပြန်နှင့်”ဟု ခပ်လှမ်း လှမ်းမှ အမျိုးသမီးကြီးကို လည်ပြန်အော် ပြောလိုက်သူက သာကေတမြို့နယ်မှပင် ဖြစ်သည့် ကိုဇင်(အမည်လွှဲ)။
”ကျွန်တော်အိမ်ကို ပြန်ချင်စိတ် မရှိဘူး။ ပြန်ရင်လည်း အိမ်နဲ့ခဏခဏ ပြဿနာတက်နေကျလေ။ ကြာလာတော့ ကျွန်တော်လည်း အပြင်မှာညဘက်တွေ နေရင်းနဲ့ ညပိုင်းအချိန်ကို ပျော်လာ တယ်”ဟု ညကိုသူ့ဘဝအတွက်ရွေးချယ် ဖြစ်ခဲ့ပုံကို သူက ပြောသည်။
သူနှင့် စိတ်တူကိုယ်တူ အပေါင်း အသင်းများစုံမိပါက ညအချိန်ရပ်ကွက် ထဲ သို့မဟုတ် လမ်းမပေါ် ဂစ်တာတီး၊ အရက်သောက်ခြင်းများ လုပ်သည်ဟု ဆိုသည်။
”ညဘက်ဆိုတာ ကျွန်တော်တို့ အ တွက်တော့ အကောင်းဆုံးအချိန် ဖြစ် လာတယ်”ဟု သာကေတ (၈) ရပ်ကွက် တွင် နေထိုင်သူ ကိုဇင်က တစ်စုံတစ်ရာ မထူးခြား သည့်ဟန်ဖြင့် ပြောလိုက်သည်။
ရန်ကုန်ကိုသာမက တစ်နိုင်ငံလုံး ကို လွှမ်းမိုးထားသော နောက်ထပ်လောင်း ကစားတစ်ခုကဲ့သို့ဖြစ်နေသော အင်္ဂလန် နှင့် နိုင်ငံတကာဘောလုံးပွဲ ရာသီများ တွင်တော့ ”တစ်ခါတလေ ဘောလုံးပွဲနိုင် လို့ပိုက်ဆံလေးလက်ထဲရှိရင် နိုက်ကလပ် တို့ ဘာတို့တက်ဖြစ်တယ်။ ဘော်ဒါတွေ ထဲမှာလည်း ပိုက်ဆံရှိတဲ့သူတွေပါတော့ သူတို့ကို လည်း ချောဆွဲပေါ့။ ကျွန်တော် တို့အတွက်တော့ ညဆိုတာ လွတ်လပ် တာအမှန်ပဲ”ဟု သူက ဆိုသည်။
ထို့အတွက် အိပ်ရာဝင်ချိန်က မနက် ၃ နာရီ၊ ၄ နာရီ၊ နေ့လယ်မွန်း တည့်မှသာထ။ တစ်နေကုန် အိမ်တွင်း အောင်းကာ ညနေစောင်းတွင် အပြင် စထွက်သည်ဟု သူက ရှင်းပြသည်။
”ဒါကျွန်တော့်ရဲ့ အလုပ်ပဲ”ဟု သူ ကဆိုပါသေးသည်။
တကယ်တော့ ထိုမျှလောက်ဆိုပါ က သမားရိုးကျဆန်သည်ဖြစ်၍ ပြော လောက်စရာမရှိပါ။ သို့သော် …
”တစ်ခါတလေကျွန်တော်တို့ အရက် မူးလာရင် ကျွန်တော်တို့ကိုလာကြည့်ရင် ကို စိန်ခေါ်တယ်လို့ထင်ပြီး မိုက်ကြေးခွဲ မေးမိတယ်။ တစ်ဖက်က မချေမငံပြန် ပြောရင် ထထိုးချင်ထိုးတာ။ ရိုက်ချင် ရိုက်တာ။ တွေ့ရာကြုံရာနဲ့ ထလုပ်လိုက် တာပဲ”ဟု သူတို့ညတွေထဲ ရှိတတ်သည့် ဖြစ်ရပ်များကို ကိုဇင်က ပြောသည်။
သူက ဘာမှအရေးမကြီးသည့် ဟန်နှင့်ပင် ”အချုပ်တို့ ထောင်တို့က တော့ အမြဲကျနေကျပဲ”ဟု ဆိုပါသည်။
