Home » » အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်

အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်

Written By Unknown on Friday, August 16, 2013 | 10:18 PM

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ရေးသားခဲ့တဲ့ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့ မြို့မိမြို့ဖတွေထံ ဒီနေ့ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ် ပျက်စီးသွားမှာစိုးလို့ မိမိအနေနဲ့ စနစ်တကျ ထိန်းသိမ်းပေးခဲ့တာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌက ဒီနေ့နေပြည်တော်မှာကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ရဲ့လက်ရေးမူစာအုပ်နဲ့ ပတ်သက်ပြီး ပြေပြေလည်လည်ဖြစ်ကြဖို့ တိုက်တွန်းကြောင်း သမိုင်းတန်ဖိုးနဲ့အညီ ထိန်းသိမ်းသွားနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ရေနံချောင်းမြို့ မြို့မိမြို့ဖတွေကလည်း အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ သူ့ရဲ့ ရေနံချောင်းမြို့ ခရီးစဉ်အတွင်း ရေနံချောင်း အထက (၁) မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူစာအုပ်ကို ယူဆောင်ခဲ့တာပါ။

ဒီစာအုပ်ပြန်လည်ပေးအပ်တဲ့ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရေနံချောင်းမြို့က မြို့မိမြို့ဖတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese