Home » » သစ်ထုတ်လုပ်မှု မလျော့ပါက ချင်းဒေသခံများ ဆန္ဒပြဖွယ်ရှိဟု ပြည်နယ်သစ်တော သတ္တုဝန်ကြီးပြောကြား

သစ်ထုတ်လုပ်မှု မလျော့ပါက ချင်းဒေသခံများ ဆန္ဒပြဖွယ်ရှိဟု ပြည်နယ်သစ်တော သတ္တုဝန်ကြီးပြောကြား

Written By Unknown on Friday, August 16, 2013 | 4:48 PM

ချင်းပြည် နယ်တွင် သစ်ထုတ်လုပ်မှုများ မလျှော့ချပါက ဒေသခံပြည်သူ များက ကန့်ကွက်တော့မည်ဖြစ် ကြောင်း သစ်တောနှင့် သတ္တု ဝန်ကြီး ဦးကျေ...ာ်ငြိမ်းက ပြော သည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် အဆိုပါ ဒေသ အတွင်းမှ ကျွန်းသစ် နှင့် သစ်မာတန်ချိန်စုစုပေါင်း ၄၀၀၀ ထုတ်ယူခဲ့ရာ ထပ်မံ၍ ယင်းသို့ သစ်ဆက်လက်ထုတ်ယူ မည်ဆိုပါက ဒေသခံများက ကန့် ကွက်တော့မည်ဖြစ်သည်။

ဦးကျော်ငြိမ်းက ''အခု ဘဏ္ဍာနှစ်မှာတော့ သစ်ထုတ် လုပ်မှုကို လျှော့ချမှကိုဖြစ်တော့ မယ်။ ပြည်ထောင်စုအစိုးရကလဲ လျှော့ချမယ်လို့ပြောထားတယ်။ မလျှော့ချရင်လဲ ဒေသခံတွေ ဆန္ဒ ပြမယ့် သူတွေရှိနေပြီ''ဟု ပြော သည်။ ချင်းပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့ရှိ သစ် တောများမှ သစ်များ ကို ထုတ်ယူ သုံးစွဲနေသော်လည်း ပြည်နယ်အ တွက် အကျိုးအမြတ်မည်မျှရရှိ သည်ကိုမူ မသိရကြောင်း ဒေသခံ များက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ချင်း ပြည်နယ်ဒေသခံတစ်ဦးက ''ကျွန် တော်တို့ပြည်နယ်ကနေ သစ်တွေ တစ်နှစ်တစ်နှစ် ထုတ်ယူနေတာ ဘယ်လောက်ရှိပြီဆိုတာ ကျွန် တော်တို့ ဘာမှမသိရဘူး။ ကျွန် တော်တို့က သစ်တောတွေကို အမှီပြုနေကြရတယ်။ အခု နောက် ပိုင်း သစ်တောက ပိုပြီးအရေး ကြီးလာပြီး ရာသီဥတုပြောင်းလဲ မှုကို ခံစားရတာ ကျွန်တော်တို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေ ပါပဲ''ဟု ပြောသည်။ ယခုဘဏ္ဍာနှစ်တွင် သစ် တန်ချိန်မည်မျှထုတ်လုပ်မည်ကို မူ ညွှန်ကြား ချက်မရရှိသေး ကြောင်း ပြည်နယ်သတ္တုဝန်ကြီး က ထပ်မံပြောသည်။ နိုင်ငံတော်အနေဖြင့် သစ် ထုတ်လုပ်မှုကို လာမည့်နှစ်တွင် လျှော့ချသွားမည်ဖြစ်ပြီး သစ်လုံး တင်ပို့မှုကို ၂၀၁၄ခုနှစ် မတ်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရ သည်။

အောင်အောင်
Yangon Media Group