ဤသို့နေထိုင်ခြင်းအခြေအနေကို အပြောင်းအလဲ ဖြစ်စေရန် ကြိုးပမ်းမှု သို့မဟုတ် အလုပ်အကိုင်နှင့်ပတ်သက် ၍ မေးမြန်းသည့်အခါ ကိုဇင်က
”အလုပ်ကတော့ ကျွန်တော်က ဆယ်တန်းတောင် မအောင်တာ မှန်း ထားတဲ့ အလုပ်က ဘယ်လိုရမှာလဲ။ အလုပ်က ဘွဲ့ရတို့ဘာတို့ပဲခေါ်တာလေ။ ကျွန်တော်ကတော့ အလုပ်ရွေးမရတော့ ကြုံရာပဲ။ ဆိုက်ကားနင်းတယ်။ စက်ဘီး ကယ်ရီဆွဲတယ်။ ထောင်ကျဖူးတော့ အလုပ်ဆိုတာရွေးလို့မရတော့ဘူး။ အဲဒီ မှာပဲ ဒီလိုမျိုးညတွေ ကို ကျေနပ် လာ တယ်”ဟု ပွင့်လင်းစွာ ပြောသည်။
(မာနာ) MANA ဟု လူသိများ သည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့် ကျင်ရေးအသင်းကို ပင်မ အဖွဲ့အစည်း အဖြစ်ထားရှိပြီး လွန်ခဲ့သည့် ၁ဝ နှစ်ခန့် က စတင် တည်ထောင်ခဲ့သည့် ‘လူငယ့် အားမာန်’အသင်း၏ ဥက္ကဋ္ဌဦးမြင့်စိုးက မူ လူငယ်များ လမ်းပေါ်ရောက်လာ ခြင်းက မူးယစ်ဆေးဝါးသုံးစွဲမိရန် အ တွက် အခွင့်အလမ်းများေ ကြာင်း သုံး သပ်သည်။
လူငယ်များ ယင်းသို့ လေလွင့်နေ ထိုင်ခြင်းနှင့် ပတ်သက်၍လည်း ၄င်းက လူငယ်များရရှိထားသည့် ဘွဲ့များနှင့် အလုပ်အကိုင်များက သူတို့မျှော်မှန်း ထားသကဲ့သို့ မဖြစ်သည့်အချက်သည် လည်း အကြောင်းရင်းတစ်ချက်ဖြစ်မည် ဟုဆိုသည်။
”လူငယ်တွေဆိုတာ အမြဲတက် ကြွနေကြတာပါ။ သူတို့ရှေ့ခရီးအတွက် အဆင်သင့်ဖြစ်နေကြတာပါ။ ဒါပေမဲ့ သူတို့လုပ်ချင်သလို ဖြစ်မလာတဲ့အခါ ဖြစ်သလိုတွေ လုပ်ကြတာပေါ့”ဟု ဦးမြင့် စိုးက ထပ်လောင်းသုံးသပ်သည်။
လူငယ့်အားမာန်အသင်းသည် အ ဓိကအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့် ထောင်ဒဏ်ကျခံခဲ့ရဖူးသည့် လူငယ်များအတွက် စိတ်ဓာတ်ပိုင်းဆိုင် ရာနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေသောအသင်း ဖြစ်သည်။
”လူငယ်တော်တော်များများက ဒီဟာ လုပ်ပါ၊ ဟိုဟာလုပ်ပါဆိုတာမျိုး ဘောင် ခတ်တာမကြိုက်ဘူး။ လွတ်လွတ်လပ် လပ်ပဲ။ ဒါပေမဲ့ လူငယ်တွေက လူမိုက် စစ်စစ် မဟုတ်တော့ ဘယ်လောက်အ တိုင်းအတာထိကိုင်လိုက်မယ်ဆိုတာမျိုး လည်း မရှိပါဘူး။ ကိုယ့်ရင်ထဲမှာ ရှိတဲ့ မကျေနပ်ချက် အစိုင်အခဲသေးသေးလေး တွေ၊ အဲဒါတွေကို စုထားပြီးသူများအ ပေါ်ကို ပုံချတာ။ တချို့ ကိုယ့်အသား ကိုယ် ပြန်လုပ်တာမျိုးလည်းရှိတယ်လေ” ဟု ဒဂုံမြို့နယ်တွင်နေထိုင်သည့်အသက် ၂၅ နှစ်ဝန်းကျင်ရှိ ကိုဇော်ေ ဇာ်(အမည် လွှဲ)က ပြောသည်။
