Home » » ရေတိုက်စားမှုကြောင့် မကွေးမြို့သစ် ယင်းချောင်းတံတား ချည်းကပ်လမ်းပျက်စီး

ရေတိုက်စားမှုကြောင့် မကွေးမြို့သစ် ယင်းချောင်းတံတား ချည်းကပ်လမ်းပျက်စီး

Written By Unknown on Monday, September 16, 2013 | 7:32 PM

မကွေး၊စက်တင်ဘာ၁၆

မကွေးမြို့ယင်းချောင်းရေ တိုက်စားမှုပြင်းထန်သဖြင့် မြို့သစ်မြို့နယ် တပ်ကုန်းကျေးရွာအနီး
ယင်း ချောင်း တံ တား အရှေ့ဖက်ချည်းကပ်လမ်းကျိုးပျက်သွားခဲ့သည်ဟုသတင်းရရှိပါသည်။
ယင်းချောင်းတစ်ဖက်ခြမ်း တွင် သောင်ထွန်းပြီး အခြားတစ်ဖက်တွင် ရေကြောင်း ကျဉ်းကာရေစီးအား သန်လာသဖြင့် ယင်းချောင်းတံတားအခြေကို စက်တင်ဘာလ(၁၅)ရက်နံနက်(၅) နာရီကျော်ခန့်တွင် ရေလှိုက်စားခံလိုက်သည်ဟု ဒေသခံများကပြောပါသည်။

“မနက်အစောကြိးလာရတာ၊မြို့သစ်ကိုဈေးဝယ်သွားဖို့ပေါ့၊ဒီလိုဖြစ်မယ်မှန်းသိရင်ဘယ်လာပါ့မလဲ၊ဒီ
ရောက် မှတံတားပျက်မှန်းသိတာ၊မနှစ်ကလည်းတစ်ကြိမ်ဖြစ်ပြိးပီ၊ယင်းချောင်းကရေစီးအားသန်တယ်”ဟု ဒေသ ခံ ကျေးရွာဈေးဝယ်ထွက်သူများမှပြောသည်။

ဝုန်းဆိုသောအသံကြားသဖြင့် ယာခင်းစောင့်မှသွားကြည့်သောခါ အပေါ်ကတ္တရာလမ်းမြေသား သာ ကျန် ပြီး အောက်ခြေတွင်ခြောက်ပေခန့်အကျယ်ရေစီးကြောင်းဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ (၅)နာရီ (၁၅) မိနစ် လောက်တွင်အပေါ်ကတ္တရာပါပြိုကျသွားခဲ့သည်ဟု မျက်မြင်တွေ့ခဲ့ရသူ ယာခင်းစောင့်ပြော စကားအရ သိရ သည်။

“ကျနော်တို့ မြို့သစ်မှာရှိတဲ့အဖွဲ့အစည်းအသီးသီးနဲ့ တာဝန်ရှိသူတွေကိုအကြောင်းကြားတိုင်ပင်ပြီး ၊မြေသား ပြို ကျမှုကို၊ ချက်ချင်းပြင်ဆင်ထိမ်းသိမ်းနိုင်ဖို့ဆောင်ရွက်ခဲ့ပါတယ်”ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံကိုအောင်ကျော်မှ လူထုအားနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုကို ရှင်းပြခဲ့သည်။

လောလောဆယ် လူဖြတ်ကူးနိုင်ရန် ပတ်လည်လေးမြှောင့်တုံးများဖြင့်စီစဉ်ဆောင်ရွက်ပေးတားပြီး၊ဆိုင် ကယ်များကိုလူအားဖြင့် ၀ိုင်းဝန်းသယ်ပိုးကာချောင်းဖြတ်ကူးနေသည်ကိုတွေ့မြင်ရသည်။
“အရှေ့ဖက်ကမ်းက ကူးရင်တော့(၁၅၀၀)ပဲယူပါတယ်၊ အနောက်ဖက်ကမ်းကရေနဲနဲ စီးတော့(၂၀၀၀)တောင်းပါတယ်” ဟု ဆိုင်ကယ်အငှါးထမ်းသူ မှပြောခဲ့သည်။

ယင်းတံတားကို နေ့စားဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန ၀န်ထမ်းများ အပါအ၀င်လူအင်အား(၁၀၀)ကျော်နှင့်ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ မြေသယ်ကား(၁၀)စီး ဖြင့် ပြင် ဆင်လျှက်ရှိသည်။

“မနက်ဖြန်ဆို ကားကြိးတွေဖြတ်နိုင်ပါပြီ၊ကနေ့ညနေကစပြိးကားလေး တွေမောင်းနှင်လို့ ရမှာပါ၊ကျမ တို့ ရေရှည်တည်တန့်ဖို့ကတော့တမံတုတ်ပြီး ချည်းကပ်လမ်းကို ဘေလီတံတားထပ်ပိုးခင်းထားပေးမှာပါ” ဟုဆောက်လုပ်ရေးလက်ထောက်အင်ဂျင်နီယာဒေါ်ပြုံးကြည်မှဖြေကြားခဲ့သည်။

တပ်ကုန်းကျေးရွာဒေသခံများ၏အဆိုအရ ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာနေအိမ်အချို့နှင့် လယ်မြေဧက(၅၀)ခန့်ပျက်စိးဆုံးရှုံးမှုရှိနေကြာင်းသတင်းရရှိသည်။

ဦးမင်း

Popular Myanmar News Journal