Home » » အသက် ၁၂၃ နှစ်ရှိ ဘိုလီးဗီးယားနိုင်ငံသား ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ဖွယ်ရှိ

အသက် ၁၂၃ နှစ်ရှိ ဘိုလီးဗီးယားနိုင်ငံသား ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ဖွယ်ရှိ

Written By Unknown on Wednesday, August 21, 2013 | 11:25 AM

ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိ လူများအနက် အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်ယူရဖွယ်ရှိသည့် လူသားတစ်ဦးရှိနေပြီဖြစ်သည်။၎င်းမှာ ဘိုလီးဗီးယားနိုင်ငံရှိ အင်းဒီးတောင် တန်းဒေသတွင် နေထိုင်ပြီး ကိုကာရွက် များကို ဝါးလေ့ရှိကာ မီးပုံဘေး၌ ချက် ပြုတ်စားသောက်သူ ကာမီလိုဖလိုရီးစ်လူရာ ဆိုသူဖြစ်သည်။

၎င်းသည် ယခု အခါ အသက် ၁၂၃နှစ် ရှိပြီး အတည် ပြုနိုင်မည်ဆိုပါက ကမ္ဘာ့အသက် အကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင် မည်ဖြစ်သည်။ ဖလိုရီးစ်လူရာသည် ၁၈၉၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက် တွင် မွေးဖွားခဲ့သူဖြစ်ကြောင်း ၎င်း၏အစိုးရ မှတ်ပုံတင်ကတ်ပြားအရ သိရသည်။

ဘိုလီးဗီးယားနိုင်ငံ မျိုးနွယ်စုများ ရွေးကောက်ပွဲအဖွဲ့က ၎င်း၏အသက် ကို အတည်ပြုခဲ့သည်ဟု ဆိုသည်။ ၎င်းသည် ဖရာစကျူရာပြည်နယ်တွင် လယ်သမားတစ်ဦးအဖြစ် အသက်မွေး ခဲ့သည်ဟု အဆိုပါရုံးမှ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ အဆိုပါ ဘိုလီးဗီးယားနိုင်ငံသားအား အသေးစိတ်လေ့လာပါက ၎င်းသည် ရိုက်စ်ညီနောင်တို့၏ ကစ်တီဟော့ လေယာဉ်မပျံသန်းမီ ၁၃ နှစ်ခန့်၊ ပြင်သစ်စစ်ဗိုလ်ချုပ် ချားလ်စ်ဒီဂေါနှင့် ဗီယက်နမ်တော် လှန်ရေးခေါင်းဆောင် ဟိုချီမင်းတို့မမွေးဖွားမီ ၁၃ နှစ်ခန့် အလိုတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းမှတ်ရာများအရ သိရသည်။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း အလို အရ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် အဖြစ် မှတ်တမ်းဝင်ခဲ့ သူမှာ ပြင်သစ် နိုင်ငံသူ ဂျင်နီးကောလ်မက်ဖြစ်ပြီး ၎င်းမှာ အသက် ၁၂၂ အရွယ် ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးဖြစ်သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း