သူသည်လည်း လူငယ်စိတ်ဖြင့် သောင်းကျန်းခဲ့သည်များ ရှိသည်။ လွန် ခဲ့သော ဆယ်နှစ်ဝန်းကျင်က ရန်ကုန်နှင့် မနီးမဝေးသူ၏ ဇာတိနယ်မြို့မှ ဆပ်ကပ် ပွဲတစ်ခုတွင် လက်မှတ်မပါဘဲ ရုံထဲဝင် ရန် ကြိုးစားသည့် သူငယ်ချင်းဖြစ်သူကို ရုံပေါက်စောင့်သူက ထိုးကြိတ်လွှတ် လိုက်ရာမှ သူငယ်ချင်းကိုထိ၍ သူတို့ အဖွဲ့လိုက် လူစုပြန်သွားကာ ရိုက်နှက် ပြဿနာရှာခဲ့ဖူးကြောင်း၊ ယင်းအတွက် လည်း အထိန်းသိမ်းခံခဲ့ရကြောင်း သူက ပြန်ပြောပြသည်။
”အဲဒီ အချိန်တုန်းက ကျွန်တော့် စိတ်ထဲ ဘယ်လိုအခံမျိုးရှိနေလဲဆိုတော့ ကျိုက်ထီးရိုးကိုသူငယ်ချင်းတွေနဲ့ စုသွား ဖို့အိမ်က ပိုက်ဆံတောင်းတာ မပေးနိုင် ဘူးတဲ့။ ရော့ ယူချင်ယူ မယူချင်နေဆိုပြီး ပိုက်ဆံငါးရာထုတ်ပေးတယ်။ ဖားသား ကြီးက(သူ့စကားအတိုင်း)အဲဒီအချိန်မှာ နောက်အိမ်ထောင်နဲ့ ရတဲ့သားကို ကျ ပွဲဈေးသွားဖို့ ပိုက်ဆံ တစ်ထောင်၊ အင်္ကျီ တစ်ထည် ဂျင်းဘောင်းဘီတစ်ထည် ဝယ်ပေးတယ်။ အဲဒီမှာ ကျွန်တော့်စိတ် က အရမ်းသိမ်ငယ်တဲ့စိတ်ဖြစ်သွားတယ်။ ထမင်းစားချိန်ဆိုလည်း
သူများစားချိန် မစားရဘူး။ အဲဒါတွေက စုနေတာ။ သူ ငယ်ချင်း သွေးသံရဲရဲနဲ့ခံပြီးလာတာတွေ့ ရတော့ ပေါက်ကွဲသွားတာပါပဲ” ဟု ကိုဇော်ဇော်က ထိုစဉ်ကသူဒေါ သဖောက် ခွဲမိသည့် အကြောင်းကို ရင်ဖွင့်ပြော သည်။
သူနှစ်နှစ်သားမှစ၍ မိဘများအိမ် ထောင်ပျက်ကြသည်။ ပထမ မိခင်နှင့် နေသော်လည်း မိခင်က သူလေးတန်းနှစ် တွင် နောက်အိမ်ထောင်ပြုခဲ့ပြန်ရာ အ ဘိုးအဘွား များနှင့် သူနေခဲ့ရသည်။
”အဲဒီတုန်းက အမေက နယ်သွား ရင်း အိမ်ထောင်ပြုတာကို စာပဲပို့လိုက် တာ။ စိတ်က အဲဒီမှာ အရမ်းပေါက်ကွဲ နေတတ်ပြီ။ အမေယူတဲ့ယောက်ျားကို လည်း အဲကောင် ကြီးကိုသတ်မယ်ပေါ့။ နောက်ကျတော့ အမေ့ကိုပါ စိတ်ထဲသိပ် မရှိတော့သလိုဖြစ်သွားတယ်” ဟု သူက သူ့စိတ်အနာကို ပြောသည်။
