Home » » တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်(မင်္ဂလာဒုံ) သင်တန်းသား/သူ (၃၇) ဦး ကျောင်းထုတ်ခံရ

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်(မင်္ဂလာဒုံ) သင်တန်းသား/သူ (၃၇) ဦး ကျောင်းထုတ်ခံရ

Written By Unknown on Wednesday, August 14, 2013 | 7:54 PM

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် မင်္ဂလာဒုံတွင် သင်တန်း တက်ရောက် လျက်ရှိသည့်  သူနာပြုမဟာသိပ္ပံဘွဲ့  သင်တန်းအမှတ်စဉ်(၈) မှ သင်တန်းသား/သူ  (၃၇) ဦးကို တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံး၏ အမိန့် ဟုဆိုကာ ခိုင်လုံသော အကြောင်းပြချက် မရှိပဲ ကျာင်းထုတ်ခံခဲ့ရ ကြောင်း သိရပါသည်။

အဆိုပါ သင်တန်းသား/သူ  (၃၇) ဦးတို့ သည် ၂၀၁၃ ဖေဖော်ဝါလတွင် ကျင်းပခဲ့ သော ၀င်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ကာ ၆ လ ကျော် သင်တန်း တက်ရောက်ခဲ့ ပြီးမှ အခုလို ထုတ်ပယ်ခံရခြင်း ဖြစ်ပါတယ်။

တပ်မတော် သူနာပြု နှင့် ဆေးဘက်ပညာ တက္ကသိုလ်မှ သူနာပြု မဟာ သိပံဘွဲ့ သင်တန်း အမှတ်စဉ် ၈
ဝင်ခွင့် ရေးဖြေ စာမေးပွဲအား ၁၈.၂.၂၀၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး  လူတွေ့နှုတ်ဖြေ စာမေးပွဲအား ၂၂.၂.၂၀၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်၊

ဝင်ရောက်ဖြေဆိုသူ  ၅၆၈ ဦးထဲ မှ အောင်မြင်သူ ၆၄ ဦး အောင်စာရင်းအား ၂၀.၂.၂၀၁၃ နေ့တွင် ထုတ်ပြန်ခဲ့သည်။ သင်တန်း အမှတ်စဉ် ၈ အား သူနာပြု အရာရှိ ၂၃ ဦး နှင့် သူနာပြု ၄၁ ဦး ပေါင်း ၆၄ ဦးဖြင့် ၁၈.၃.၂၀၁၃ နေ့တွင် စတင် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်။

သင်တန်းတက်နေစဉ် ကာလအတွင်း သင်တန်း ၀င်ခွင့် စာမေးပွဲတွင် မသမာမှုများ (မေးခွန်း ရောင်း/၀ယ် မှု၊ ပေါက်ကြားမှု၊ လာဘ်ပေးလာဘ်ယူမှု) ရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါသည်။ 

အဆိုပါ လာဘ်ပေးလာဘ်ယူမှု ဖြစ်စဉ်အား ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး (တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ရုံး၊ ကာကွယ်ရေး ၀န်ကြီးဌာန) ဦးဆောင်သောအဖွဲ့မှ ဖြစ်စဉ် မှန်ကန်မှု ရှိမရှိ လာရောက် စစ်ဆေး ဖော်ထုတ်ခဲ့ပါသည်။

သို့ သော် ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး၊ စစ်ဆေးဖော်ထုတ်ရာတွင် တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်း မရှိပါ။

အထက်ပါဖြစ်စဉ်နှင့် ဆက်စပ်သော အကြောင်းရင်း တစ်စုံတစ်ရာ၊ စစ်ဆေးမေးမြန်ခြင်း မပြုလုပ်ဘဲ၊ ထုတ်ပယ်ခံရသော သင်တန်းသား ၃၇ ဦးအား သင်တန်း ဆက်လက် တက်ရောက်ရန်  အကျုံးမ၀င်ဟု ၉.၈.၂၀၁၃ နေ့တွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံးမှ အမိန့်ထုတ်ပြန်ပြီး၊ မိခင်တပ်ရင်
အသီးသီးသို့ ပြန်လည် စေလွှတ်ခဲ့ပါသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် သူနာပြု မဟာသိပံဘွဲ့ သင်တန်းအမှတ်စဉ် ၈ ၀င်ခွင့် အောင်စာရင်းကို စာပေဦးစီး အရာရှိ လက်ထောက် စာပေညွှန်ကြားရေးမှူး စာပေပါမောက္ခချုပ် ဒုတိယကျောင်းအုပ်ကြီး၊ ကျောင်းအုပ်ကြီး၊ နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကာကွယ်ရေး
ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ အဆင့်ဆင့် စိစစ်ပြီး အောင်စာရင်း အား ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်ပါသည်။

သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း သင်တန်းသား ၆၄ ဦး အနက်မှ ၃၇ ဦးသည် သင်တန်း စည်းကမ်းများ တစ်စုံတစ်ရာ ချိုးဖောက်ခြင်းမရှိဘဲ သင်တန်း ဆက်လက်တက်ရောက် ရန် အကျုံးမ၀င် ဟု အမိန့်ထုတ်ပြန်ပြီး မိခင်တပ်ရင်းသို့ ပြန်လည်စေ လွှတ်ခြင်းသည် လုံးဝ (လုံးဝ) တရားမျှတမှု မရှိကြောင်း ကျောင်းထုတ်ခံရသည့် သင်တန်းသား/သူ များက Myanmar News Now ကိုပြောပါသည်။

ထို့ အပြင် နစ်နာသွားသော သင်တန်းသား/သူ  (၃၇) ဦး တို့ အတွက် သက်ဆိုင်ရာမှ ပြန်လည်စီစစ် အရေးယူ ဆောင်ရွက်ပေးပါရန် ကျောင်းသားမိဘများကလည်း တောင်းဆို ပြောကြားထားပါသည်။

by သစ်ထူးလွင်