Home » » တပ်ထိန်းဒုတပ်ကြပ်က ပစ်စတိုနဲ့ ပစ်လို့ စာရင်းစစ်ဝန်ထမ်း တစ်ဦးသေဆုံး

တပ်ထိန်းဒုတပ်ကြပ်က ပစ်စတိုနဲ့ ပစ်လို့ စာရင်းစစ်ဝန်ထမ်း တစ်ဦးသေဆုံး

Written By Unknown on Sunday, September 1, 2013 | 7:28 AM

မန္တလေး ၊ သြဂုတ်-၂၈ ။

ပူတာအိုအခြေစိုက်တပ်မမှာတာဝန်ကျနေတဲ့ ဒုတပ်ကြပ်ခန့် စိန်က ပစ်စတိုနှင့် နားထင်တေ့ ပစ်ရာ စာရင်းစစ်ဝန်ထမ်းတစ်ဦးသေဆုံး သွားကြောင်း သေဆုံးသူရဲ့ ညီဖြစ်သူ ကပြောကြားပါတယ်။

ပူတာအိုခရိုင်စာရင်းစစ်ရုံးအနီး အိန်ကျယ်စားသောက်ဆိုင်တွင် ည(၉)နာရီကျော်ခန့် က အခုလို ဒုတပ်ကြပ်ကပစ်စတိုနဲ့ ပစ်လိုက် လို့ စာရင်းစစ် ဦးလမင်းမောင်မောင် သေဆုံးခဲ့တာဖြစ်ပါတယ်။

“ညက အကို(သေဆုံးသူ)က သူ့ သူငယ်ချင်းတစ်ယောက်နဲ့ အိန်ကျယ် စားသောက်ဆိုင်မှာ ယမ်ယမ်ခေါက် ဆွဲစားနေကြတာ။ ဆိုင်ရှင်က ည (၉)နာ ရီကျော်လို့ ဆိုင်တံခါးပိတ်ထားလိုက်တယ်။အဲဒီအချိန်မှာ တပ်ထိန်း ကိုခန့် စိန်ရောက်လာပြီး တံခါးကို ခြေနဲ့  ကန်ဖွင့်တယ်။နောက်ဝင်လာပြီး ဘီယာချပေးဖို့ ပြောတယ်။ဆိုင်ရှင်က ပိတ်တော့မှာလို့ ပြောတော့ ဒါဆိုလည်း ဟိုကောက်တွေပါ ပြန်ခိုင်း လို့ ပြောတယ်။အဲဒါနဲ့ ခေါက်ဆွဲစားနေတဲ့ (သေဆုံးသူ)က အကို(တပ်ကြပ်) စားလို့ ပြီးတော့မှာပါ။ဘာဖြစ်လို့  လဲလို့ မေးလိုက်တာကို သေနတ်နဲ့ ပစ်သွားတာ ” လို့ သေဆုံးသူရဲ့ ညီဖြစ်သူက ပြန်ပြောပြပါတယ်။

ခရိုင်စာရင်းစစ် အရာရှိက“ညက သေဆုံးသွားတာ မှန်ပါတယ်။ ကျန်တာတွေကိုတော့ ဖြေကြားခွင့်မရှိပါဘူး။ ရဲစခန်းကိုပဲမေးပါ။ ဒီကိစ္စနဲ့ ခေါင်းတွေလည်း ကိုက်လှပြီ။ ”လို့ တယ်လီဖုန်းကတဆင့် ဖြေကြားခဲ့ပါတယ်။

သေဆုံးသူ ဦးလမင်းမောင်မောင်ဟာ အသက်၂၆ နှစ်အရွယ်ရှိပြီး အကွက်(၆)နန်းရှေ့၊ ဒေါနဘွားရပ်၊အောင်မြေသာစံမြို့ နယ်၊မန္တလေးမြို့  မှာ နေထိုင်သူဖြစ်ပါတယ်။ လုပ်သက် ရှစ်လခန့်သာ ရှိသေးပြီး ပူတာအို ခရိုင်စာရင်းရုံးမှာ စာရင်းစစ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး (အတွင်းရေးမှူး ) ဦးဇော်သိန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အစည်းအဝေးခန်းမ တွင်း ရောက်နေလို့ နောက်မှ ပြန်ဆက်ရန် ဖြေကြားခဲ့ပါတယ်။

မန္တလေးခေတ်