နောက်တော့ အဘိုးအဘွားတို့ စီးပွားကျ။ သူ့ကျောင်းသားဘဝ ပျက်စီး ခြင်းစကာ ဆိုးသွမ်းခဲ့သည်ဟု ဆိုသည်။ လည်ကတုံးအင်္ကျီဖြူမရှိ၍ ကျောင်းပြေး ခဲ့သည့်ရက် များသာမက အဖိုးအိမ်တွင် နေမကောင်းသည့်ကြားမှ အိမ်တွင် အ ပျော်တမ်းဖဲရိုက်ရာမှ ရဲက တက်ဖမ်း။ သူ့နာမည်ဖြင့် သီးသန့်ဖယ်ထားဝယ်ပေး ထားသော အိမ်ကို ရောင်းပြီး အာမခံရ။ ထိုမှစကာ သူ ပုန်ကုန်တော့သည်ဟု ကိုဇော်ဇော်ကဆိုသည်။
နောက်တော့ သူ့အဖေဆီ ပြန် ရောက်သော်လည်းအဆင်မပြေ၍ ဘုန်း ကြီးကျောင်းသို့ပင် ပို့ထားခဲ့ရသည်ဟု ဆိုသည်။ ထိုအကျိုးဆက်က သူ့ကို ရန်ကုန်တက်ရန် တွန်းအားပေးခဲ့ပြီး အင်းစိန်ငါးဈေးတွင် အလုပ်လုပ်ကိုင် ကျင်လည်မိရာမှ လူဆိုးလူမိုက်ဟု ပတ် ဝန်းကျင်ကသတ်မှတ်ထားသည့် လူများ နှင့် ပေါင်းဖက်မိသည်ဟု ဆိုပါသည်။
”အဲဒီတုန်းကဆို ဘယ်လောက် တောင် သွေးကြွလဲဆို ဈေးထဲက မျက်စိစောင်းတဲ့ကောင်ကိုတောင် ငါ့ကို စောင်းကြည့်တယ်ဆိုပြီး ဖြတ်ရိုက်ပစ် တာ”ဟု ကိုဇော်ဇော်က ဆိုလိုက်ပြီး ထို အရပ်ရောက်မှပင် သူသည်လည်း ပတ် ဝန်းကျင်စရိုက်အရ ငါချင်းမိုးမွှန်အောင် အဆဲလေးဖြင့် ပြောတတ်လာသည်ဟု ပြောသည်။
သို့သော် သူက သူ့ဘဝဖြတ်သန်း ခဲ့မှုနှင့် သူ့ကဲ့သို့ အိမ်နှင့် တစ်စုံတစ်ခု သောအကြောင်းရင်းကြောင့် လေလွင့် ကာ ညအချိန်မတော် ပျော်ပါးနေတတ် ကြသည့် လူ ငယ်များတွင် ဖြစ်တတ် သည့်အခြေအနေကို နှိုင်းယှဉ်ပြောပြ ခြင်းဖြစ်သည်။
လက်ရှိတွင် သူကတော့ တက္ကသိုလ် တက်ရင်းဆုံခဲ့ရသည့် သူငယ်ချင်းတစ် ယောက်နှင့် သူ့မိဘများကြောင့်ပင် ထို စရိုက်အမူအကျင့်များကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု ကိုဇော်ဇော်ကဆိုသည်။
”တကယ်တော့ လူငယ်တွေလမ်း ပေါ်မှာ တေပေလေလွင့်နေတယ်ဆိုတာ မိသားစုအတွင်းရေး မပြေလည်တာတွေ၊ ငွေကြေးမပြေလည်တာတွေကြောင့် ရှိ သလို နောက်တစ်ခုကတော့ ကိုယ်ကိုယ် တိုင်က အကျင့်စာရိတ္တ မကောင်းလို့ လည်းဖြစ်နိုင်ပါတယ်”ဟု သူက သူ့ဖြတ် သန်းမှုအတွေ့အကြုံအရ သုံးသပ်ပြော သည်။
လူငယ့်အားမာန်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကလည်း ”လူငယ်တွေကလည်း အဲလိုမျိုးမလုပ်ဘဲ ကိုယ့်ရှေ့က လူငယ်တွေရဲ့ဖြစ်ပျက်ခဲ့တာမျိုးတွေကို သင်ခန်း စာယူရမှာေ ပါ့။ မှားသွားတဲ့ဟာတွေကိုသင်ခန်းစာယူတတ်ရမယ်။ ဒါပေမဲ့ ခုလူငယ်တွေက အဲလိုလုပ်တဲ့သူ ရှား လာတယ်” ဟု သုံးသပ်သည်။
အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဌေးဝင်းကလည်း ”ဘွဲ့ရတယ်။ ဆယ် တန်းအောင်တယ်။ ပြင်ပမှာ အလုပ်အ ကိုင်က တကယ်တမ်းဆိုခက်တယ်။ ဒါ မျိုးဖြစ်လာတယ်ဆိုတာ အလုပ်မရှိခြင်းရဲ့နောက်ဆက်တွဲလို့ထင်တယ်။ ကိုယ် ကိုယ်တိုင် ထိန်းသိမ်းမှုရှိရင်တော့ ဒါမျိုး ပြဿနာတွေ အဆင်ပြေသွားနိုင်မှာပါ”ဟု လမ်းပေါ်လေလွင့်နေသည့် လူငယ် များနှင့်ပတ်သက်၍ ၄င်းအမြင်ကိုဆိုသည်။
¤င်းတို့၏ ကော်မတီအနေဖြင့်မူ လတ်တလောတွင် တောင်သူလယ်သ မားအပိုင်းကိုသာ လုပ်နေရပြီး အဆိုပါ အရေးပြေလည်သွားပါက လူငယ်များအ ပိုင်းကို စတင်လုပ်ဆောင်ဖြစ်မည်ဟု ဆိုသည်။ လူငယ်များအရေးနှင့်ပတ် သက်၍မူ စီမံချက်များဖြင့် ဆောင်ရွက် ပါမည်လားအမေးကိုမူ ”စီမံချက်ရယ်လို့ တော့ အတည်တကျ မချရသေးပါဘူး။ တကယ်လို့ အဲဒီအပိုင်းကို သွားဖြစ်ရင် တော့ အလုပ်အကိုင်ပိုင်းကို သွားမယ်လို့ ကျွန်တော်တစ်ဦးတည်း အနေနဲ့တော့ ထင်ပါတယ်” ဟု ဦးဌေးဝင်းက ပြော သည်။
ညနေပိုင်းဖွင့်သည့် လက်ဖက်ရည် ဆိုင်တွင်ထိုင်နေသည့် အဖွဲ့ထဲမှ ၂၇ နှစ်အရွယ်ရှိ သင်္ဃန်းကျွန်းနေသူ ကိုညီ (အမည်လွှဲ)က သူ့ဆံပင်ရှည်များ ကိုအသာအယာ သပ်တင်လိုက်ပြီး ဘော် ဒါများနှင့် အခုကဲ့သို့ ညဘက် လက်ဖက် ရည်ဆိုင်ထိုင်ရခြင်းကို နှစ်သက်ကြောင်း ဝန်ခံလိုက်ကာ”ကျွန်တော်က ဇူးမေဂျာ နဲ့ကျောင်းပြီးသွား ပြီ။ နိုင်ငံခြားသွားဖို့လုပ် နေတယ်။ ညဘက် အပြင်ထွက်တိုင်း ပျက်စီးနေတယ်လို့တော့ ပြောလို့မရ ဘူး။ ဒါတွေက တချို့တစ်ဝက်ပါ” ဟု ပြောသည်။
”ဒီအချိန်မှ လွတ်လွတ်လပ်လပ် မနေရရင် ဘယ်အချိန်မှာ နေရမှာလဲ။ လွတ်လပ်မှုဆိုတာ ငွေပေးဝယ်လို့မှ မရ တာ” ဟု ပြောလိုက်သူကတော့ အသက် ၂၃ နှစ်အရွယ်ရှိ တာမွေတွင် နေထိုင်သူ လိပ်ပု(အမည်လွှဲ)ဖြစ်သည်။ သူကတော့ သူငယ်ချင်းသုံး ယောက်စုံလျှင် ညလုံး ပေါက်ဂိမ်းဆိုင်နှင့် တစ်ခါတစ်ရံ အပန်း ဖြေနေရာများ သို့သွားကြောင်းပြောသည်။
”အိမ်ကတော့ ဒီလိုမျိုးတွေ သွား တာ လာတာမကြိုက်ဘူး။ မနိုင်လို့လွှတ် ထားတာ။ အိမ်မှာနေရတာ ညည်းငွေ့ လို့။ အကြောင်းမရှိအကြောင်းရှာပွမ်နေ တာကိုး”ဟု အိမ်မကပ်သည့်သူ့အကြောင်း ပြချက်ကို ထိုသို့ ပြောလိုက်သေးသည်။
သူတို့ကလည်း ညအချိန်ကျက် စားသည့်အခါ လူငယ်သဘာဝ ရန်ဖြစ် ပြဿနာတက်ခြင်းများ ရှိတတ်ကြောင်း သက်သေထူသည်။
”ကျွန်တော့်ကို ထိရင်တော့ မရ ဘူး။ အဲဒါကို ပြန်လုပ်လိုက်ရမှ ကျေနပ် တာ။ တစ်ခါတလေအိမ်နဲ့ အဆင်မပြေ ရင်လမ်းပေါ်မှာပဲပေါက်ကွဲပစ်တာတော့ ရှိတာပေါ့” ဟု သူ့အနေအထားနှင့်ယှဉ် ၍ ပြောသည်။
လက်ရှိအချိန်တွင် ဆရာသမား ကောင်းနှင့်တွေ့၍ တည်ငြိမ်သောလမ်း တစ်ခုကိုလျှောက်လှမ်းနေသော ရေ ကျော်တွင်နေထိုင်သည့် ကိုဗလကတော့ သူ့လူငယ်ဘဝ ရှင်သန်ခဲ့ပုံကို ပြန်ပြော ပါသည်။
”ကျောင်းသားဘဝ ကတည်းက သူငယ်ချင်းတွေနဲ့ ညတိုင်းလျှောက် သွားကြတယ်။ ရေကျော်မှာက သိတဲ့ အတိုင်းပဲ ခဏခဏပြဿနာတက်ကြ တယ်။ ကိုယ်တွေက လည်း အဲဒီတုန်းက လူငယ်အထာနဲ့ဆိုတော့ ထစ်ခနဲရှိ ကိုင်တာပဲ” လက်ရှိတွင် အသက် ၃၅ နှစ်ဝန်းကျင်ရှိ ကိုဗလက ဆိုသည်။
”အဲအချိန် ပတ်ဝန်းကျင်ကတော့ ဆိုးသွမ်းတဲ့ကောင်တွေပေါ့။ ကိုယ့်ကိုယ် ကိုယ်ကျတော့ မှန်တယ်ထင်ရင်လုပ်တဲ့ သူပေါ့”ဟု ကိုဗလက ထိုစဉ်က လူငယ် အတွေးကို အပြုံးဖြင့် ပြန်ပြောပြသည်။ လူငယ်ဘဝက လွတ်လပ်မှုမရှိမဟုတ်။ ရှိပါသည်။မည်သည့်မိဘမဆို မိမိသား သမီးတိုင်းအား ဖြစ်ချင်တာဖြစ်ဟု သဘောထားချင်ကြမ ည်လည်း မဟုတ် ပါ။ သို့သော် တစ်ခါတစ်ရံတွင် မိမိကိုယ် တိုင်၏ စိတ်ခံယူချက် စရိုက်လက္ခဏာ များအရ ဤသို့ရွေးချယ်ကြခြင်း ဖြစ်နိုင် သလို တစ်ခါတစ်ရံတွင်တော့ မိသားစု သို့မဟုတ် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုများ ကလည်း တွန်းပို့နေသကဲ့သို့ ဖြစ်နိုင် ပါသည်။ လက်ရှိတွင် လူငယ်များအ တွက် သူတို့ပြောချင်သည်များ၊ လုပ် ချင် သည်များနှင့် လိုအပ်ချက်ပုံစံများ သိလာရန်ရည်ရွယ်၍ National Youth Policy ကို ဆောင်ရွက်ရန် စီစဉ်နေ ကြောင်းNational Youth Congress မှ ကိုဘိုဘိုက ပြောသည်။
သို့သော် သူတို့အနေဖြင့်လေလွင့် ပြီး ရည်မှန်းချက်ပျောက်ဆုံးနေသော လူငယ်များကိုရှာဖွေကာ ကူညီပေးနိုင် ခြင်းမျိုး လုပ်ကိုင်နေခြင်းမရှိသေးပါဟု ကိုဘိုဘိုက ဆိုသည်။
