Home » » မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် တနင်္သာရီမြို့တွင် ရေကြီးမှု နောက်တစ်ကြိမ် ဖြစ်ပွား

မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် တနင်္သာရီမြို့တွင် ရေကြီးမှု နောက်တစ်ကြိမ် ဖြစ်ပွား

Written By Unknown on Tuesday, September 24, 2013 | 12:51 PM

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သည် နှစ်စဉ်နှစ်တိုင်း လိုလိုပင် မြစ်ရေလွှမ်းမိုး မှုများ ကြုံတွေ့လျက်ရှိသည်။ ၂၀၁၃ခုနှစ် စက်တင် ဘာလ တတိယအပတ်တွင် မိုးများအဆက် မပြတ်ရွာသွန်း ခြင်း၊ ထားဝယ် ခရိုင် မေတ္တာမြို့နယ်ခွဲမှမြစ်ဖျားခံသည့် တနင်္သာရီမြစ် ရေစီးသန်ခြင်း ၊ ချောင်းဖျားရေများကြီး ခြင်းတို့ကြောင့် တနင်္သာရီရေသည် စက်တင်ဘာလ(၂၃)ရက် ညနေ(၄း၃၀)တိုင်းထွာချက်အရ တနင်္သာရီ မြစ် ရေသည် (၂၂)ပေသို့ရောက်ရှိနေပြီး တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၍ အန္တရာယ်ရေ အမှတ် ရောက်ရန် (၂)ပေသာလိုသည်။

အဆိုပါမြစ်ရေသည် သာမာန်အထက်မြင့်တက်လျက်ရှိသောကြောင့် တနင်္သာရီမြို့ ချောင်းငယ်ရပ် သီတာလမ်းနှင့် ၀င်္ကဘာလမ်းတို့ တွင် မြစ်ရေ (၃)ပေ(၁၁)လက်မ နှင့် ချောင်းကြီးရပ်ကွက် ကျန်းမာရေးလမ်း၊ ရွှေလိပ်ပြာ လမ်း၊ တိုးချဲ့(၁/၂/၃/၄)လမ်းတို့တွင် မြစ်ရေ(၂)ပေ(၁၁)လက်မ ရေကြီး နစ်မြုပ်လျက်ရှိသောကြောင့် ပြည်သူများအား ဒေသအာဏာပိုင်များက ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ထားလျက်ရှိသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ရေကြီးလျက် ရှိသော ကျေးရွာ(၁၄)ရွာတွင် စာသင်ကျောင်းများပိတ်ထားလျက်ရှိပြီး တနင်္သာရီမြို့ပေါ်ရှိ အထက(တနင်္သာရီ)တွင် မူလတန်းနှင့်အလယ် တန်း အား ခေတ္တပိတ်ထားရ၍ အထက်တန်းကို ကျောင်းအပေါ်ထပ်တွင် သင်ကြားလျက်ရှိသည်။ မြစ်ရေကြီး မှုကြောင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းမပေါ်တွင် ရေကျော်မှုများဖြစ်ပွားလျက်ရှိပြီး အနိမ့်ပိုင်း ကျသည့် ကျေးရွာဖြစ်သည့် မိုင်တိုင်အမှတ် (၅၂/၃)နှင့်(၅၃/၀)အကြား လယ်တောင်ယာကျေးရွာတွင် အလျား(၁၅၀၀)ပေ ရေအနက်(၅)ပေအထိ နစ်မြုပ်လျက်ရှိသောကြောင့် မော်တော်ယာဉ်များ သွားလာမှု ပြတ်တောက် လျက်ရှိပြီး ခရီးသွားပြည်သူများသွားလာရခက်ခဲလျက်ရှိရာ ကျေးရွာ များမှ ဒေသခံများက ၀ါးဖောင်၊ စက်လှေများဖြင့် ကူးခတ်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