Home » » အိန္ဒိယတွင် ဓာတ်ပုံသတင်းထောက် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

အိန္ဒိယတွင် ဓာတ်ပုံသတင်းထောက် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

Written By Unknown on Friday, August 23, 2013 | 7:07 PM

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အသက် ၂၃ နှစ်အရွယ် ဓာတ်ပုံသ တင်းထောက် အမျိုးသမီးအား လူ ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။ သူမသည် ကြာသပတေးနေ့ ညနေပိုင်းက သတင်းဓာတ်ပုံအတွက် မွမ်ဘိုင်းမြို့အလယ်ပိုင်းရှိ Parel အရပ်ဒေသတွင် တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်တိုက်ခိုက် မုဒိမ်းကျင့်ခံရခြင်းဖြစ်သည်။ ဓာတ်ပုံသတင်းထောက် အမျိုးသမီးမှာ သူမ၏ ယောက်ျားလေးသူငယ်ချင်း တစ်ဦးနှင့်အတူ အဆိုပါနေရာသို့ သွာရောက်ခဲ့ခြင်းဖြစ်ပြီး သူငယ် ချင်းဖြစ်သူယောက်ျားလေးမှာလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်သူများ၏ ရိုက်နှက်မှုကို ခံခဲ့ရသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် ဓာတ်ပုံသတင်းထောက် အမျိုးသမီးမှာ ဒဏ်ရာများဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရသည်။ သူမသည် မွမ်ဘိုင်းအခြေစိုက် အင်္ဂလိပ်ဘသာဖြင့် ထုတ်ဝေသေ မဂ္ဂဇင်းတစ်စောင်၏ ဓာတ်ပုံသတင်းထောက်ဖြစ်ကြောင်း BBC က ဖော်ပြသည်။ ယခုဖြစ်ရပ်နှင့် ဆက်စပ်၍ သံသယံရှိသူ ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

Planet Myanmar Network