”အဓိကကတော့ နှစ်ချက်ရှိတယ် လို့မြင်ပါတယ်။ ပညာရေးပြဿနာနဲ့ အ လုပ်အကိုင်ပြဿနာပေါ့။ ပညာရေးအ ခြေအနေနဲ့ အလုပ်အကိုင်တွေက လူ ငယ်တွေနဲ့ အံဝင် ခွင်ကျဖြစ်တာမျိုး မဖြစ်သေးတာတွေကြောင့် လူငယ်တွေ က တဖြည်းဖြည်း ကိုယ်ကြိုက်တာကိုယ် လုပ်ရင်း လွင့်လာတဲ့ပုံစံမျိုးပေါ့”ဟု သူ က ရှင်းပြသည်။
ဆက်လက်၍¤င်းက ”နောက်တစ် ချက်က အဲလိုမျိုးဖြစ်လာတဲ့အခါ မူးယစ် ဆေးစွဲတဲ့အခြေအနေမျိုး ရှိလာနိုင် တယ်”ဟု သူက သုံးသပ်သည်။
¤င်းတို့အဖွဲ့အနေဖြင့် လူငယ်များ အတွက် ကိုယ်စားပြုနိုင်မည့် မူဝါဒတစ် ရပ်ကိုပြဋ္ဌာန်းနိုင်ဖို့နှင့် တစ်နိုင်ငံလုံးလွှမ်း ခြုံနိုင်မည့် ဥပဒေတစ်ရပ်မျိုး ပေါ်ပေါက် လာရန် ၂ဝ၁၂ နောက်ပိုင်းမှစ၍ဆောင် ရွက်နေပြီး လက်ရှိတွင်တော့ လုပ်ကိုင် ရန် အဆင့်များစွာ ကျန်ရှိနေသေး ကြောင်း ဆိုပါသည်။
”ဒီပေါ်လစီဟာ ပြဋ္ဌာန်းချက်၊သတ် မှတ်ချက်တစ်ခုမဟုတ်ဘဲ လူငယ်ထုရဲ့ အသံ၊ လူငယ်တွေရဲ့ဆန္ဒ။ ဒါတွေကို အ ကာအကွယ်ပြု ဖော်ဆောင်ပေးနိုင်မယ့် အချက် မျိုးတွေဖြစ်စေချင်တယ်။ အဲဒီအ တွက်လည်း လူငယ်တွေနဲ့ပဲအဓိက ပူး ပေါင်းဆောင်ရွက်နေပါတယ်”ဟု ကိုဘို ဘိုက ဆိုပါသည်။
မည်သို့ပင်ဆိုစေ ညရှိလျှင် အဆို ပါမြင်ကွင်းများလည်း ရှိနေဦးမည်ပင်။ မြေနီကုန်းတစ်နေရာမှ လမ်းလယ်ကျွန်း တစ်ဖက်တစ်ချက်တွင် လူငယ်လေး ယောက် မတ်တပ်ရပ်က စကားပြောနေ ကြသည်။ သူတို့ ဟန်ပန်ကငယ်ရွယ်သေး မှန်းသိသာသော်လည်းဝတ်စားထား သည့်ပုံက တကယ့်လမ်းသရဲဟစ်ပီများ ကဲ့သို့ပင်။ လက်ထဲတွင်လည်း စီးကရက် ကိုယ်စီနှင့် ဟန်ပါပါကိုင်တွယ်ပြီး တစ် ချက်ရှိုက်လိုက်ကာ မီးခိုးများ ပမာမ ခန့်မှုတ်ထုတ်လိုက်ပုံက တကယ့်ဝါရင့် အရွယ်ရောက်လူကြီး များစတိုင်။
”ကျောင်းဆက်မတက်ဘဲ ၉ တန်း နဲ့ထွက်လိုက်တာ။ နေတာကဒီမှာ မဟုတ် ပါဘူး။ သမိုင်းနားမှာပါ။ ဒီမှာကညတိုင်း ဘော်ဒါတွေနဲ့စုတယ်။ ဂစ်တာတီးသီချင်း ဆိုတယ်။ အရက်လည်းသောက်တယ်ပေါ့ ဗျာ” ဟု သူတို့ထဲမှ ၁၅ နှစ်အရွယ်ရှိ ကျော်လေး(အမည်လွှဲ)က ပြောသည်။
