Home » » ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ (၁)ဦးသေ (၅)ဦးဒဏ်ရာရ

ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ (၁)ဦးသေ (၅)ဦးဒဏ်ရာရ

Written By Unknown on Monday, August 5, 2013 | 3:24 PM

ရန်ကုန်၊ သြဂုတ် ၅

၎.၈.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း အောင်ကိုဝင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ၂စ/---- ကင်တာအမျိုးအစား
(ကိုယ်ပိုင် ယာဉ်)သည် မြန်မာ့အသံဝင်းရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိ ကာ ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ ကိုတင်ဇော်မင်း (ဘ)ဦးတင်အုန်း၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ၈ဆ/---- လိုက်ထရပ်(ကိုယ်ပိုင်ယာဉ်)နှင့် နောက်ဘက်မှ ကိုအောင်ဝင်း မောင်းနှင်လာသည့် ၃စ/---- ဟိုင်းလတ်ဆပ်(ကိုယ်ပိုင်ယာဉ်)တို့အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးနှင့် ပန်းခုံများပျက်စီးခဲ့ပြီး ၂စ/---- ယာဉ်ပေါ်ပါ ရွှေပြည်သာမြို့နယ် နေသူများဖြစ်သည့် ကိုရဲ (ဘ)ဦးဇော်လင်း၊ ကိုမင်းဇယ်ရူး (ဘ)ဦးဖိုးရူး၊ ကိုကျော်သက်နိုင် (ဘ)ဦးစိန်ဝင်း၊ ကိုဇော်မင်းထက် (ဘ)ဦးတင်အုန်းနှင့် ၈ဆ/---- ယာဉ် ပေါ်ပါ ယာဉ်မောင်း ကိုတင်ဇော်မင်းတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်း/အပြင်လူနာများအဖြစ် ကုသလျက်ရှိပြီး၊ ၈ဆ/---- ယာဉ်ပေါ်ပါ ကိုအောင်လင်းစိုး (စိစစ်ဆဲ)မှာ နဖူးစုတ်ပြဲ၊ ၀ဲနားသွေးထွက်၊ ၀ဲခြေ၊ လက်ဖျံတို့တွင် ဖူးရောင်ဒဏ်ရာ များရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ၂စ/---- ကင်တာအမျိုးအစား ယာဉ်မောင်း အောင်ကိုဝင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေးသွားခဲ့သဖြင့်
၎င်းအား ကမာရွတ်မြို့မရဲစခန်းယာဉ်(ပ)၄၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇ /၃၃၈/၃၀၄-က/၂၀၂ ဖြင့်အရေးယူ ထားရှိပြီး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police