Home » » ချောင်းသာ-မကျီးသွား ကားလမ်းပိုင်းအချို့ပျက်စီး၍ ကုန်တင်ယာဉ်များ အခက်တွေ့

ချောင်းသာ-မကျီးသွား ကားလမ်းပိုင်းအချို့ပျက်စီး၍ ကုန်တင်ယာဉ်များ အခက်တွေ့

Written By Unknown on Tuesday, September 3, 2013 | 4:08 PM

ချောင်း သာမှ မကျီးသို့ ဆက်သွယ်ထား သော မြေသားလမ်းမှာ ယခုရက် ပိုင်းအတွင်း လမ်းပျက်စီးမှုကြောင့် ခရီးသွားယာဉ်များ အခက်အခဲ များ ကြုံတွေ့နေရသည်ဟုသိရ သည်။

ရွှေသောင်ယံမြို့နယ်ခွဲရှိ ချောင်းသာကျေးရွာနှင့် မကျီး ကျေးရွာသို့သွားသော မြေသား လမ်းတွင် ခရီးသည်တင်ယာဉ် နှင့် ကုန်တင်ယာဉ်များ အားလုံး လိုလို ကြုံတွေ့နေရခြင်းဖြစ်သည် ဟု ဒေသခံများကဆိုသည်။

''သာမန်ခရီးသွားတွေက တော့ ဆိုင်ကယ်ကယ်ရီကိုဆက် သွယ်ပြီး မိမိလိုရာကိုသွားနိုင်ပေ မယ့် ကားပေါ်မှာတင်လာတဲ့ ကုန်တွေကတော့ ကားမထွက် သရွေ့ ဒီအတိုင်းပဲထားရတယ်'' ဟု ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦး ကပြောသည်။

ယင်းမြေသားလမ်းသည် ကျောက်ခင်းနိုင်ခြင်းမရှိသေး သဖြင့် မိုးရေကြောင့်လမ်းပျက် စီးသည့်အပြင် ယာဉ်ပေါ်ပါကုန် စည်အလေးချိန်ကြောင့်လည်း လမ်းပိုမိုပျက်စီးခြင်းဖြစ်သည်ဟု သိရပြီး ယာဉ်ပိုင်ရှင်များက အ မြန်ဆုံးထွက်ခွာနိုင်ရေးအတွက် အရေးပေါ်လမ်းခင်းကျောက်များ ကိုဝယ်ယူကာ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။

''ဒေသဆိုင်ရာ လမ်းပြုပြင် ခွင့် ခွင့်ပြုထားတာရှိပါတယ်။ အခုလောလောဆယ် မိုးများနေ တယ်။ မိုးလေကင်းလွတ်ရင် ပျက်စီးမှုများပြီး သွားလာရေး ခက်ခဲတဲ့ ကျောက်မောင်နှမအ လွန်လမ်းကို ၁၈ ပေအကျယ်နဲ့ ပေ ၈၀၀ လောက်ကိုကွန်ကရစ်လမ်း ခင်းဖို့ရှိပါတယ်''ဟု ရွှေသောင် ယံမြို့နယ်ခွဲ တာဝန်ခံအင် ဂျင်နီ ယာ ဦးဇော်တင့်က ပြောသည်။

ကိုးမိုင်ခန့်ရှိသော ချောင်း သာ-မကျီးသွားလမ်းကို ပုသိမ်- ချောင်းသာ-မကျီး-သဘော့ကန် မှ ခရီးသည်ယာဉ်နှင့် ကုန်တင် ယာဉ်အချို့ သွားလာလျက်ရှိပြီး ချောင်းသာမှ မကျီးသို့အထွက် တွင် ကမ်းခြေအတိုင်းမိုင်ဝက်ခန့် ကွန်ကရစ်လမ်းခင်းထားပြီး ကျန် လမ်းမှာ မြေသားလမ်းနှင့်ပင်ရှိ နေသောကြောင့် နှစ်စဉ် မိုးတွင်း အခါ လမ်းပျက်စီးမှုကိုကြုံတွေ့ နေရခြင်းဖြစ်သည်ဟု သိရသည်။

စိုးမိုး၊ပုသိမ်၊စက်တင်ဘာ(၂)
Yangon Media Group