Home » » နိုင်ငံခြား ငါးဖမ်းစက်လှေများ အစီရေပွား ဖမ်းဆီးလာခြင်းကြောင့် သေချာစိစစ်ရန် လိုအပ်

နိုင်ငံခြား ငါးဖမ်းစက်လှေများ အစီရေပွား ဖမ်းဆီးလာခြင်းကြောင့် သေချာစိစစ်ရန် လိုအပ်

Written By Unknown on Tuesday, September 24, 2013 | 1:09 PM

ရန်ကုန် ၊ ၂၄-၉-၂၀၁၃

မြန်မာ့ ပင်လယ်ပြင် အတွင်း ဝင်ရောက် ငါးဖမ်းဆီး လျက်ရှိသော နိုင်ငံခြား ငါးဖမ်းလှေ များသည် သတ်မှတ် စည်းကမ်း ချိုးဖောက်ပြီး လှေများကို အစီးရေပွား ဖမ်းဆီး နေခြင်းကြောင့် သေချာ စိစစ်ရန် လိုအပ်ကြောင်း ပင်လယ် ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။

အဆိုပါ ငါးဖမ်းလှေ များသည် နာမည်တူ ၊ နံပါတ်တူ ၊ အရောင်တူများ ပြုလုပ်၍ အစီးရေပွား ဖမ်းဆီးနေကြ ကြောင်း ၊ ယင်းအတွက် ပြည်တွင်း ငါးဖမ်းလှေ များကို လှေတည် ဆောက်ခြင်းနှင့် တင်သွင်းခြင်း ရပ်ဆိုင်းထား သည့်နည်းတူ နိုင်ငံခြား ငါးဖမ်းလှေ များကို ဖမ်းဆီးခွင့် ရပ်တန့်ပေးရန် လိုအပ်ကြောင်း၊ ယင်းအတွက် နိုင်ငံခြား ငါးဖမ်းလှေ များကို မြန်မာ့ ပင်လယ်ပြင်တွင် ဆက်လက် လုပ်ကိုင်ခွင့် ပြု - မပြု သိရှိရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ငါးလုပ်ငန်း ဦးစီးဌာနမှ တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။

" တခြား နိုင်ငံတွေကို Fishing Right မပေးသင့် တော့ပါဘူး ၊ စည်းကမ်း ချိုးဖောက်တဲ့ လှေတွေ များလာတယ် ၊ မသိနိုင်တဲ့ အခြေအနေ တွေမှာ ဆုံးရှုံးမှု ဘယ်လောက် ရှိနေနိုင်မလဲ ၊ ဒီအတွက် သက်ဆိုင်ရာကို တင်ပြသွားမယ် ... ''ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ထို့အပြင် နိုင်ငံခြား ငါးဖမ်းလှေများ ဖမ်းဆီးသည့် ငါးကုန်တန်ချိန် ကို မသိရှိနိုင်ခြင်း ၊ ပြည်တွင်း စားသုံးမှုနှင့် စက်ရုံ အလုပ်ရုံများ အတွက် အထောက်အပံ့ မရရှိခြင်း တို့ကြောင့် မြန်မာ့ ပင်လယ်ပြင် ၌ ထပ်မံ ဖမ်းဆီးခွင့် မပြုရန် တောင်းဆို ရခြင်း ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် နိုင်ငံတော် အနေဖြင့် နိုင်ငံခြား ငါးဖမ်းလှေ များမှ အခွန်ငွေ အမေရိကန် ဒေါ်လာ ၁၂ သန်းရရှိ ကြောင်းနှင့် နိုင်ငံခြား ငါးဖမ်းလှေ စည်းကမ်း ချိုးဖောက်မှု ၂၅၅ မှု ရှိခဲ့ပြီး ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၁၁ သိန်း ရရှိထားကြောင်း သိရသည်။ မြန်မာ့ ပင်လယ်ပြင်တွင် ၂ဝဝ၄ ခုနှစ်မှ စတင်၍ နိုင်ငံခြား ငါးဖမ်းလှေများ ငါးဖမ်းဆီးမှု ရေယာဉ် အစီးရေ ၂၅ဝ မှ ၃ဝဝ အထိ ရှိနေကြောင်း နှင့် မကြာမီ အတွင်း ပြည်တွင်း ငါးဖမ်းဆီးမှု နှင့် ရေထွက်ကုန် လျော့နည်း လာနိုင်ဖွယ်ရှိရာ ထိန်းသိမ်း သင့်ကြောင်း သိရှိရသည်။

Myawady Daily Myawady