Home » » ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပထမဆုံး အကြိမ် အစည်းအဝေးခေါ်ပြီ

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပထမဆုံး အကြိမ် အစည်းအဝေးခေါ်ပြီ

Written By Unknown on Wednesday, September 18, 2013 | 12:46 PM

ရန်ကုန်၊ စက်တင်ဘာ ၁၇

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဝင် ၁ဝ၉ ဦးအား ယခုလ ၃ဝ ရက်နေ့ လွှတ်တော်တွင် ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ် ရန် ခေါ်ထား ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ သတင်းရရှိသည်။

”လုပ်ပိုင်ခွင့်တွေ၊ အစုအဖွဲ့တွေ ခွဲပြီး လုပ်မယ်။ ကော်မတီဝင် အများစု ထဲက ဘယ်အဖွဲ့က ဘယ်အခန်းကဏ္ဍ တွေကို ယူပြီး ဘယ်သူတွေက ဘယ် အပိုင်းကိုယူပြီး   လေ့လာပြင်ဆင်ဖို့ အတွက် အစည်းအဝေးခေါ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ ပထမဆုံး အကြိမ် ခေါ်တဲ့ အစည်းအဝေးပါ” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် က စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး ကို လေ့လာသုံးသပ်ရန် ကော်မတီ သို့ မဟုတ် ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ယခုနှစ် မတ်လတွင် ပြည်ခိုင်ဖြိုး ပါတီမှ ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ် သူရ ဦးအေးမြင့်က ပြည်သူ့လွှတ်တော်တွင်  တင်သွင်းခဲ့ပြီး ဇူလိုင်လကုန်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်မှ ဒုတိယ နာယက အပါအဝင် အဖွဲ့ဝင် ၁ဝ၉ ဦး ဖြင့် ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၄င်း ပထမအကြိမ် အစည်းအဝေးသို့ ပြည် ထောင်စုလွှတ်တော် နာယက သူရ ဦး ရွှေမန်းပါ တက်ရောက်မည့် အခြေအ နေ ရှိကြောင်း သိရသည်။

”နာယက ကိုယ်တိုင်လည်း တက် နိုင်ပါတယ်။ ကော်မတီဝင်တွေ လွတ် လွတ်လပ်လပ် လုပ်ပါစေဆိုတဲ့ ပုံစံမျိုး နဲ့လည်း ထားချင်ထားနိုင်ပါတယ်” ဟု ဦးတီခွန်မြတ်က ထပ်မံပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှလည်း တိုင်းရင်းသားပါတီ ၁၃ ပါတီနှင့် အပတ်စဉ် စနေနေ့တိုင်း တွေ့ဆုံရန် ယင်းပါ တီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် စက်တင်ဘာ ၇ ရက်က ရွှေဂုံတိုင်ရှိ NLDရုံးချုပ်တွင် တက်ရောက်ညှိနှိုင်းခဲ့သည်။ လက်ရှိတွင် NLD ပါတီမှ ဖွဲ့စည်းပုံ ပြင် ဆင်ရေး အတွက် ပြည်သူသို့ ချပြမည့် ကြေညာ ချက်တစ်စောင်နှင့် အသေးစိတ် ပြင် ဆင်နိုင်မည့် သုံးသပ်ချက်များကို ဒီလှိုင်း ဂျာနယ်မှ တစ်ဆင့် အပတ်စဉ် ဖော်ပြ သွားရန် ရှိကြောင်း၊ အများပြည်သူသိရှိ စေရန် အချက်အလက်များကို ယခု အပတ်အတွင်း ထုတ်ပြန်သွားမည်ဟု စီစဉ်ထားကြောင်း  NLD မှ ဖွဲ့စည်းပုံ ဖြစ်မြောက်ေ ရး ကော်မတီဝင် ဦးကိုနီ က ပြောသည်။

ယခုကျင်းပမည့် အစည်းအဝေး တွင် ကော်မတီဝင်များ ဖြစ်ကြသော ကိုယ်စားလှယ်များက တွေ့ရှိထားသော အချက်အလက်များကို တင်ပြသွားမည် ဖြစ်ပြီး နိုင်ငံရေး ပါတီငယ်များ၊ ကော်မ တီဝင်များနှင့် ပြည်သူများထံမှ ရရှိသော အချက်အလက်များကို တင်ပြညှိနှိုင်း သွားမည်ဟု ယူဆရကြောင်း၊ ကော်မတီ ဝင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့် ( NLD ) က ပြောသည်။

”အခြေခံမူ ညှိပြီးသားဆိုတော့ ခု အစည်းအဝေးမှာ အဲဒီအပေါ်မှာ မူ တည်ပြီး နောက်တစ်ဆင့် ထပ်တက်မယ့် သဘောရှိပါတယ်” ဟုဆိုသည်။ ဖွဲ့စည်း ပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒ ကျော်စွာ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် အမျိုး သားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း တို့က တာဝန်ယူထားသည်။

အဆိုပါ အစည်းအဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၂ဝ) တွင် မွန်းလွဲ ၁ နာရီအချိန်၌ ပြုလုပ်မည်ဟု သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီသည် လေ့လာ တွေ့ရှိချက်များကို ယခုနှစ် ဒီဇင်ဘာလ တွင် လွှတ်တော်သို့ အပြီးသတ် အစီရင် ခံစာတင်ရ မည် ဖြစ်သည်။

အောင်ထက် (NYK)

Popular Myanmar News Journal