Home » » သုံးခွမြို့နယ်တွင် လူသတ်မှုဖြစ်

သုံးခွမြို့နယ်တွင် လူသတ်မှုဖြစ်

Written By Unknown on Thursday, August 8, 2013 | 7:47 PM

ရန်ကုန်၊ သြဂုတ် ၈

၇.၈.၂၀၁၃ ရက်နေ့ ၁၃၁၀ အချိန် သုံးခွမြို့နယ်၊ မြောက်စွယ်တော်ချောင် ကျေးရွာနေ ဦးနေ၀င်း (ဘ)ဦးလှမြိုင်သည် ရွာအရှေ့ပိုင်းရှိ ဦးဝင်းကို၏ နေအိမ်တွင်ရှိ နေစဉ် ညီဖြစ်သူ သန်းလင်းစိုး၏ ဇနီး မနီလာ မှ ရောက်ရှိလာပြီး ချောင်းတစ်ဖက်ကမ်းရှိ သိန်းမင်းအောင် (ဘ)ဦးကျော်သူဝင်း၏နေအိမ်တွင် သန်းလင်းစိုးနှင့် သိန်းမင်းအောင်တို့ စကားများရန်ဖြစ်ကြရာ သိန်းမင်းအောင်မှ သန်းလင်းစိုးအား ဒုတ်ဖြင့်ရိုက်ခဲ့ကြောင်းပြောပြသိရှိရပါသည်။

ထိုသို့သိရှိရသဖြင့် ဦးနေ၀င်းမှ အခင်းဖြစ်ပွားသည့် သိန်းမင်းအောင်၏ နေအိမ်သို့ သွားရောက် ကြည့်ရှုရာ သန်းလင်းစိုးတွင် ၀ဲမျက်လုံး ဖူးရောင်ညိုမဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ နဖူးတွင် ဖူးရောင်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသောကြောင့် သိန်းမင်းအောင်အားအရေးယူပေးပါရန် ဦးနေ၀င်းမှတိုင်တန်းခဲ့သဖြင့် သုံးခွမြို့မရဲစခန်း (ပ)၂၅၈/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး တရားခံ သိန်းမင်းအောင်အား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police