Home » » မြန်မာဓါတ်ငွေ့ တရုတ် ဓါတ်ငွေ့ထက် ဈေးသက်သာမည်

မြန်မာဓါတ်ငွေ့ တရုတ် ဓါတ်ငွေ့ထက် ဈေးသက်သာမည်

Written By Unknown on Saturday, August 17, 2013 | 9:49 AM

တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ ပိုက်လိုင်းကတဆင့် တင်သွင်းမယ့် သဘာဝဓာတ်ငွေ့ဈေးနှုန်းဟာ တရုတ်နိုင်ငံတွင်းမှာ ပေါ်ပေါက်နေတဲ့ ဓာတ်ငွေ့ဈေးနှုန်းထက်ပိုပြီး ဈေးသက်သာဖွယ်ရှိတယ်လို့ တရုတ်ဓါတ်ငွေ့ ဦးပိုင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လက်ရှိ ယူနန်ပြည်နယ်ဈေးကွက်မှာ အသုံးပြုနေတဲ့ သဘာဝဓာတ်ငွေ့ရည်ဟာ တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းဒေသတွေကနေ မှာယူရတာဖြစ်တဲ့အတွက် ဈေးနှုန်းပိုကြီးနေတယ်လို့ ဆိုပါတယ်။ အခုနှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် ရှေ့နှစ်ဆန်းပိုင်းလောက်မှာ မြန်မာနိုင်ငံက ဓာတ်ငွေ့တင်ပို့မှု ပိုများလာရင် ယူနန်ပြည်နယ်မှာ အခုထက်ပိုပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ဓာတ်ငွေ့တွေ ဖြန့်ဖြူးနိုင်မယ့်အကြောင်း ဟောင်ကောင်အခြေစိုက် တရုတ်ဓာတ်ငွေ့ ဦးပိုင်ကုမ္ပဏီ ပြောခွင့်ရသူက ပြောပါတယ်။

ရခိုင်ကမ်းလွန်ပင်လယ်မှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ဇူလိုင်လလယ်ပိုင်းက ဓာတ်ငွေ့ပိုက်လိုင်းကနေ စတင်ပို့လွှတ်နေတာပါ။ မြန်မာအစိုးရဟာ တရုတ်နိုင်ငံ CNPC ကုမ္ပဏီကို တစ်နေ့ သဘာဝဓာတ်ငွေ့ ကုဗပေ ၄ သိန်းနှုန်းနဲ့ နှစ်ပေါင်း ၃ဝ ရောင်းချပေးဖို့ သဘောတူစာချုပ်ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

RFA Burmese