Home » » ဘက်ထရီရှော့ရိုက် ငါးဖမ်းမှုများသည့်အတွက် ချောင်းမြောင်းများအတွင်း ရေပျော်ငါး ပုဇွန်ရှားပါးလာ

ဘက်ထရီရှော့ရိုက် ငါးဖမ်းမှုများသည့်အတွက် ချောင်းမြောင်းများအတွင်း ရေပျော်ငါး ပုဇွန်ရှားပါးလာ

Written By Unknown on Sunday, September 1, 2013 | 1:43 PM

မိုးရာသီကလေးဒေသမြစ် ချောင်းအင်းအိုင်များအတွင်း ရေများချိန်ဘက်ထရီရှော့
ရိုက် ငါးဖမ်းသူများ ပေါများလာနေပြီး သက်ဆိုင်ရာတို့မှ အရေးယူတားဆီးမှုနည်း
ပါးသည့်အတွက် ဒေသတွင်း ရေပျော်ငါးပုဇွန်များ ပျောက်ကွယ်လာနေကြောင်း
ဒေသခံတစ်ဦးက ပြောသည်။

“ကလေးဒေသ ချောင်းမြောင်းတွေမှာ ဘက်ထရီရှော့ရိုက် ငါးဖမ်းကြတာနှစ်တိုင်း
ထက်များလာတယ်။ အခုဆိုရင် ချောင်းတိုင်းမြောင်းတိုင်းမှာ ပေါ်ပေါ်တင်တင်
ဘက်ထရီရှော့ရိုက် ငါးဖမ်းနေကြတယ်။ ဒေသတွင်းတံငါတွေကလည်းဟိုတုန်းက
လို ပိုက်တန်းချ ယက်သဲ့ထိုး ငါးရှာတာမျိုး မလုပ်ကြတော့ဘူး။ သူတို့လည်းဘက်
ထရီရှော့ရိုက် ငါးဖမ်းနေကြတယ်။ အခုဆိုရင် ကလေးမြို့ဝန်းကျင် ချောင်းမြောင်း
တွေအတွင်းမှာ ရေပျော်သားငါးရှားပါးနေပြီ”ဟု ပြောပြသည်။

ကလေးဒေသသည်ချောင်းမြောင်း အင်းအိုင်အလွန်ပေါများသည့် ဒေသဖြစ်ပြီး၊
ယခင်က သဘာဝသား ငါးပုဇွန်ဈေးချိုချိုနှင့် ၀ယ်ယူစားသုံးနိုင်သောဒေသဖြစ်
သည်။ ယခုအခါ သားငါးပုဇွန် ရှားပါးလာနေသည့်အတွက် သားငါးပုဇွန်ဈေးကြီး
မြင့်နေသည်။ ကလေးဒေသ ဘက်ထရီရှော့ရိုက်ငါးဖမ်းမှု အများဆုံးတွေ့ရသည့်
ဒေသမှာ ကလေးမြို့မြောက်ပိုင်းပြည်တော်သာ၊ ပျဉ်းခုံကြီး၊ချောင်းဦး၊ပျဉ်းခုံလေး
ကျေးရွာဝန်းကျင်ရှိ ချောင်းမြောင်းများတွင်ဘက်ထရီရှော့ရိုက်ငါးဖမ်းနေသူအများ
ဆုံးတွေ့ရသည့်ဒေသဖြစ်သည်။ ကလေးဒေသတွင် ဘက်ထရီရှော့ရိုက် ငါးဖမ်း
နေမှုကို သက်ဆိုင်ရာမှ အလေးထားဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။

ပန်းချယ်ရီ
The Light of Mandalay