သူကတော့ ငယ်စဉ်က တီဗီဂိမ်း ကစားခြင်းကို ဝါသနာ ပါကြောင်း၊ ကျောင်းမှပြန်လာသည်နှင့် ဝင်ဆော့၊ သို့သော်ကြာမြင့်လာသည်နှင့်အမျှ အိမ် က ပေးမဆော့၊ မုန့်ဖိုးလည်းမရတော့ဟု ကျော်လေးကပြောသည်။
ထိုအခါသူငယ်ချင်းများက တစ်ခါ တစ်ရံဆော့ကစားရန် စိုက်ပေးသော် လည်း အမြဲတမ်းတော့မရ။ ထိုမှစကာ လမ်းပေါ်မှာ ဂစ်တာတီးအရက်သောက် နေသည့် အစ်ကိုကြီးပိုင်းများက ခေါ် ရာမှ ဂိမ်းဆိုင်မသွားနိုင်သည့်အခါ သူ တို့နှင့်ပင် လမ်းဘေးမှာထိုင်ရခြင်းကို ကြိုက်သွားခြင်းဟု ကျော်လေးက ဝန်ခံ သည်။ ခုလက်ရှိ အခြေအနေမှနေ၍ ပြောင်းလဲကာ လုပ်ခွင့်ရမည်ဆိုပါက ဘာလုပ်ချင်ပါသလဲဟု မေးသည့်အခါ မှာတော့ ကျော်လေးက ဒူးဆစ်အထိဖြဲ ထားသော ဂျင်းဘောင်းဘီကို တစ်ချက် သပ်၊ဟပြဲဖွင့်ထားသော အင်္ကျီကို ဟန်ပါပါ ပင့်မလိုက်ရင်းမှ ”ခုချိန်ကနေ ကျော်မတွေးသေးဘူးဗျာ။ ခုက အေး ဆေးတယ်။အိမ်ပြန်အိပ်ချင်အိပ်၊ မအိပ် ချင် မအိပ်ဘူး။ ဘော်ဒါတွေနဲ့ စား သောက်။ နောက် ကျွန်တော့်အရည်အ ချင်းနဲ့ ဘာအလုပ်ရမှာလဲ။ ရတဲ့အလုပ် ကရော ကောင်းမလား”ဟု ပြန်မေးလိုက် သည်။
ဘဝစုံခဲ့ပြီး လက်ရှိတွင် ဆိုးသွမ်းမှု များကို ပြုပြင်နေထိုင်နေပြီဖြစ်သည့် ကိုဇော်ဇော်ကတော့ သူ့ဘဝခံစားချက်မှရလာသည့်အသိနှင့်ယှဉ်ကာ ” ဒါမျိုး တွေမဖြစ်ဖို့ လူငယ်တွေနဲ့ မိဘတွေကြား မှာ ပွင့်လင်းပြီး နားလည်မှုရှိတဲ့ ဆက် ဆံရေးမျိုးရှိရမယ်။ မိဘကလည်း သား သမီးဘာပြောချင်တယ်ဆိုတာ သူ့အဖြေ ကို အချိန်ပေး နားထောင်ပေးပြီး သား သမီးဘက်ကလည်း အခွင့်အရေးပိုယူ တာမျိုးတော့ မဖြစ်သင့်ဘူး” ဟု အလေး အနက်ပြောလိုက်သည်။
ညသည် ပင်ကိုက အမှောင်ဟုဆို သော်လည်း လူတို့ဖန်တီးထားသော အ လင်းများဖြင့် အမှောင်ကို တတ်နိုင်သမျှ ဖုံးဖိထားကြသည်ဟုဆိုရပါမည်။ သို့ သော် ထိုအ လင်းများမရှိ၍ မှောင်ခြင်း ထက် လူငယ်တိုင်းတွင် ရှိရမည့် ဘဝ ရည်မှန်းချက် သို့မဟုတ် အနာဂတ်လမ်း အတွက် စိတ်ကူးမျှော်လင့်ချက်အိပ်မက် ဟူသော အလင်းမ ရှိသော ဘဝများ ကြောင့်ပင် ညတို့သည် ပင်ကိုအမှောင် ထက် ပို၍ပို၍ ညဥ့်နက်မှောင် မိုက်နေ ရသည် ဆိုပါက …….. ……….။
သတင်းအချက်အလက် – ရန်နိုင်၊
စိုင်းလမင်း၊ သုတလင်း
အောင်ခွန်းဆက် စုစည်းရေးဖွဲ့သည်။
Popular Myanmar News Journal