Home » » လယ်ယာလုပ်ငန်းခွင်၌ ပဋိဇီဝဆေးဝါးများ လွန်ကဲစွာ သုံးစွဲလာသည့် အတွက် လယ်ပုဇွန်လုံးများ လျော့နည်းလာ

လယ်ယာလုပ်ငန်းခွင်၌ ပဋိဇီဝဆေးဝါးများ လွန်ကဲစွာ သုံးစွဲလာသည့် အတွက် လယ်ပုဇွန်လုံးများ လျော့နည်းလာ

Written By Unknown on Sunday, August 11, 2013 | 6:43 PM

ယင်းမာပင်၊ သြဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်သည် မြေအောက်ရေလျှံတွင်းများမှ ထွက်ရှိလာသော စိုက်ပျိုးရေများကို အဓိကအား၍ ရာသီမရွေး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ လယ် ယာလုပ်ငန်းခွင်၌ ပဋီဇီဝဆေးဝါးများ လွန်ကဲစွာ အသုံးပြုလာသည့်အတွက် ယလ်ပုဇွန်လုံးများ လျော့နည်းလာ လျက်ရှိကြောင်း လယ်ငေါက်ကျေးရွာနေ ဒေသခံတောင်သူကြီး တစ်ဦးမှ ပြောပြသည်။

“ ဓာတ်မြေသြဇာကနေ ထွက်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ လယ်ယာသုံး ပဋီဇီဝ ဆေးဝါးတွေကြောင့် လယ်ပုဇွန်လုံးတွေ လျော့နည်းလာရခြင်းဖြစ်ပါတယ်..” ဟု ၎င်း တောင်သူကြီးမှ ဆက်လက်၍ ပြောပြသည်။

အထက်အညာဒေသသည် လယ်ပုဇွန်လုံးများကို တောင်သူဟင်းလျားဟု ခေါ်ဝေါ်လေ့ရှိပြီး ရိုးရာဓလေ့အရ လယ်စိုက်ရာသီချိန်တွင် ပုဇါန်လုံးဟင်းရေချိုသည် လယ်တောပွဲများ၏ ထမင်းစားဝိုင်းများတွင် အဓိက ဟင်းလျား များဖြစ်ခဲ့ရသော်လည်း ယခုအခါ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသုံး ပဋီဇီဝ ဆေးဝါးသုံးခြင်းများပြားလာသည့် အတွက် လယ်ပုဇွန်မျိုးစိတ်များ ပျက်သုဉ်းစေရကာ ယခုနှစ်တွင် လယ်ပုဇွန်လုံးများ လျော့နဲ ရှားပါးလာရခြင်းဖြစ် ကြောင်း ဒေသခံတောင်သူများမှ ပြောပြသည်။

လယ်ပုဇွန်လုံးများသည် ပြည်ပဈေးကွက်ဝင် ကုန်စည်မဟုတ်သော်လည်း ဒေသသုံး ဟင်းလျာစားသောက် ကုန်စည်အဖြစ် ရောင်းချလျက်ရှိရာ ပုဇွန်လုံးတစ်လုံးလျင် ၃၀ ကျပ်ခန့်ရှိကြောင်း သိရသည်။

သတင်း+ ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)