Home » » အမရပူရ ၌ လူငါးရာတွင် ဆင်ခြေထောက်ပိုးရှိသူ အယောက် ၄ဝ ကျော် တွေ့

အမရပူရ ၌ လူငါးရာတွင် ဆင်ခြေထောက်ပိုးရှိသူ အယောက် ၄ဝ ကျော် တွေ့

Written By Unknown on Wednesday, September 18, 2013 | 2:39 PM

မန္တလေး၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်တွင် လူ ၅ဝဝ အားစစ်ဆေးရာ တွင် ဆင်ခြေထောက်ပိုးရှိသူ ၄၄ ဦး တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီး ငှက် ဖျားဆရာဝန်ကြီး ရုံးမှ သိရသည်။

မန္တလေးခရိုင် မဟာအောင်မြေမြို့ နယ်တွင် လူ ၅၃၈ ဦးအား သွေးဖောက် စစ်ဆေးရာ ဆင်ခြေထောက်ပိုးရှိသူ ၂ ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် ၅၂ဝဦးအား စစ်ဆေးရာ ၂ဝ ဦး၊ ချမ်းမြသာစည်မြို့ နယ်တွင် ၆၁ဝ ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိမှုမရှိ၊ မိတ္ထီလာခရိုင်သာစည် မြို့နယ်တွင် လူ ၅ဝဝ ဦးအား စစ်ဆေး ရာ ၁ ဦး၊ ဝမ်းတွင်းမြို့နယ်တွင် ၅ဝ၄ ဦး စစ်ဆေးရာ ၂၃ ဦး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့ ၄၈၁ ဦးအား စစ်ဆေးရာ ပိုးတွေ့ရှိမှုမရှိ၊ မြင်းခြံခရိုင်ကျောက်ပန်း တောင်းမြို့တွင်၅ဝဝ ဦးအား စစ်ဆေးရာ ၂၃ ဦး၊ နွားထိုးကြီးမြို့ လူ ၅ဝ၁ ဦးအား စစ်ဆေးရာ ၁၄ ဦးပိုးတွေ့ရှိ၊ ကျောက် ဆည်ခရိုင် တံတားဦးမြို့တွင် ၅၆၅ ဦး အား စစ်ဆေးရာ ၂ဝ ဦးပိုးတွေ့ရှိ၊ မြစ် သားမြို့တွင် ၅၃ဝ ဦးအား စစ်ဆေးရာ ၈ ဦးတွေ့ရှိ၊ ပြင်ဦးလွင်ခရိုင်မတ္တရာ မြို့ နယ်တွင် ၅၄၁ ဦးအား စစ်ဆေးရာ ပိုးတွေ့ရှိမှုမရှိ၊ စဥ့်ကူးမြို့နယ်တွင် ၅၁ဝ ဦး စစ်ဆေးခဲ့ရာ ၁ ဦး အသီး သီးတွေ့ရှိ ခဲ့ကြောင်း အထက်ပါ ဆရာဝန်ကြီး၏ စာရင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လူ ၅ ဒသမ ၅ သန်းအား ယခုလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ဆင်ခြေထောက် ရောဂါကာကွယ်ဆေးများ တိုက်ကျွေးခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ဆရာ ဝန်ကြီးရုံးမှ သတင်းရရှိသည်။

Diethylcarloamazine Citrate နှင့် Albendazole ဆေးအမျိုးအစား နှစ်မျိုးအား တိုက်ကျွေးခဲ့ပြီး အသက်နှစ် နှစ်အောက် ကလေးငယ်၊ ကိုယ်ဝန် ဆောင်မိခင်၊ နာတာရှည်ရောဂါရှိသူနှင့် တခြား ရောဂါများကြောင့် ဆေးစွဲ သောက်နေရသူများအား တိုက်ကျွေး ခြင်းမရှိဘဲ နှစ်နှစ်မှ ၅ နှစ်အတွင်းအား ဆေးတစ်ခြမ်း၊ ခြောက်နှစ်နှင့် ၁၄ နှစ် အတွင်းရှိသူများကိုဆေးတစ်လုံး၊ ၁၄ နှစ်အထက်ရှိသူများအား ဆေးတစ်လုံးခွဲ  တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဆင်ခြေထောက်ရောဂါနှင့် ပတ် သက်ပြီး တိုင်းငှက်ဖျားဆရာဝန်ကြီးရုံးမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့ မှ လူအချို့အားသွေးဖောက်၍ စစ်ဆေး ခဲ့ရာ ဆင်ခြေထောက်ရောဂါပိုးများ တွေ့ရှိခဲ့သည်။

ဆင်ခြေထောက်ရောဂါသည် ရေ ပုပ်ရေဆိုးများတွင် ခိုအောင်းလေ့ရှိ သော Culex ခြင်အမျိုးအစားမှ တစ် ဆင့်ကူးစက်သည့်ရောဂါတစ်မျိုး ဖြစ်ပြီး အဆိုပါရောဂါပိုး ကူးစက်ခံရပါက ခန္ဓာ ကိုယ်ပြန်ရည်ကြောစနစ် ကောင်းစွာ အလုပ်မလုပ်နိုင်ဘဲ ပြန်ရည် ကြောစနစ် များ ကောင်းစွာစီးဆင်းနိုင်မှု မရှိခြင်း၊  ပြွန်များကျယ်လာပြီး ဘတ်တီးရီးယားပိုး များအား ကောင်းစွာနှိမ်နင်းနိုင်ခြင်း မရှိ တော့ဘဲြ>ွပန်များအတွင်း ခိုအောင်းနေ နိုင်ပြီး ကိုယ်လက်အင်္ဂါများ ကြီးထွားလာ ပြီး အသက်မသေစေနိုင်ေ သ်ာလည်း ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ ရုပ် ဆင်းအင်္ဂါ ပျက်ယွင်းခြင်း၊ ခြေလက်များ ဆင်ခြေထောက်များကဲ့သို့ ကြီးထွား လာခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ဆေး အား ဂရုတစိုက် သောက်သုံးရန်လို ကြောင်း တိုင်းငှက်ဖျားဆရာဝန်ကြီးရုံးမှ ဒေါက်တာဇော်လင်း(ငှက်ဖျား၊ သွေးလွန်တုတ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန် ဦးနှောက်ရောင်   ရောဂါကာကွယ် နှိမ် နင်းရေး) မှပြောသည်။

ဆင်ခြေထောက်ရောဂါ လက္ခဏာ များမှာ ချမ်းတုန်ပြီး ဖျားခြင်း၊ မှင်ထ ပင့်ကူယှက်ခြင်း (Lymphangitis) ၊ နီ ရဲပူလောင်ရောင်ရမ်းခြင်း၊ အကျိတ်များ ရောင်ရမ်းခြင်း၊ ဆီးသွားလျှင် အဖြူပျစ် ကျဲကျဲများ သွားခြင်း၊ ရင်ကျပ်ပန်းနာ ကဲ့သို့ ရင်ကျပ်ခြင်း၊ အမျိုးသားအင်္ဂါများ အောင့်ခြင်း ကြီးခြင်း၊ ရေမုတ်စွဲခြင်း၊ ခြေလက်များ တဖြည်းဖြည်း ကြီးထွား လာခြင်း၊ ဆင်ခြေထောက်ကဲ့သို့ဖြစ်ခြင်း စသည့် ရောဂါလက္ခဏာများ ပြသ ကြောင်း ဆင်ခြေထောက်နှင့်ပတ်သက် သည့် ဆေးမှတ်တမ်းတွင် ဖော်ပြထား သည်။

ဖိုးလပြည့်
Popular Myanmar News Journal