Home » » ဂျာနယ်အယ်ဒီတာချုပ်နေအိမ်မှ ပစ္စည်းခိုးယူခံရမှုဖော်ထုတ်

ဂျာနယ်အယ်ဒီတာချုပ်နေအိမ်မှ ပစ္စည်းခိုးယူခံရမှုဖော်ထုတ်

Written By Unknown on Monday, September 16, 2013 | 8:23 PM

ရန်ကုန်၊ စက်တင်ဘာ ၁၆

၁၂.၉.၂၀၁၃ရက်နေ့ ၂၂၀၀အချိန် အလုံမြို့နယ်နေ ပေါ်ပြူလာ နယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းသည် နေအိမ်၌ အလုပ်ကိစ္စများ ဆောင်ရွက်ပြီး အိပ်ယာဝင်ခဲ့ရာမှ ၁၃.၉.၂၀၁၃ရက်နေ့
၀၃၀၀ အချိန်ခန့်တွင် ဦးဖိုးနိုင်လင်း၏ဇနီးမှ အိပ်ယာမှနိုးစဉ် အခန်းရှိ ပစ္စည်းများအား စစ်ဆေးကြည့်ရာ စားပွဲပေါ်တွင်တင်ထားသည့် ASUS အမျိုးအစား Laptop Computer(၁)လုံး ၊ ဆင်းကဒ်ပါလက်ကိုင် ဖုန်း(၂)လုံး၊ ငွေကျပ်(၅၀၀၀၀)ပါပိုက်ဆံအိတ်(၁)လုံး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၄၀၀၀၀၀)ခန့်မှာ ပျောက်ဆုံး နေကြောင်းတွေ့ ရှိရသဖြင့် ဦးဖိုးနိုင်လင်းမှ စုံစမ်းအရေးယူ ပေးပါရန် တိုင်တန်းခဲ့၍ အလုံမြို့မရဲစခန်း(ပ)၂၂၆/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အလုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမှုနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ အမှုမှပါဆုံးပစ္စည်းများအား ကျောက်တံတား မြို့နယ်ရှိ Mobileဖုန်းဆိုင်သို့ လူငယ်(၁)ဦးမှ လာရောက် ရောင်းချ သွားကြောင်း သိရှိရသဖြင့် ၄င်းလူငယ်အား စုံစမ်းရှာဖွေခဲ့ရာ သာကေတမြို့နယ်၊ အောင်သပြေလမ်းနေ နေလင်းဦး၊ (ဘ)ဦးဝင်းထွဋ် ဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ ၎င်းအား ၁၄.၉.၂၀၁၃ရက်နေ့ ၁၅၃၀အချိန်တွင်ဖမ်းဆီးရမိခဲ့ ပါသည်။

၎င်းအားစစ်ဆေးရာ အဆိုပါ အမှုအား လမ်းမတော်မြို့နယ်၊ (၃)ရပ်ကွက်နေ အာကာဖြိုး၊ (ဘ)ဦးသီဟနှင့်(၂)ဦး အတူကျူးလွန် ခဲ့ကြခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အာကာဖြိုးအား ဆက်လက်စုံစမ်း ဖမ်းဆီးခဲ့ပါသည်။

အမှုမှ သက်သေခံပစ္စည်းများဖြစ်သည့် ASUS အမျိုးအစား Laptop Computer (၁)လုံး ၊ ဆင်းကဒ်ပါ လက်ကိုင်ဖုန်း(၂)လုံးတို့အား ပြန်လည်သိမ်းဆည်း ရရှိခဲ့ပြီး နေလင်းဦးနှင့် အာကာဖြိုးတို့အား အမှုဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကာ အခြားခိုးမှုများနှင့် တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police