Home » » တနင်္သာရီတွင်လည်း ရေကြီးနေ

တနင်္သာရီတွင်လည်း ရေကြီးနေ

Written By Unknown on Thursday, August 1, 2013 | 10:50 AM

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် တနင်္သာရီမြို့ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ တနင်္သာရီအထကကျောင်း ၀င်းတို့အတွင်း ရေ သုံးပေခွဲမှသည် တစ်ပေခွဲအထိ မြင့်တက်လျက် ရှိနေသည်။

ချောင်းကြီးရပ်ကွက် ရွှေလိပ်ပြာလမ်း (အဝေးပြေးကားဂိတ်) အနီး နေရာတွင် ၃.၅ ပေခန့်၊ ချောင်းငယ်ရပ်ကွက် မွန်စုသီတာလမ်းတွင် ၃ ပေခန့်နှင့် အထက (တနင်္သာရီ) ကျောင်းဝင်းအတွင်းတွင် ၁.၅ ပေခန့် မြင့် တက်နေခြင်း ဖြစ်သည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးများ အဆက်မပြတ် ရွာသွန်းခြင်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲမှ မြစ်ဖျားခံသည့် တနင်္သာရီမြစ် ရေစီးသန်ခြင်းတို့ကြောင့် ဇူလိုင် ၃၁ မွန်းတည့် ၁၂ နာရီ အချိန်တွင် တ နင်္သာရီမြစ်၏ မြစ်ရေသည် သာမန်မြစ်ရေအထက် ၂၀ ပေ မြင့်တက်လျက် ရှိသည်။

ဒေသအာဏာပိုင်များမှ အဆိုပါမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေနိုင်ရေးအတွက် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နောက်ဆုံး ရရှိသည့် သတင်းများအရ ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် မြင့်တက်လျက်ရှိပြီး ဘားအံမြို့မှာ စိုးရိမ်ရေမှတ် သုံးပေခွဲခန့် ကျော်လွန်လျက်ရှိသည်။ အလားတူ ဧရာဝတီတိုင်းအတွင်း င၀န် မြစ်ရေသည် မြင့်တက်လျက်ရှိပြီး ငါးသိုင်းချောင်းမြို့ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ကျော်လွန်နေသည်။ စစ်တောင်း မြစ်ရေသည်လည်း မြင့်တက်လျက် ရှိကာ မဒေါက်မြို့နှင့် ရွှေကျင်မြို့တို့၏ စိုးရိမ်ရေမှတ်အ ထက် သုံးပေခွဲခန့် ကျော်လွန်လျက်ရှိသည်။

Mizzima - News in Burmese