Home » » ဧရာဝတီတိုင်းနှင့် ဒေသအချို့တွင် လယ်ရေမြုပ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း တွင် မိုးမရ၍ လယ်လုပ်ရန်ခက်ခဲ

ဧရာဝတီတိုင်းနှင့် ဒေသအချို့တွင် လယ်ရေမြုပ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း တွင် မိုးမရ၍ လယ်လုပ်ရန်ခက်ခဲ

Written By Unknown on Monday, August 5, 2013 | 4:38 PM

ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် လယ်ဧက များ ရေနစ်မြုပ်နေကာ စပါးခင်း များပျက်စီးသကဲ့သို မြန်မာနိုင်ငံ အလယ်ပိုင်းအတွင်း ရွှေဘိုနှင့် ဝက် လက်ဒေသများတွင် မိုးခေါင်ကာ ဆည်ရေကိုသာ အားပြုစိုက်ပျိုး နေရခြင်းကြောင့် လယ်စိုက်ဧက ထက်ဝက်နီးပါး လျော့နည်းနေ ကြောင်း သိရသည်။

အလယ်ပိုင်းဒေသများအ တွင်း မုတ်သုံလေအဝင်နောက်ကျ နေသည့်အပြင် အထွက်စောနေ ခြင်းကြောင့် လယ်သမားများစိုက် ပျိုးရန် ခက်ခဲနေသည်။ အောက် ပိုင်းနှင့်နီးသော ဒေသများတွင် မုတ်သုံအား ကောင်းခြင်းကြောင့် မိုးရွာသွန်းမှုများ၍ ရေလွှမ်းခံရ သဖြင့် စိုက်ပျိုးပြီး လယ်ယာဧက တစ်သိန်းကျော် ရေနစ်မြုပ်မှုကို ခံစားနေကြရသည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းထံ မှသိရသည်။

မြန်မာနိုင်ငံ တောင်သူလယ် သမားအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက''အခုကဧရာဝတီတို့ မှာ ရေကြီးတာတင် မဟုတ်ဘူး။ တစ်နိုင်ငံလုံးလိုလို ဖြစ်နေတာ။ အထက်အညာဒေသဆိုရင် ရေမရ လို့စပါးစိုက်လို့မရဘဲ လယ်သမား တွေ အခက်အခဲတွေ့နေရတယ်။ စာရင်းဇယားအရပြောမယ်ဆိုရင် အတိအကျပြောလို့မရဘူးဆိုပေ မယ့် ကျွန်တော်တို့အသင်းနဲ့ဆက် သွယ်နေတဲ့ဒေသခံလယ်သမား တွေရဲ့ ပြောပြချက်အရဆိုရင် ဧရာ ဝတီဘက်မှာ စိုက်ဧက ၉၀၀၀၀ ကျော်တယ်။ တခြားမြို့နယ်တွေ ဖြစ်တဲ့ကွမ်းခြံကုန်းဆိုရင် ၃၀၀၀၀ ကျော်တယ်''ဟု ပြောသည်။

ယင်းက ဆက်လက်ပြောဆို ရာတွင် အဆိုပါမိုးခေါင်ရေရှား၍ လယ်မလုပ်ရသူနှင့် ရေလွှမ်းခံလယ် သမားများအတွက် စိုက်ချေးငွေ များခက်ခဲမှုဖြစ်နိုင်သည့်အတွက် မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းမှာ မြန်မာနိုင်ငံဆန်စပါး အများပိုင်ကုမ္ပဏီ၏ ချေးငွေဖြင့် မျိုးစပါးနှင့် ဓာတ်မြေဩဇာကူညီ ပေးရန်ဆောင်ရွက်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ရွှေဘိုခရိုင်အတွင်းရှိ လယ် သမားတစ်ဦးက ပြောဆိုရာတွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် လယ်ဧကထက်ဝက်နီးပါးခန့် လျော့ နည်းစိုက်ပျိုးခဲ့ရကြောင်း၊ မိုးရေ အားကိုး၍မရခြင်းကြောင့် ဆည် ရေကို မှီခိုနေရကြောင်း၊ နွေစပါး အထွက် လျော့နည်းကာ စပါးဈေး မှာ လွန်ခဲ့သောနှစ်နှစ်ဝန်းကျင်မှ စတင်မြင့်တက်နေသော်လည်း ရေ အခက်အခဲကြောင့် စိုက်ဧကတိုး ချဲ့နိုင်ခြင်းမရှိကြောင်း ယင်းက ပြောသည်။
ရွှေဘိုခရိုင်တွင် ယခုနှစ် နွေ စပါးစိုက်ဧက ၇၀၀၀၀ ဝန်းကျင် တွင် ၃၅၀၀၀ လောက်သာ စပါး စိုက်ပျိုးနိုင်ခဲ့သည့်အပြင် ပဲနှမ်း အထွက်မှာလည်း သိသာစွာကျ ဆင်း၍ ပျက်စီးဆုံးရှုံးမှုများရှိနေ ကြောင်း၊ တစ်နှစ်လုံးအတိုင်းအတာ ဖြင့် မိုးနှစ်ကြိမ်ခန့် ရွာသွန်းကြောင်း ဝမ်းတွင်းမြို့နယ်မှ တောင်သူတစ် ဦးထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ရေ ကြီးမှု ဒဏ်ခံနေရသော ဒေသများ ဖြစ်သည့် ဧရာဝတီ၊ ပဲခူး၊ တနင်္သာ ရီ၊ မွန်၊ ကရင်၊ ရခိုင်ဒေသများတွင် မုတ်သုံလေ ဆက်လက်အား ကောင်းနိုင်ခြင်းကြောင့် သုံးရက် အတွင်း မိုးပိုရွာသွန်းကာ ရေကြီး အန္တရာယ်ကျရောက်နိုင် ကြောင်း မိုလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောဆို ထားသည်။

ရေကြီးလယ်နစ်မြုပ်ဧက များအနေဖြင့် ရခိုင်ပြည်နယ် မင်း ပြား၊ မြောက်ဦး၊ ကျောက်တော် မြို့နယ်များရှိ လယ်ဧက ၇၀၀၀၀ ကျော်၊ မွန်ပြည်နယ်အတွင်း လယ် ဧက ၄၀၀၀ ဝန်းကျင်၊ ဧရာဝတီ တိုင်းအတွင်း လယ်ဧက၉၀၀၀၀ ကျော်၊ ရန်ကုန်တိုင်းအတွင်း ကွမ်း ခြံကုန်းမြို့နယ်တွင် ဧက ၃၀၀၀၀ ကျော် ရေများဝင်ရောက်နေကြောင်း သိရသည်။

ချိုချိုးသန်း
ရန်ကုန် ၊ သြဂုတ် (၄)
ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yagon Media Group