Home » » မယ်ဇလီပင်ချောင်းထဲတွင် အမျိုးသမီးတစ်ဦး ရေစီးအတိုင်းမျောပါ သေဆုံး

မယ်ဇလီပင်ချောင်းထဲတွင် အမျိုးသမီးတစ်ဦး ရေစီးအတိုင်းမျောပါ သေဆုံး

Written By Unknown on Sunday, August 11, 2013 | 7:25 AM

နတ်မောက် သြဂုတ် ၁ဝရက်

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ နယ် မယ်ဇလီပင်ကျေးရွာတွင် ဦးဘိုကောင်း၏ သမီးဖြစ်သူ မခင်ချိုဝင်း အသက်(၂၅နှစ်)သည် သြဂုတ်လ၉ ရက်နေ့  ညနေက မိမိယာခင်းထဲမှ နှမ်းနှုတ်ပြီးပြန်အလာ မယ်ဇလီပင်ချောင်းစပ်၌ ကြိုတင်ရောက့်ရှိနေသော တရွာထဲနေ ကိုစန်းနိုင်၊ ကိုဘိုလင်း၊ ကိုဘိုဝင်းနှင့် ကိုအောင်မျိုးဝင်း(ခ)ကုလားတို့ နှင့်အတူ လက်တွဲကာ ရင်ပေါင်တန်း အနေအထား အတိုင်း ဖြတ်ကူးခဲ့ကြသည်။

ထိုနေ့ က မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ချောင်းရေသည် အလွန်များစွာ စီးဆင်းနေသည့် အချိန်ဖြစ်၍ မခင်ချိုဝင်းနှင့် အတူ ငါးယောက်စလုံး ရေစီးအတိုင်းမျောပါသွားရာ မခင်ချိုဝင်းမှ အပကျန်လေးဦးမှာ ချောင်းနံဘေးတွင်ရှိနေသော ချုံနွယ်များ နှင့်ကျောက်ခဲများကို ဆွဲကန်ကာအသက်ဘေးမှ ကင်းလွတ်ခဲ့ကြရကြောင်း အတူဖြတ်ကူးသူတွေ ပြောပြချက်အရ သိရသည်။

မခင်ချိုဝင်းမှာ ရေစီးကြောင့် အဖော်များနှင့် လက်တွဲပြုတ်ကာ ရေစီးအတိုင်းမျောပါသွားပြီး စတင်ဖြတ်ကူးသည့်နေရာ နှင့် တစ်မိုင်ခန့် အကွာ ချောင်း၏ အလယ်တွင်ရှိနေသော သဲသောင်ခုံထဲသို့ ခေါင်းထိုးနေကာ အနောက်သို့ ဦးခေါင်းပြု၍ မှောက် လျှက်အနေအထားဖြင့် ခန္ဒာ ကိုယ်ပြင်ပဒဏ်ရာမတွေ့ ရပဲ သေဆုံးနေသည်ကို တွေ့ ရကြောင်း နတ်မောက်မြို့  မြို့ မရဲစခန်းမှ တာ ဝန်မှူးဖြစ်သူ ဒုရဲအုပ်ကျော်ဝင်းမြင့်က ရှင်းပြသည်။

သတင်းရလျှင်ရခြင်း နတ်မောက်မြို့ နယ်မြို့ မရဲစခန်းမှ ဒုရဲအုပ်ကျော်ဝင်းမြင့်နှင့် အဖွဲ့ သည်မယ်ဇလီပင်ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ရှိသူ ဦးခင်မောင်သိန်းနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကာ ရဲလုပ်ငန်းများနှင့် အညီ ဆောင်ရွက်ပြီးလျှင် အလောင်းကို မှုခင်းဆေးစာဖြင့်နတ်မောက်ပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ပေါ် ဦး(နတ်မောက်)

by Myanmar News Now