Home » » ခရီးသွားများ၏ အသက်ဘေးအန္တရာယ်အား သက်ဆိုင်ရာမှ တာဝန်ယူပေးစေလို

ခရီးသွားများ၏ အသက်ဘေးအန္တရာယ်အား သက်ဆိုင်ရာမှ တာဝန်ယူပေးစေလို

Written By Unknown on Sunday, August 11, 2013 | 6:36 PM

မုံရွာ၊ သြဂုတ် ၉ ရက်နေ့

ရေယာဉ်၏ခေါင်မိုးပေါ်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများတင်ဆောင်ခြင်းမပြုရဟု ရေကြောင်းပို့ဆောင်ရေး အက်ဥပဒေ ပုဒ်မ ၆၃ (ဂ) အရ သက်ဆိုင်ရာမှ သတ်မှတ်ပြဌာန်းပေးထားသော်လည်း ချင်းတွင်းမြစ်ကြောင်း အတွင်း နေ့စဉ်ပြေးဆွဲသွားလာလျက်ရှိသော ရေယာဉ်များသည် ရေယာဉ်၏ခေါင်မိုးပေါ်၌ ခရီးသည်များနှင့် ကုန် ပစ္စည်းများကို တင်ဆောင်ပြေးဆွဲလျက်ရှိကြောင်း မုံရွာမြို့ခံ မြို့မိမြို့ဖ တစ်ဦးမှ ပြောသည်။

ရေယာဉ်၏ခေါင်မိုးပေါ်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများတင်ဆောင်ပြေးဆွဲခြင်းသည် ရေယာဉ်၏ တည်ငြိမ် မှုကို ပျက်ပြားစေပြီး ရေယာဉ်တိမ်းမှောက် နစ်မြုတ်နိုင်သည့်အတွက်ကြောင့် ၎င်း အက်ဥပဒေပုဒ်မကို သတ်မှတ်ပြ ဌာန်းပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

“ ရေကြောင်း အက် ၆၃ (ဂ) ပုဒ်မကို လိုက်နာရန် ပျက်ကွက်တယ်ဆိုခဲ့ရင် ရေယာဉ်ပိုင်ရှင်နဲ့ ရေယာဉ်အုပ်တို့ကို ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ အရေးယူအပြစ်ပေးနိုင်ပါတယ်..” ရေကြောင်း ဥပဒေ ပညာရှင် တရားလွှတ်တော် ရှေ့နေကြီး တစ်ဦးမှ ပြောသည်။

ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင် အမြန်ရေယာဉ်များသည် ခရီးသည်သီးသန့် တင်ဆောင်ပြေးဆွဲခြင်း မဟုတ်ဘဲ ကုန်ပစ္စည်းများကိုပါ တင်ဆောင်ပြေးဆွဲခြင်းဖြစ်သည့်အတွက် မုံရွာမြို့ သလ္လာဝတီ နိုင်းတူးနိုင်း ဆိပ် ကမ်းတွင် ကုန်တင်ရေယာဉ်ပိုင်ရှင်ကြီးများနှင့် ခရီးသည်တင် ရေယာဉ်ပိုင်ရှင်ကြီးများသည်လည်း မကြာခဏ အငြင်းပွား စကားများလေ့ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ချင်းတွင်းမြစ်ကြောင်း၌ ရေယာဉ်တိမ်းမှောက်ခဲ့သည်မှာ လေးကြိမ်ခန့်ရှိသည့်အတွက် ကြောင့်လည်း ရေးလမ်းခရီးသွား ခရီးသည်များမှလည်း ရေယာဉ်ခေါင်မိုးပေါ်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများ တင်ဆောင်ပြေဆွဲနေခြင်းအပေါ် စိုးရိမ်မကင်းဖြစ်လာရသည်ဟု မုံရွာ - ဟုမ္မလင်း ခရီးစဉ်အား စီးနင်းလိုက်ပါမည့် ကျောင်းဆရာ ဦးသန်းဦးမှလည်း ၎င်း စိုးရိမ်ပူပန်မှုများကို ပြောဆိုသည်။

“ ကုန်တင်ရေယာဉ် တိမ်းမှောက်နစ်မြုတ်တယ်ဆိုခဲ့ရင် အလွန်ဆုံး ဆုံးရှုံးလှ ကုန်ပစ္စည်းပဲပေါ့..။ ခရီးသည် တင်ရေယာဉ် တိမ်းမှောက်နစ်မြုတ်ပြီးဟေ့ဆိုရင်တော့ အသက်တွေဆုံးရှုံးရတဲ့အပြင် အိမ်မှာကျန်ရစ်ခဲ့တဲ့ မိသားစု ဘ၀တွေဟာလည်း အများအားဖြင့်တော့ ပျက်စီးပြီးကျန်ခဲ့ရတာပါ.။ အဲ့ဒါကြောင့်မို့ ဘယ်ရေယာဉ်မဆို သတ်မှတ် စည်ကမ်းတွေလိုက်နာပြီး ပြေးဆွဲစေခြင်ပါတယ်။ သက်ဆိုင်ရာကလည်း ရေယာဉ်တွေအပေါ်မှာ စည်းကမ်းလိုက် နာမှုရှိမရှိဆိုတာ မျက်ချေမပြတ်လေ့လာစောင့်ကြည့်ပေးသင့်ပါတယ်..” ဟု တိုင်းဒေသကြီးလွှတ်တော်သို့ ရေလမ်း ခရီးဖြင့် သွားလာနေရသည့် ချင်းတွင်းဒေသရှိ လွှတ်တော်အမတ်မင်းတစ်ဦးမှလည်းပြောပြသည်။

အဆိုပါ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဆဌမ ပုံမှန်အစည်းဝေး ကျင်ပပြုလုပ်သည့် ပဉ္စမနေ့(၆.၈.၂၀၁၃)ရက်နေ့တွင် ခန္တီမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်၏ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြမောင်းမှ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာ နိုင်ရေးအတွက်ပုဂ္ဂလိပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး