Home » » ကုလာကုတ် ရေနက်ဆိပ်ကမ်း ထိုင်းကုမ္ပဏီ MOU နှင့်လက်မှတ်ရေးထိုး
ကုလာကုတ် ရေနက်ဆိပ်ကမ်း ထိုင်းကုမ္ပဏီ MOU နှင့်လက်မှတ်ရေးထိုး
Written By Unknown on Sunday, August 11, 2013 | 7:52 AM
အာရှ၊ ဥရောပ၊ အာဖရိကနှင့် ကမ္ဘာ့ထိပ်သီး နိုင်ငံများ အထိ ချိတ်ဆက်နိုင်မည့် ရေနက်ဆိပ်ကမ်းကြီးအား တည်ဆောက်ရန် ထိုင်း အခြေစိုက် ကုမ္ပဏီ Emerald Grand Hotal Co.Ltd နှင့် ၉.၈.၂၀၁၃ ရက်နေ့တွင် MOU သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီး ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်( ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ)၏ ပြောကြားချက် အရသိရသည်။
ပင်လယ် ရေနက် ဆိပ်ကမ်းကို မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကုလားကုတ်ကျွန်း အနီးတ၀ိုက်နှင့် သံဖြူဇရပ်မြို့နယ်ရှိ လေယာဉ်ကွင်း ကျေးရွာအနီး တ၀ိုက်ရှိ ပင်လယ် ကမ်းရိုးတန်းနှင့် ကမ်းခြေအကြား တွင်တည်ရှိမည် ဖြစ်သည်။
၎င်းအပြင် အခြားဆက်စပ်လုပ်ငန်းများလဲ လုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများ အတွက်လည်း စီးပွားရေး လမ်းပွင့်သွားပြီး အလုပ်အကိုင်အခွင့် အလမ်းများလည်း များစွာရရှိလာမည်ဟု သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းအောင်မှ ပြောကြားချက်အရ သိရှိရပါသည်။
(၉.၈.၂၀၁၃) နေ့လည် ၁၂း၀၀ နာရီတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးတွင် သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းအောင် (ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီ) မြန်မာ့  ဆိပ်ကမ်းအာဏာပိုင် Managing Director ဦးချိုသန်းမောင် နှင့် ဆိပ်ကမ်းအာဏာပိုင်များ  ထိုင်းကုမ္ပဏီအခြေစိုက် Emerald Grand Hotal Co.Ltd မှ Vice President, Mr. Damrong. ကောင်းပွင့်ဆံကုမ္ပဏီမှ ဦးချစ်စိတ်၊ အထူးကိုယ်စားလှယ် ဦးစောတင်ဦးနှင့် အခြား  ဧည်သည်တော်များရှေ့တွင် သဘောတူ လက်မှတ်ထိုး လိုက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။
by Myanmar News Now