Home » » ကန့်ဘလူအကြမ်းဖက်မှုတွင် သံသယရှိသူ ၁၁ဦးကို ရွှေဘိုအကျဉ်းထောင် တွင် စတင်စစ်ဆေးပြီ

ကန့်ဘလူအကြမ်းဖက်မှုတွင် သံသယရှိသူ ၁၁ဦးကို ရွှေဘိုအကျဉ်းထောင် တွင် စတင်စစ်ဆေးပြီ

Written By Unknown on Sunday, September 1, 2013 | 2:08 PM

ကန့်ဘလူ အကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သူဟု သံသယရှိသူ ၁၁ဦး ကို ရွှေဘိုအကျဉ်းထောင်တွင် စ တင် စစ်ဆေးနေပြီဖြစ်ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယင်း အပြင် စစ်ဆေးနေသူ များထံမှ ထပ်မံသိရှိရသည့် အ ကြောင်းအရာများနှင့်ပတ်သက် ၍ ကျန်ရှိသည့် သင်္ကာမကင်းသူ များကို ထပ်မံဖမ်းဆီးသွားရန် အစီအစဉ်များရှိကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ရဲတပ် ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး က ''ကန့်ဘလူမြို့က လူတွေပါ။ အမျိုးသားတွေ ချည်းပဲ။ သူတို့ ကိုတော့ စစ်ဆေးနေတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့က သက်သေ အထောက်အထား ခိုင်လုံအောင် လုပ်ရသေးတယ်။ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက် တဲ့သူတွေ လို့တော့ လောလောဆယ်ယူဆ လို့ ဖမ်းထားပြီး စစ်နေတာပါ''ဟုပြောသည်။

ယင်းကဲ့သို့ အကြမ်းဖက်မှု တွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက် ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူက ''ကျွန်တော် တို့အနေနဲ့ကတော့ ဒီလိုအကြမ်း ဖက်မှု လုပ်ရပ်တွေ ထပ်မံမဖြစ် ပွားအောင် ကာကွယ်နေပါတယ်။ ဒီလောက်ပဲ ပြောလို့ရမယ်''ဟု ပြောသည်။

ဩဂုတ်၂၄ရက်က စစ်ကိုင်း တိုင်း ကန့်ဘလူအကြမ်းဖက်မှု ကြောင့် နေအိမ် ၃၉လုံး၊ ဈေး ဆိုင် သုံးခန်း၊ ကြက်ခြံတစ်ခြံ မီး လောင်ပျက်စီးပြီး နေအိမ်သုံး လုံး၊ ဈေးဆိုင် ၁၂ခန်း၊ ဆောက် လုပ်ရေးပစ္စည်းဆိုင် သုံးဆိုင်တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ ထို့နောက် ပုဒ်မ-၁၈၈ထုတ်ပြန် ကာ အခြေအနေကို ထိန်းသိမ်းခဲ့ ကြောင်း သိရသည်။

ကျော်မြတ်ဇံ ၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group